/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးနာခြင်းကို-ဖြစ်စေတဲ့-အဓိကအကြောင်းရင်းများ

ခါးနာခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတော်တော်များများဟာ ခါးနာခြင်းကို ခံစားဖူးကြပါတယ်။ အထိုင်များခြင်း၊ ကိုယ်နေဟန်ထားမမှန်ခြင်းတို့ကြောင့် ခါးနာရတဲ့အပြင် အခြားခါးနာစေသော အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။ ဒီအကြောင်းရင်းတွေကို လေ့လာကြည့်ရအောင် -

(၁)  ဒဏ်ဖြစ်ခြင်း
ခါးမှာရှိတဲ့ ကြွက်သားနှင့်အရွတ်များကို အချိန်ကြာမြင့်စွာ ဆွဲဆန့်ထားသလိုဖြစ်စေတဲ့ လှုပ်ရှားမှုများကို မကြာခဏပြုလုပ်ရာကနေ ဒဏ်ဖြစ်စေပါတယ်။ အဲဒီအခါမှာ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ခြင်းတို့တွင် နာကျင်ခြင်း ဖြစ်ပေါ်စေပါတယ်။
**  အိမ်တွင်းကုသနည်း - ဒဏ်ဖြစ်ခြင်းကို သက်သာစေဖို့ ရက်ပေါင်းများစွာ အနားယူရမှာဖြစ်ပြီး ရေနွေးအိတ် (သို့) ရေခဲကပ်ပေးခြင်းဖြင့်လည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

Alaxan IA (1)

(၂)  ခါးရိုးဆစ်များကြား တွယ်ဆက်ထားသော အပြားငယ်များ ဒဏ်ရာရခြင်း
အသက်ကြီးလာလေလေ ခါးဆစ်ရိုးကြားရှိ အပြားငယ်များ ဒဏ်ရာရလွယ်လေ ဖြစ်ပါတယ်။ ဝိတ်မခြင်း (သို့) ခါးလှည့်ခြင်းတို့ကြောင့် အများဆုံးဒဏ်ရာရစေပြီး ခြေထောက်တွင်ပါ ဒဏ်ဖြစ်ပေါ်ပါက ပေါင်ကြောတန်းနာ (sciatica) လို့ ခေါ်ဆိုပါတယ်။
**  အိမ်တွင်းကုသနည်း - ရေခဲကပ်ခြင်း (သို့) ရေနွေးကပ်ခြင်း ပြုလုပ်နိုင်ပြီး ခါးကိုဆန့်ထုတ်ရသော လေ့ကျင့်ခန်းများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် ပြုလုပ်သင့်ပါတယ်။

(၃)  ပုံမှန်မဟုတ်သော ကျောရိုးကွေးခြင်း
ခါးကိုင်းခြင်း၊ ကျောရိုးကွေးခြင်းစသော မွေးရာပါ ကျောရိုးပုံမမှန်သော အခြေအနေများနှင့် ရင်ဆိုင်ရသူများမှာလည်း နာကျင်ခြင်းနှင့်အတူ ကိုယ်နေဟန်ထားမမှန်ခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။
**  အိမ်တွင်းကုသနည်း - ခါးစည်း အသုံးပြုခြင်းနှင့်အတူ အရိုးအဆစ်ဆိုင်ရာကုထုံးများကို တွဲဖက်လုပ်ဆောင်ခြင်း၊ ပြင်းထန်သောဖြစ်စဉ်များအတွက ် ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Alaxan IA (2)

(၄)  ထိခိုက်ဒဏ်ရာရခြင်း
အားကစားပြုလုပ်ခြင်း၊ ကားအက်ဆီးဒင့်၊ ရုတ်တရက်ချော်လဲခြင်း စတာတွေကြောင့် ခါးကို ပြင်းထန်သောထိခိုက်မှုများ ဖြစ်ပေါ်စေတတ်ပါတယ်။ ထိုသို့ထိခိုက်မှုကြောင့် ကျောရိုးကို ဖိမိရာကနေ ဒဏ်ဖြစ်ခြင်း၊ ခါးဆစ်ရိုးများကြားရှိ တွယ်ဆက်အပြားများ ပြုတ်ထွက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

(၅)  ခါးရိုးဆစ်ကျဉ်းပြီး အကြောညပ်ခြင်း (Spinal Stenosis)
အာရုံကြောမကြီးနေသော လမ်းကြောင်းဟာ ကျဉ်းလာတဲ့အခါမှာ အာရုံကြောမကြီးနှင့် အာရုံကြောများကို ဖိမိတတ်ပါတယ်။ ထိုအခါ ထုံကျဉ်ခြင်း၊ နာကျင်ခြင်းနှင့် အာရုံကြောအားနည်းခြင်းတို့ကို ခံစားရစေပါလိမ့်မယ်။
နာကျင်ခြင်းကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း အရိုးအကြောဆရာဝန်နှင့် တိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ နာကျင်စေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)