/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခန္ဓာကိုယ်မှ-အဆိပ်အတောက်-ဖယ်ရှားခြင်း-detoxing-၏-အကျိုးကျေးဇူး-12

ခန္ဓာကိုယ်မှ အဆိပ်အတောက် ဖယ်ရှားခြင်း (Detoxing) ၏ အကျိုးကျေးဇူး (12) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။

        အဆိပ်အတောက် ထုတ်ပြီးသူ အများအပြားက ပိုပြီးအားအင်ပြည့်ဝလာတာကို ခံစားရတယ်လို့ ပြန်ပြောကြပါတယ်။

 

2.      ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ပိုနေတဲ့အညစ်အကြေးတွေကို ဖယ်ထုတ်ပေးပါတယ်။

 

3.      ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုပါတယ်။

          Detox Diet လုပ်ခြင်းဖြင့် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပိုပြီးကျန်းမာစေဖို့အတွက်ဆိုရင် အရင်ကရှိနေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကို ဖယ်ထုတ်လိုက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ရေရှည်ကျင့်သုံးနိုင်ရင် ကောင်းပါတယ်။

 

4.      ကိုယ်ခံအားစနစ်ကို အားကောင်းလာစေပါတယ်။

          Detox လုပ်လိုက်တဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေက သူတို့အစွမ်းရှိသလောက် လွတ်လပ်စွာ လုပ်ဆောင်လာနိုင်စေပါတယ်။ ဒါကြောင့် ဗီတာမင် C အပါအဝင် အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူလာနိုင်တဲ့အတွက် ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းလာစေပါတယ်။

 

5.      အသားအရေကို ပိုကောင်းစေပါတယ်။

          အရေပြားက ကျွနု်ပ်တို့ ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အဆိပ်အတောက် ထုတ်ပြီးနောက် ရရှိတဲ့ အကျိုးကျေးဇူးတွေကို အသိသာဆုံး ခံစားရပါတယ်။ Detox လုပ်လိုက်တဲ့အခါမှာ အရေပြားကနေ ချေွးပိုထွက်ပြီး မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်။ ဒါကြောင့် Detox လုပ်ပြီးတဲ့နောက်မှာ ပိုပြီးကြည်လင် ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

6.      ခံတွင်းနံ့ကို ပိုကောင်းလာစေတယ်။

          အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားဖို့ လိုတဲ့အတွက် အူမကြီးကို သန့်ရှင်းပေးတဲ့ Detox နည်းလမ်းကိုလည်း လုပ်ဖို့လိုပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်ရှင်းပြီး ကောင်းကောင်း အလုပ်ပြန်လုပ်နိုင်စေတဲ့အခါမှာ ခံတွင်းနံ့ကိုလည်း ပိုကောင်းလာစေပါတယ်။ သတိပြုဖို့က Detox လုပ်နေစဉ် အတောအတွင်းမှာ ခံတွင်းနံ့ ပိုဆိုးလာနိုင်ပေမယ့် ဒါပြီးရင်တော့ ခံတွင်းနံ့က ပိုကောင်းလာမှာ အသေအချာပါပဲ။ ဒါက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်သွားတဲ့အတွက် ရရှိတဲ့ သဘာဝအကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။

 

7.      ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြောင်းလဲမှုတွေကို အားပေးပါတယ်။

          ကာလကြာရှည်စွာ ကျင့်သုံးလာတဲ့ အကျင့်တွေကို ပြောင်းလဲဖို့ ခက်ပါတယ်။ Detox လုပ်ခြင်းက အကျင့်ဟောင်းတွေနဲ့ အကျင့်သစ်တွေအကြားမှာ ပြောင်းလဲနို်င်ဖို့အတွက် ဆက်စပ်ပေးတဲ့ကာလ ဖြစ်ပါတယ်။

 

8.      အတွေးတွေ ပိုပြီးရှင်းလင်းလာစေတယ်။

          ကောင်းမွန်တဲ့ detox အစီအစဉ်တစ်ခုက အဆိပ်အတောက်တွေကို သန့်ရှင်းပေးနေစဉ်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာ အာရုံစိုက်မှုကိုလညး် ရရှိစေပါတယ်။ ဒီအချိန်မှာ တရားထိုင်ခြင်းအားဖြင့် စိတ်ရောကိုယ်ရော သန့်ရှင်းစေတဲ့အတွက် တရားထိုင်ဖို့ တိုက်တွန်းထားပါတယ်။

 

9.      ဆံသားတွေကို ပိုပြီးကျန်းမာစေပါတယ်။

 

10.    ခံစားချက်တွေကို ပေါ့ပါးသွက်လက်စေပါတယ်။

 

11.    အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။

          ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ တည်ရှိနေခြင်းက အိုမင်းရင့်ရော်ခြင်းကို ထောက်ပံ့နေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ Free Radical ပမာဏကို လျော့နည်းစေခြင်းဖြင့် ရေတိုအကျိုးကျေးဇူးသာမက ရေရှည်အကျိုးကျေးဇူးအနေနဲ့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

 

12.    နေလို့ ထိုင်လို့ ပိုကောင်းစေပါတယ်။

          Detox လုပ်လိုက်တဲ့အခါမှာ နေလို့ ထိုင်လို့ ပိုကောင်းလာတယ်။ နေထိုင်လို့ ကောင်းလာတဲ့အခါမှာ ကောင်းမွန်တဲ့အရာတွေကိုပဲ တွေ့လာရတယ်။ Detox လုပ်ခြင်းကို ကိုယ်အလေးချိန် ကျဖို့အတွက် (သို့) အစားအစာ ပုံစံအသစ်တစ်ခု ပြောင်းလဲဖို့အတွက် ဗျူဟာတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)