/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်သားနာကျင်ရခြင်း-အကြောင်းများ

ကြွက်သားနာကျင်ရခြင်း အကြောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ့်ရဲ့ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတော့လို့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းဖို့လိုပြီလို့ ယူဆတဲ့အခါမှာဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို စလုပ်ကြပါတယ်။ ပထမဆုံးနေ့မှာတော့ ကိုယ့်ကိုကိုယ် အရမ်းကျေနပ်နေပါလိမ့်မယ်။ ဒါပေမဲ့ နောက်နေ့မနက်ရောက်ရင်တော့ အိပ်ရာထဲက မထနိုင်လောက်အောင်ကို နာကျင်ကိုက်ခဲနေတာကို ခံစားရပါလိမ့်မယ်။

>>  ဒီလိုမျိုး ဘာကြောင့်ဖြစ်ရတာလဲ?
ကိုယ်ကပဲ မကြံ့ခိုင်လို့လား၊ လေ့ကျင့်ခန်းလုပ်တဲ့ပုံစံတွေ မမှန်လို့လား၊ လေ့ကျင့်ခန်းကို လိုတာထက် ပိုလုပ်မိနေလို့လား စသည်ဖြင့် လျှောက်တွေးတတ်ကြပါတယ်။ အားကစားလုပ်ပြီးရင် ကြွက်သားတွေ နာကျင်ရတာဟာ လှုပ်ရှားမှုလုပ်လိုက်တဲ့အတွက် ကြွက်သားတွေအပေါ်မှာ သက်ရောက်တဲ့ ဖိအားတွေကြောင့် ဖြစ်ပါတယ်။ ဒါဟာရောဂါမဟုတ်ဘဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ လေ့ကျင့်ခန်းလုပ်အပြီး ၆ နာရီကနေ ၈ နာရီအတွင်းမှာ စဖြစ်တတ်ပြီးတော့ ၂၄ နာရီကနေ ၄၈ နာရီထိ ကြာတတ်ပါတယ်။ ဒါပေမဲ့ -
●  လေ့ကျင့်ခန်းကို တစ်ခါမှမလုပ်ဖူးဘဲ စလုပ်တဲ့အခါ
●  ပုံမှန်လုပ်နေကျလေ့ကျင့်ခန်းအပြင် လေ့ကျင့်ခန်းအသစ် ထပ်ပေါင်းလုပ်တဲ့အခါ
●  ပုံမှန်လုပ်နေကျလေ့ကျင့်ခန်းကိုပဲ အားပိုစိုက်ပြီးလုပ်တဲ့အခါ
●  လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြားမှာ ခဏအနားမယူဘဲ ဆက်တိုက်လုပ်တဲ့အခါ ဒီလိုအခြေအနေတွေမှာ ဆိုရင်တော့ ကြွက်သားနာကျင်မှုက ပိုကြာတတ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့လူ ဘယ်သူမဆို ဒီလိုနာကျင်မှုနည်းနည်းကို ခံစားရနိုင်ပါတယ်။ အမြဲလိုလို လေ့ကျင့်ခန်းဆင်းနေတဲ့ အားကစားသမားတွေမှာတောင် ခံစားရနိုင်ပါတယ်။ အခုမှ လေ့ကျင့်ခန်းစလုပ်တဲ့သူတွေမှာတော့ နာကျင်မှုက ပိုပြင်းထန်တတ်ပြီး လေ့ကျင့်ခန်းဆက်လုပ်ဖို့ကို နောက်တွန့်သွားတတ်ကြပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တာ ကြာလာရင်တော့ နာကျင်မှုတွေ သက်သာလာပြီး အမောခံနိုင်လာခြင်း၊ ကြွက်သားတွေ ကျစ်လျစ်သန်မာလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကြွက်သားတွေမှာ ဒဏ်ရာရသွားလောက်တဲ့ထိ ထိခိုက်သွားနိုင်တာမျိုးလည်း ရှိပါတယ်။ ဘယ်ဟာကတော့ ပုံမှန်ကြွက်သား နာတာဖြစ်ပြီး ဘယ်ဟာကတော့ ကြွက်သားဒဏ်ရာ ရသွားတာလဲဆိုတာသိဖို့ အရေးကြီးပါတယ်။

Alaxan IA (1)

>>  ဒါ့ကြောင့် ကြွက်သားဒဏ်ရာရသွားရင် ကြုံရမယ့် လက္ခဏာတွေကို ဖော်ပြပေးပါမယ်။
●  လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း (သို့မဟုတ်) လုပ်နေတုန်းမှာကိုပဲ ကြွက်သားတွေနာကျင်လာရင်တော့ ပုံမှန်ကြွက်သားနာတာမျိုး မဟုတ်ပါဘူး။ ဒါဟာ အဆစ်တွေ၊ ကြွက်သားတွေကို ထိခိုက်သွားစေနိုင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်တာကို ခဏရပ်လိုက်ဖို့ လိုအပ်ပါတယ်။
●  လေ့ကျင့်ခန်းလုပ်ပြီးလို့ ကြွက်သားနာကျင်ခြင်းက သင့်ရဲ့ တစ်နေ့တာပုံမှန်လုပ်နေကျ အလုပ်တွေကို မလုပ်နိုင်လောက်အောင် နာနေတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာ အရမ်းကို များနေပါပြီ။
●  လေ့ကျင့်ခန်းလုပ်ပြီးလို့ ကြွက်သားနာကျင်တာက ၇၂ နာရီ (၃ ရက်) ထက်ပိုပြီး နာကျင်နေတယ်ဆိုရင်လည်း လေ့ကျင့်ခန်းလုပ်တာ ခံနိုင်ရည်ထက် ပိုများနေတာ ဖြစ်ပါတယ်။

>>  အောက်ပါလက္ခဏာတွေ ကြုံလာရင်တော့ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသဖို့ လိုအပ်ပါတယ်။
●  ကြွက်သားနာကျင်မှုက မခံမရပ်နိုင်အောင် ပြင်းထန်နေရင်
●  ခြေထောက်၊ လက်တွေ ပြင်းပြင်းထန်ထန် ရောင်ရမ်းနေရင်
●  အဆစ်တွေ ရောင်ရမ်းပြီး မလှုပ်ရှားနိုင်ရင်
စတဲ့ လက္ခဏာတွေ တွေ့ကြုံလာခဲ့ရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)

Alaxan IA (2)

(Zawgyi)

ကိုယ့္ရဲ႕ခႏၶာကိုယ္ကို စိတ္တိုင္းမက်ေတာ့လို႔ျဖစ္ျဖစ္၊ ကိုယ့္ရဲ႕က်န္းမာေရးကို ထိန္းသိမ္းဖို႔လိုၿပီလို႔ ယူဆတဲ့အခါမွာျဖစ္ျဖစ္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြကို စလုပ္ၾကပါတယ္။ ပထမဆုံးေန႔မွာေတာ့ ကိုယ့္ကိုကိုယ္ အရမ္းေက်နပ္ေနပါလိမ့္မယ္။ ဒါေပမဲ့ ေနာက္ေန႔မနက္ေရာက္ရင္ေတာ့ အိပ္ရာထဲက မထႏိုင္ေလာက္ေအာင္ကို နာက်င္ကိုက္ခဲေနတာကို ခံစားရပါလိမ့္မယ္။

>>  ဒီလိုမ်ိဳး ဘာေၾကာင့္ျဖစ္ရတာလဲ?
ကိုယ္ကပဲ မႀကံ့ခိုင္လို႔လား၊ ေလ့က်င့္ခန္းလုပ္တဲ့ပုံစံေတြ မမွန္လို႔လား၊ ေလ့က်င့္ခန္းကို လိုတာထက္ ပိုလုပ္မိေနလို႔လား စသည္ျဖင့္ ေလွ်ာက္ေတြးတတ္ၾကပါတယ္။ အားကစားလုပ္ၿပီးရင္ ႂကြက္သားေတြ နာက်င္ရတာဟာ လႈပ္ရွားမႈလုပ္လိုက္တဲ့အတြက္ ႂကြက္သားေတြအေပၚမွာ သက္ေရာက္တဲ့ ဖိအားေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါဟာေရာဂါမဟုတ္ဘဲ ပုံမွန္ျဖစ္႐ိုးျဖစ္စဥ္တစ္ခုပဲ ျဖစ္ပါတယ္။
ဒီျဖစ္စဥ္ဟာ ေလ့က်င့္ခန္းလုပ္အၿပီး ၆ နာရီကေန ၈ နာရီအတြင္းမွာ စျဖစ္တတ္ၿပီးေတာ့ ၂၄ နာရီကေန ၄၈ နာရီထိ ၾကာတတ္ပါတယ္။ ဒါေပမဲ့ -
●  ေလ့က်င့္ခန္းကို တစ္ခါမွမလုပ္ဖူးဘဲ စလုပ္တဲ့အခါ
●  ပုံမွန္လုပ္ေနက်ေလ့က်င့္ခန္းအျပင္ ေလ့က်င့္ခန္းအသစ္ ထပ္ေပါင္းလုပ္တဲ့အခါ
●  ပုံမွန္လုပ္ေနက်ေလ့က်င့္ခန္းကိုပဲ အားပိုစိုက္ၿပီးလုပ္တဲ့အခါ
●  ေလ့က်င့္ခန္း တစ္ခုနဲ႔တစ္ခုၾကားမွာ ခဏအနားမယူဘဲ ဆက္တိုက္လုပ္တဲ့အခါ ဒီလိုအေျခအေနေတြမွာ ဆိုရင္ေတာ့ ႂကြက္သားနာက်င္မႈက ပိုၾကာတတ္ပါတယ္။
ေလ့က်င့္ခန္းလုပ္တဲ့လူ ဘယ္သူမဆို ဒီလိုနာက်င္မႈနည္းနည္းကို ခံစားရႏိုင္ပါတယ္။ အၿမဲလိုလို ေလ့က်င့္ခန္းဆင္းေနတဲ့ အားကစားသမားေတြမွာေတာင္ ခံစားရႏိုင္ပါတယ္။ အခုမွ ေလ့က်င့္ခန္းစလုပ္တဲ့သူေတြမွာေတာ့ နာက်င္မႈက ပိုျပင္းထန္တတ္ၿပီး ေလ့က်င့္ခန္းဆက္လုပ္ဖို႔ကို ေနာက္တြန႔္သြားတတ္ၾကပါတယ္။ ဒါေပမဲ့ ေလ့က်င့္ခန္းလုပ္တာ ၾကာလာရင္ေတာ့ နာက်င္မႈေတြ သက္သာလာၿပီး အေမာခံႏိုင္လာျခင္း၊ ႂကြက္သားေတြ က်စ္လ်စ္သန္မာလာျခင္းစတဲ့ အက်ိဳးေက်းဇူးေတြကို ခံစားရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ႂကြက္သားေတြမွာ ဒဏ္ရာရသြားေလာက္တဲ့ထိ ထိခိုက္သြားႏိုင္တာမ်ိဳးလည္း ရွိပါတယ္။ ဘယ္ဟာကေတာ့ ပုံမွန္ႂကြက္သား နာတာျဖစ္ၿပီး ဘယ္ဟာကေတာ့ ႂကြက္သားဒဏ္ရာ ရသြားတာလဲဆိုတာသိဖို႔ အေရးႀကီးပါတယ္။

>>  ဒါ့ေၾကာင့္ ႂကြက္သားဒဏ္ရာရသြားရင္ ႀကဳံရမယ့္ လကၡဏာေတြကို ေဖာ္ျပေပးပါမယ္။
●  ေလ့က်င့္ခန္းလုပ္ၿပီးၿပီးခ်င္း (သို႔မဟုတ္) လုပ္ေနတုန္းမွာကိုပဲ ႂကြက္သားေတြနာက်င္လာရင္ေတာ့ ပုံမွန္ႂကြက္သားနာတာမ်ိဳး မဟုတ္ပါဘူး။ ဒါဟာ အဆစ္ေတြ၊ ႂကြက္သားေတြကို ထိခိုက္သြားေစႏိုင္တဲ့အတြက္ ေလ့က်င့္ခန္းလုပ္တာကို ခဏရပ္လိုက္ဖို႔ လိုအပ္ပါတယ္။
●  ေလ့က်င့္ခန္းလုပ္ၿပီးလို႔ ႂကြက္သားနာက်င္ျခင္းက သင့္ရဲ႕ တစ္ေန႔တာပုံမွန္လုပ္ေနက် အလုပ္ေတြကို မလုပ္ႏိုင္ေလာက္ေအာင္ နာေနတယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္တာ အရမ္းကို မ်ားေနပါၿပီ။
●  ေလ့က်င့္ခန္းလုပ္ၿပီးလို႔ ႂကြက္သားနာက်င္တာက ၇၂ နာရီ (၃ ရက္) ထက္ပိုၿပီး နာက်င္ေနတယ္ဆိုရင္လည္း ေလ့က်င့္ခန္းလုပ္တာ ခံႏိုင္ရည္ထက္ ပိုမ်ားေနတာ ျဖစ္ပါတယ္။

>>  ေအာက္ပါလကၡဏာေတြ ႀကဳံလာရင္ေတာ့ ေဆး႐ုံ၊ ေဆးခန္းကို သြားေရာက္ျပသဖို႔ လိုအပ္ပါတယ္။
●  ႂကြက္သားနာက်င္မႈက မခံမရပ္ႏိုင္ေအာင္ ျပင္းထန္ေနရင္
●  ေျခေထာက္၊ လက္ေတြ ျပင္းျပင္းထန္ထန္ ေရာင္ရမ္းေနရင္
●  အဆစ္ေတြ ေရာင္ရမ္းၿပီး မလႈပ္ရွားႏိုင္ရင္
စတဲ့ လကၡဏာေတြ ေတြ႕ႀကဳံလာခဲ့ရင္ေတာ့ ေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံး သြားေရာက္ျပသဖို႔ လိုအပ္ပါတယ္။

ေဒါက္တာေအာင္ (www.drmyanmar.com)