/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်တတ်သူတွေ-ဖတ်ဖို့-အထွေထွေသုတ

ခေါင်းကိုက်တတ်သူတွေ ဖတ်ဖို့ အထွေထွေသုတ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တခါတလေ ခေါင်းကိုက်တတ်သူ မကြာခဏကိုက်တတ်သူ စိတ်ဖိစီးမှုအထွေထွေနဲ့ တခြားအကြောင်းအရာတွေ အတော်များများကြောင့် ခေါင်းကိုက်တတ်သူများ အတွက် ဗဟုသုတအထွေထွေကို တင်ပြပေးလိုက်ပါတယ်။

 

ခေါင်းကိုက်ရောဂါစွဲကပ်တဲ့အခါ..

 

  • • ခေါင်းတဖက်တည်း သို်မဟုတ် နှစ်ခြမ်းလုံးကိုက်မယ်
  • • ခေါင်းနောက်နဲ့ဇက်တွေပါနာမယ်
  • • ခေါင်းကိုသားရေကွင်းနဲ့တင်းတင်းပတ်ထားသလိုနာမယ်
  • • မနက်တိုင်းဇက်တွေတင်းနေမယ်
  • • အလင်းရောင်စူးစူးတွေဆူညံသံတွေကိုမခံနိုင်ဘူး

Bio Adult 1

ခေါင်းကိုက်သိပ်ပြင်းထန်တဲ့အခါ….

 

ပျို့အန်တာမူးတာ မောတာ အမြင်အာရုံဝေဝါးတာတွေဖြစ်စေပါတယ်။ အလွန်ဆိုးတဲ့ခေါင်းကိုက်နာမှာ အိပ်မပျော်တော့ဘဲ စကားပြောရခက်တာ စိတ်အာရုံ ဝေဝါးထွေပြားလာတာတွေကြုံရပါတယ်။

 

ခေါင်းကိုက်တာကိုဘယ်လိုကာကွယ်ကြမလဲ…

 

  • • နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။
  • • ညတိုင်းအိပ်ရေးဝဝအိပ်ပါ။
  • • စိတ်ဖိစီးမှုလျှော့ချပါ
  • • မတ်မတ်ဆန့်ဆန့်နေပါ။
  • • ဝိုင်အရက်ရှောင်ပါ။
  • • အသီးဖျော်ရည် သောက်ပါ
  • • မနက်စာညစာမှန်မှန်စားပါ။

 

ခေါင်းကိုက်စေတဲ့အချက်တွေကတော့….

 

• အိပ်ရေးပျက်ခြင်း

• ဆူညံသံကြားခြင်း

• စိတ်ညစ်စိတ်ပူခြင်း

• ပင်ပန်းနွမ်းနယ်နေခြင်း

• ရာသီဥတုပြောင်းခြင်းတို့ုဖြစ်ပါတယ်။

Bio Adult 2

ခေါင်းကိုက်တဲ့အခါ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ပါရာစီတမောနဲ့ အက်စပရင်ဆေးဝါးဟာ ထိရောက်ကောင်းမွန်တဲ့ဆေးဝါးပါ။ နားထင်ကိုရေခဲဝတ်ကပ်တာ ငြိမ်သက်ပြီး အလင်းအားနည်းတဲ့အခန်းလေးမှာ အနားယူရတာတွေကလည်း ဆေးအပြင် ထိရောက်တဲ့ကုထုံးတွေပါပဲ။

 

အိပ်ရာကတောင်လန့်ပြီးနိုးစေတဲ့ ခေါင်းကိုက်ရောဂါကိုတော့ ပေါ့မနေပါနဲ့တော့။ သွေးတိုးတာတွေ အိပ်နေရင်း အသက်ရှုရပ်တာတွေ  ဦးနှောက်အကျိတ်ရောဂါတွေကြောင့်ဖြစ်နေတတ်ပါတယ်။

 

အသက်ငါးဆယ်ကျော်မှစဖြစ်မယ် တခါထက်တခါ ပိုပိုဆိုးမယ် ခေါင်းကိုက်တဲ့အကြိမ်ရေပိုများလာမယ်ဆိုရင် အထူးသတိပြုဂရုထားရမယ့် အန္တရာယ်လက္ခဏာတွေဆိုတာ သိကြပါနော်။ ခေါင်းကိုက်ဝေဒနာကို ရေရှည်မထားသင့်ပါဘူး။ စိတ်ဖိစီးမှုတွေတက်လာပြီး လူနေမှုဘဝပါ ထိခိုက်လာစေတဲ့အတွက် သမားတော်နဲ့သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


 






 


 


 


 








 


 






 


 


 


 
