ကြွက်သားတွေ ဒဏ်ဖြစ်တယ်ဆိုတာ
ကြွက်သားဒဏ်ဖြစ်ခြင်းဆိုတာဟာ တစ်နေရာတည်းကို ထပ်ခါထပ်ခါ ထိခိုက်မိပြီး ကြွက်သားတွေ ဒဏ်ရာရခြင်းကို ဆိုလိုပါတယ်။
ကိုယ်နေဟန်မမှန်ပဲ အကြာကြီး နေမိတာ၊ အဆစ်လွဲတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အလုပ်တစ်ခုတည်းကိုပဲ အကြာကြီး ထပ်ခါထပ်ခါ လုပ်ကိုင်ရသူတွေမှာလည်း တွေ့နိုင်ပါတယ်။ ဂီတတီးမှုတ်သူတွေမှာ ဒီလိုဒဏ် အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာလည်း တွေ့နိုင်သလို အားကစားသမားတွေမှာလည်း အများအပြား တွေ့နိုင်ပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုတစ်ခုတည်းကို လှုပ်ရှားမှု ပုံစံတစ်မျိုးတည်းနဲ့ ပြုလုပ်ရတဲ့ အားကစားတွေဖြစ်တဲ့ တင်းနစ်၊ ဘေ့စ်ဘော၊ ဂေါက်၊ မာရသွန်ပြေးခြင်း စတဲ့ အားကစားတွေမှာ ဒဏ်ဖြစ်နိုင်ပါတယ်။
>> လက္ခဏာများ
အစပိုင်းမှာတော့ လှုပ်ရှားမှ နာကျင်တတ်ပြီး နားလိုက်တာနဲ့ သက်သာသွားတတ်ပေမယ့် ကြာလာတဲ့အခါ နားနေတဲ့အခါမှာတောင် နာလာတတ်ပါတယ်။ ဆက်လက်အသုံးပြုနေပြီး သေချာကုသမှု မခံယူခဲ့ရင် နာကျင်မှု အရမ်းဆိုးလာပြီး လှုပ်လို့တောင် မရတတ်ပါဘူး။ ထုံကျင်ပြီး ရောင်ရမ်းကာ မလှုပ်နိုင်၊ မရှားနိုင်၊ မကွေးနိုင်၊ မဆန့်နိုင် ဖြစ်လာနိုင်ပါတယ်။
ထိခိုက်တဲ့နေရာကိုဖြတ်သွားတဲ့ အာရုံကြောတွေ၊ သွေးကြောတွေကို ဖိမိခြင်းကြောင့် ကိုက်ခဲ ထုံကျင်တာ ဖြစ်ပါတယ်။ ထိခိုက်တဲ့နေရာက စတင်နာကျင်တတ်ပြီး နောက်ပိုင်း ခြေ၊ လက်တစ်လျှောက် နာကျင်လာတတ်ပါတယ်။
ဖြစ်တဲ့ကြွက်သားမှာ ကြွက်တက်လေ့လည်းရှိပြီး ထိတွေ့မှုတွေကို မသိတော့တာမျိုး ဖြစ်လာနိုင်ပါသေးတယ်။
>> ကုသနည်း
အဓိကကတော့ ဖြစ်စေတဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ရပါမယ်။ ရောင်ရမ်းနေတဲ့နေရာကို ရေခဲကပ်ပြီး အရောင်ကျဆေးတွေ လိမ်းပေးနိုင်ပါတယ်။ ကြွက်သားနာကျင်မှုကို သက်သာစေမယ့် ဆေးဝါးတွေကိုလည်း ဆရာဝန်ညွှန်တဲ့အတိုင်း သောက်သုံးသင့်ပါတယ်။ ကြွက်သားပြေလျော့စေတဲ့ လေ့ကျင့်ခန်းတွေဟာလည်း ကြွက်သားတောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်မှုနဲ့ တောင့်တင်းမှုတွေ သက်သာအောင် နှိပ်နယ်ပေးနိုင်ပါတယ်။
တစ်ခါတစ်ရံ ကြွက်သားပေါ် အားသက်ရောက်မှု နည်းစေရန် ပတ်တီးစည်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာမျိုး ပြုလုပ်သင့်ပါတယ်။ ခွဲစိတ်မှုတွေကတော့ လိုခဲပါတယ်။ ဒါပေမဲ့ ပြင်းထန်အဆင့်မှာတော့ လက္ခဏာတွေ သက်သာစေဖို့နဲ့ ထပ်ဆင့်ထိခိုက်မှုတွေ မဖြစ်စေဖို့ ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။
Alaxan IA (1)
>> ကာကွယ်နည်း
ဒဏ်မဖြစ်အောင် ကာကွယ်ခြင်းဟာ အရေးပါဆုံး ဖြစ်ပါတယ်။ ဒီလိုထိခိုက်မှုမျိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်ကြဉ်ရပါမယ်။
လှုပ်ရှားမှုတွေမပြုလုပ်မီ အကြောလျှော့ခြင်းဖြင့် ကြွက်သား၊ အရွတ်၊ အရိုးတွေကို ပြုလုပ်မယ့် လှုပ်ရှားမှုအတွက့် အသင့်ဖြစ်စေနိုင်ပါတယ်။ တစ်ကိုယ်လုံးကို သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့ကလည်း အရေးကြီးသလို လှုပ်ရှားမှုပြုလုပ်မယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းကို အထူးသွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကြုံကြိုက်လာရမယ့် ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။
တချို့လှုပ်ရှားမှုတွေဟာ ပြုလုပ်နေစဉ်မှာ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။ ဒီလို နာကျင်စေရတဲ့ အကြောင်းရင်းရှိမှာပါ။ ကိုယ်ခန္ဓာက လှုပ်ရှားမှုကို မခံနိုင်တာကြောင့်သော်လည်းကောင်း၊ လှုပ်ရှားမှုပြုလုပ်စဉ် ကိုယ်ဟန်နေထား မမှန်တာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုနာကျင်စေတတ်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။
လှုပ်ရှားမှုကြားမှာ နားချိန်လေးထားပေးပါ။ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်အမြစ်တွေဟာ ဖိစီးမှုဒဏ်ကနေ ပြန်လည်အင်အားဖြည့်တင်းဖို့ လိုနိုင်ပါတယ်။ ပျက်စီးမှုတွေကို ပြန်လည်ပြင်ဆင်ဖို့ အစာအာဟာရပြည့်ဝဖို့လည်း လိုနိုင်ပါတယ်။ အကြိမ်ကြမ်အခါခါ ပြုလုပ်ရတဲ့အလုပ်တွေမှာ ကြားထဲ အနားယူချိန်ယူရပါမယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ သတိပေးသံတွေကို နားထောင်ပါ။ ကြွက်သားတွေ ပင်ပန်းလာပြီ၊ တောင့်တင်းလာပြီဆိုရင် ရပ်နားသင့်ပါတယ်။ ဒါမှသာ ပုံသဏ္ဌာန်မမှန်တာတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ကြွက်သားတွေ ပိုအလုပ်လုပ်နိုင်အောင် အကြောအချင်တွေ ပြေလျော့နေပါစေ။ ကြွက်သားတွေကို လှုပ်ရှားမှု ပြည့်ဝအောင်လုပ်ပြီးမှ ထပ်ပြီးအားထည့်ပေးပါ။ ပျော့ပျောင်းသန်မာတဲ့ ကြွက်သားတွေဟာ ဖိစီးမှုဒဏ်ကို ပိုမိုခံနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
ႂကြက္သားဒဏ္ျဖစ္ျခင္းဆိုတာဟာ တစ္ေနရာတည္းကို ထပ္ခါထပ္ခါ ထိခိုက္မိၿပီး ႂကြက္သားေတြ ဒဏ္ရာရျခင္းကို ဆိုလိုပါတယ္။
ကိုယ္ေနဟန္မမွန္ပဲ အၾကာႀကီး ေနမိတာ၊ အဆစ္လြဲတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အလုပ္တစ္ခုတည္းကိုပဲ အၾကာႀကီး ထပ္ခါထပ္ခါ လုပ္ကိုင္ရသူေတြမွာလည္း ေတြ႕ႏိုင္ပါတယ္။ ဂီတတီးမႈတ္သူေတြမွာ ဒီလိုဒဏ္ အျဖစ္မ်ားတတ္ပါတယ္။ ဒါ့အျပင္ ထုတ္လုပ္မႈလုပ္ငန္းေတြ၊ ကြန္ပ်ဴတာအသုံးမ်ားသူေတြမွာလည္း ေတြ႕ႏိုင္သလို အားကစားသမားေတြမွာလည္း အမ်ားအျပား ေတြ႕ႏိုင္ပါတယ္။ အထူးသျဖင့္ လႈပ္ရွားမႈတစ္ခုတည္းကို လႈပ္ရွားမႈ ပုံစံတစ္မ်ိဳးတည္းနဲ႔ ျပဳလုပ္ရတဲ့ အားကစားေတြျဖစ္တဲ့ တင္းနစ္၊ ေဘ့စ္ေဘာ၊ ေဂါက္၊ မာရသြန္ေျပးျခင္း စတဲ့ အားကစားေတြမွာ ဒဏ္ျဖစ္ႏိုင္ပါတယ္။
>> လကၡဏာမ်ား
အစပိုင္းမွာေတာ့ လႈပ္ရွားမွ နာက်င္တတ္ၿပီး နားလိုက္တာနဲ႔ သက္သာသြားတတ္ေပမယ့္ ၾကာလာတဲ့အခါ နားေနတဲ့အခါမွာေတာင္ နာလာတတ္ပါတယ္။ ဆက္လက္အသုံးျပဳေနၿပီး ေသခ်ာကုသမႈ မခံယူခဲ့ရင္ နာက်င္မႈ အရမ္းဆိုးလာၿပီး လႈပ္လို႔ေတာင္ မရတတ္ပါဘူး။ ထုံက်င္ၿပီး ေရာင္ရမ္းကာ မလႈပ္ႏိုင္၊ မရွားႏိုင္၊ မေကြးႏိုင္၊ မဆန႔္ႏိုင္ ျဖစ္လာႏိုင္ပါတယ္။
ထိခိုက္တဲ့ေနရာကိုျဖတ္သြားတဲ့ အာ႐ုံေၾကာေတြ၊ ေသြးေၾကာေတြကို ဖိမိျခင္းေၾကာင့္ ကိုက္ခဲ ထုံက်င္တာ ျဖစ္ပါတယ္။ ထိခိုက္တဲ့ေနရာက စတင္နာက်င္တတ္ၿပီး ေနာက္ပိုင္း ေျခ၊ လက္တစ္ေလွ်ာက္ နာက်င္လာတတ္ပါတယ္။
ျဖစ္တဲ့ႂကြက္သားမွာ ႂကြက္တက္ေလ့လည္းရွိၿပီး ထိေတြ႕မႈေတြကို မသိေတာ့တာမ်ိဳး ျဖစ္လာႏိုင္ပါေသးတယ္။
>> ကုသနည္း
အဓိကကေတာ့ ျဖစ္ေစတဲ့လႈပ္ရွားမႈကို ရပ္တန႔္လိုက္ရပါမယ္။ ေရာင္ရမ္းေနတဲ့ေနရာကို ေရခဲကပ္ၿပီး အေရာင္က်ေဆးေတြ လိမ္းေပးႏိုင္ပါတယ္။ ႂကြက္သားနာက်င္မႈကို သက္သာေစမယ့္ ေဆးဝါးေတြကိုလည္း ဆရာဝန္ၫႊန္တဲ့အတိုင္း ေသာက္သုံးသင့္ပါတယ္။ ႂကြက္သားေျပေလ်ာ့ေစတဲ့ ေလ့က်င့္ခန္းေတြဟာလည္း ႂကြက္သားေတာင့္တင္းမႈေတြကို သက္သာေစႏိုင္ပါတယ္။ နာက်င္မႈနဲ႔ ေတာင့္တင္းမႈေတြ သက္သာေအာင္ ႏွိပ္နယ္ေပးႏိုင္ပါတယ္။
တစ္ခါတစ္ရံ ႂကြက္သားေပၚ အားသက္ေရာက္မႈ နည္းေစရန္ ပတ္တီးစည္းတာ၊ ေလ့က်င့္ခန္း ျပဳလုပ္တာမ်ိဳး ျပဳလုပ္သင့္ပါတယ္။ ခြဲစိတ္မႈေတြကေတာ့ လိုခဲပါတယ္။ ဒါေပမဲ့ ျပင္းထန္အဆင့္မွာေတာ့ လကၡဏာေတြ သက္သာေစဖို႔နဲ႔ ထပ္ဆင့္ထိခိုက္မႈေတြ မျဖစ္ေစဖို႔ ခြဲစိတ္မႈ လိုအပ္ႏိုင္ပါတယ္။
>> ကာကြယ္နည္း
ဒဏ္မျဖစ္ေအာင္ ကာကြယ္ျခင္းဟာ အေရးပါဆုံး ျဖစ္ပါတယ္။ ဒီလိုထိခိုက္မႈမ်ိဳး ျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြကို ေရွာင္ၾကဥ္ရပါမယ္။
လႈပ္ရွားမႈေတြမျပဳလုပ္မီ အေၾကာေလွ်ာ့ျခင္းျဖင့္ ႂကြက္သား၊ အ႐ြတ္၊ အ႐ိုးေတြကို ျပဳလုပ္မယ့္ လႈပ္ရွားမႈအတြက့္ အသင့္ျဖစ္ေစႏိုင္ပါတယ္။ တစ္ကိုယ္လုံးကို ေသြးပူေလ့က်င့္ခန္း ျပဳလုပ္ဖို႔ကလည္း အေရးႀကီးသလို လႈပ္ရွားမႈျပဳလုပ္မယ့္ ကိုယ္အဂၤါအစိတ္အပိုင္းကို အထူးေသြးပူေလ့က်င့္ခန္း ျပဳလုပ္ဖို႔လည္း လိုအပ္ပါတယ္။ ဒါမွသာ ႀကဳံႀကိဳက္လာရမယ့္ ဖိစီးမႈဒဏ္ေတြကို ခံႏိုင္ရည္ရွိမွာ ျဖစ္ပါတယ္။
တခ်ိဳ႕လႈပ္ရွားမႈေတြဟာ ျပဳလုပ္ေနစဥ္မွာ နာက်င္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုလႈပ္ရွားမႈေတြကို ေရွာင္ၾကဥ္ပါ။ ဒီလို နာက်င္ေစရတဲ့ အေၾကာင္းရင္းရွိမွာပါ။ ကိုယ္ခႏၶာက လႈပ္ရွားမႈကို မခံႏိုင္တာေၾကာင့္ေသာ္လည္းေကာင္း၊ လႈပ္ရွားမႈျပဳလုပ္စဥ္ ကိုယ္ဟန္ေနထား မမွန္တာေၾကာင့္ေသာ္လည္းေကာင္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုနာက်င္ေစတတ္တဲ့ လႈပ္ရွားမႈေတြကို ေရွာင္ၾကဥ္ပါ။
လႈပ္ရွားမႈၾကားမွာ နားခ်ိန္ေလးထားေပးပါ။ ႂကြက္သားေတြ၊ အ႐ြတ္ေတြ၊ အဆစ္အျမစ္ေတြဟာ ဖိစီးမႈဒဏ္ကေန ျပန္လည္အင္အားျဖည့္တင္းဖို႔ လိုႏိုင္ပါတယ္။ ပ်က္စီးမႈေတြကို ျပန္လည္ျပင္ဆင္ဖို႔ အစာအာဟာရျပည့္ဝဖို႔လည္း လိုႏိုင္ပါတယ္။ အႀကိမ္ၾကမ္အခါခါ ျပဳလုပ္ရတဲ့အလုပ္ေတြမွာ ၾကားထဲ အနားယူခ်ိန္ယူရပါမယ္။
ကိုယ့္ခႏၶာကိုယ္ရဲ႕ သတိေပးသံေတြကို နားေထာင္ပါ။ ႂကြက္သားေတြ ပင္ပန္းလာၿပီ၊ ေတာင့္တင္းလာၿပီဆိုရင္ ရပ္နားသင့္ပါတယ္။ ဒါမွသာ ပုံသဏၭာန္မမွန္တာေတြကို ျပင္ဆင္ႏိုင္မွာ ျဖစ္ပါတယ္။
ႂကြက္သားေတြ ပိုအလုပ္လုပ္ႏိုင္ေအာင္ အေၾကာအခ်င္ေတြ ေျပေလ်ာ့ေနပါေစ။ ႂကြက္သားေတြကို လႈပ္ရွားမႈ ျပည့္ဝေအာင္လုပ္ၿပီးမွ ထပ္ၿပီးအားထည့္ေပးပါ။ ေပ်ာ့ေပ်ာင္းသန္မာတဲ့ ႂကြက္သားေတြဟာ ဖိစီးမႈဒဏ္ကို ပိုမိုခံႏိုင္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)





























