/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွေးကိုက်ခံရတိုင်း-ကာကွယ်ဆေးထိုးဖို့-လိုသလား

ခွေးကိုက်ခံရတိုင်း ကာကွယ်ဆေးထိုးဖို့ လိုသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခွေးရူးပြန်ရောဂါဟာ ဖြစ်လာပြီဆိုရင် 100 ရာခိုင်နှုန်း သေဆုံးမှု ရှိပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အခါမှာလည်း ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်သလို ခွေးကိုက်မခံရအောင်လည်း ကာကွယ်နိုင်ပါတယ်။

          သတိထားနေတဲ့ကြားက ခွေး ကိုက်ခံရပြီဆိုလည်း ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများ အချိန်မီ ထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါကိုကာကွယ်နိုင်ပါတယ်။

 

>>    ရောဂါကူးစက်ပုံ

          ခွေးကိုက်ခံရတဲ့ဒဏ်ရာကို အဆင့် (3) ဆင့် ခွဲထားပါတယ်။

 

(1)    ခွေးနှင့် ထိတွေ့ရုံအဆင့်

          ခွေးက မိမိအရေပြားကို လျှာနဲ့ လာလျက်ပေမယ့် အရေပြားမှာ ဘာပေါက်ပြဲဒဏ်ရာမှ မရှိဘူးဆို ဘာမှမဖြစ်နိုင်ပါဘူး။

 

(2)    ခွေး ဟပ်ခံရခြင်း၊ ပေါက်ပြဲရုံအဆင့်

          ခွေး ဟပ်ခံရပြီး သွေးမထွက်သည့်ဒဏ်ရာ ရသွားပါက ဒဏ်ရာကို ရေဆေးပါ။ အရက်ပြန် လိမ်းပါ။ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

 

(3)    ခွေး ကိုက်ခံရခြင်း

          စုတ်ပြဲသွေးထွက်သော ဒဏ်ရာရလျှင် (သို့) ခွေး ကိုက်ခံရပြီး ပေါက်ပြဲဒဏ်ရာရှိသော အရေပြားကို ခွေးက လျှာနဲ့ ထိတွေ့လျှင် (သို့) သွေးထွက်ဒဏ်ရာ မရှိသော်လည်း ဦးခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာရလျှင် အနာကို ရေဆေးပြီးနောက် ကာကွယ်ဆေးသာမက ခွေးရူးပြန်ကာကွယ်တဲ့ ပဋိပစ္စည်းပါ ထိုးဖို့ လိုအပ်ပါတယ်။

 

          ထို့ကြောင့် ခွေးကိုက်ခံရပြီဆိုပါက အနီးဆုံး ကျန်းမာရေးဌာနသို့ သွားရောက်၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ လိုအပ်၊ မလိုအပ်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Zero (www.drmyanmar.com)