ဂေါက်ရောဂါ ခံစားနေရသူတွေ ဖတ်ဖို့ ...
ခြေမတစ်ခုတည်း နီမယ်၊ ပူမယ်၊ နာမယ်၊ ရောင်မယ်၊ တင်းမယ်ဆိုတာတွေ ဖြစ်နေခဲ့ရင် ဘယ်လိုတွေတောင်လားလို့ စိတ်ညစ်မယ့်အစား ငါ့မှာ ဂေါက်ရောဂါများ ဖြစ်နေမလားလို့ တွေးကြည့်ဖူးပါသလား။ ခံစားနေရဖူးသူတွေကတော့ သိမှာပါ။ ဒီလောက်နာတာတောင် ဒီထက် မနာနိုင်တော့ဘူးတဲ့။ အလွန်ခံရခက်တဲ့ နာကျင်ခြင်းပါနော်။
ဒီလောက်ဒုက္ခပေးတဲ့ ဂေါက်ရောဂါအကြောင်း ခပ်သွက်သွက်လေး မှတ်ကြရအောင် တိုက်ဆိုင်တဲ့သူတွေ လာထား ...
● သွေးထဲမှာ ယူရစ်အက်ဆစ်တွေ များလာမယ်။
● များလာတဲ့ ယူရစ်အက်ဆစ်တွေက အေးအေးမနေဘဲ အဆစ်အမြစ်တွေမှာ သွားစုမယ်။
● သူတို့ ဒုက္ခပေးတာ ခြေမတဲ့။
● ညသန်းခေါင်ဆို ထထနာပြီ။
● သေချာတယ်။ ဆေး စွဲသောက်ရတော့မယ်။
● သိပ်ဆိုးလာရင် ကျောက်ကပ် ကျောက်တွေ တည်မယ်။
● အဆစ်ပေါ်မှာ ရုပ်ဆိုးဆိုးဘုကြီးတွေ ထွက်လာမှာပေါ့။
● တစ်ခါနာရင် တစ်ရက် တစ်နေ့၊ တစ်ရက်ခွဲထိ ဆက်တိုက်နာတာ။
● ဆေးထိုးဆေးသောက် မလုပ်မချင်း ဒုက္ခပေးတဲ့ ဂေါက်။
● တစ်ပတ်လောက်နေရင်တော့ နင်နေ ငါသွားပဲ။
● အပြီးပျောက်သွားတာ။ ဘယ်လိုရောဂါလည်း မသိ။
ယောကျ်ားတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေ ပိုဖြစ်ပါတယ်။
ဂေါက်ရောဂါမှန်းသိချင်ရင် သွေးစစ်ရတယ်။ ယူရစ်အက်ဆစ်စစ်တာ။ အဆစ်ထဲအရည် ဖောက်စစ်တယ်။ တခြားအဆစ်အမြစ်ရောဂါတွေ ဖြစ်နေမယ်။ စစ်ဆေးရတယ်။ အရက်ဘီယာမိရင်၊ ရာသီဥတုအေးရင်၊ စိတ်ဖိစ ီးရင် ဂေါက်ထတာပဲ။ တစ်ခါတစ်လေ လများစွာ၊ နှစ်များစွာ မပေါ်ဘူးပျောက်ပြီလို့ မေ့နေပြီဆိုမှ ထဒုက္ခပေးတာ အဲဒီအကျင့်ပုပ်တဲ့ဂေါက်။ သိပ်ဆိုးတဲ့ နာတာရှည်ဂေါက်ကို မကုရင် အဆစ်ထဲမှာ ယူရစ်အက်ဆစ် ပုံဆောင်ခဲတွေ တည်သွားပြီ။ အဆစ်တွေ လုံးဝပျက်သွားတတ်တယ်။ ဂေါက်အတုရောဂါနေနေ၊ ဂေါက်အစစ်ပဲဖြစ်ဖြစ် ကုသမှု ခံယူဖို့ လိုကိုလိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























