ဂျင်းစားသုံးခြင်းဖြင့် အဆစ်ရောင်နာသက်သာစေနိုင်
ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သလို ရောဂါပျောက်ကင်းစေဖို့ တိုင်းရင်းဆေးအဖြစ်လည်း အသုံးပြု နိုင်ပါတယ်။ တရုတ်၊ အာရပ်နဲ့ အိန္ဒိယနိုင်ငံမှာ ဂျင်းကို ဆေးဖော်စပ်ရာမှာ ထည့်သွင်းဖော်စပ်လေ့ ရှိကြပြီး ရောင်ရမ်းခြင်း၊ အဆစ်ရောင်နာကို ကုသရာမှာ တိုင်းရင်းဆေးတစ်လက်အဖြစ် အသုံးပြုကြပါတယ်။ ဒါကြောင့် အဆစ် ရောင်နာရောဂါအတွက် ဂျင်းကို ဘယ်လိုအသုံးပြုသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
♦ ဂျင်းအသုံးပြုပုံ
အစားအစာထဲမှာ ဂျင်းအလွှာလိုက်ပါ၀င်အောင်စားခြင်းဖြစ်စေ၊ အမှုန့်လုပ်ပြီးသား ဂျင်းမှုန့် (Ginger Powder) ကို ထည့်သွင်းစားခြင်းဖြစ်စေ ပမာဏအားဖြင့် 2 ဂရမ်(သို့) 4 ဂရမ်လောက် နေ့စဉ်ပါ၀င်အောင် စား သုံးပေးသင့်ပါတယ်။ ဒါမှမဟုတ် ဂျင်းလက်ဖက်ရည်ကို တစ်နေ့နှစ်ကြိမ် သောက်ပေးသင့်ပြီး နာကျင် ကိုက်ခဲရာနေရာများပေါ်မှာ ဂျင်းဆီကို လိမ်းပေးပါက ေ၀ဒနာကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာ အတွက် ဂျင်း 4 ဂရမ်ထက်ပိုပြီး မစားမိစေဖို့တော့ သတိပြုသင့်ပါတယ်။
CMS






























