စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ခေါင်းကိုက်ခြင်းများ
အခုလို လူတိုင်း ရုန်းကန်လှုပ်ရှားနေရတဲ့ကာလမှာ စိတ်ဖိစီးမှုတွေများပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရသူတွေ ရှိပါတယ်။ သုတေသနတွေအရ စိတ်ကျန်းမာရေးပြဿနာရှိသူတွေမှာ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွေကို ခံစားကြရတယ်လို့ သိရပါတယ်။
>> စိတ်ကျရောဂါနှင့် ခေါင်းကိုက်ခြင်း
စိတ်ကျရောဂါ ခံစားနေရသူ တော်တော်များများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုလျော့ကျခြင်း၊ အိပ်မပျော်ခြင်း စတာတွေအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းစတဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေပါ မကြာခဏခံစားကြရပါတယ်။
တင်းအားကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက စိတ်ကျရောဂါနဲ့ အများဆုံးတွဲဖြစ်လေ့ရှိပေမယ့် စိတ်ကျရောဂါရှိသူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
ထိခိုက်ဒဏ်ရာတစ်ခုခု အကြီးအကျယ်ဖြစ်ပြီးနောက်မှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေနဲ့ ခေါင်းကိုက်ခြင်းများ၊
နောက် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ (PTSD) တွေက ပုံမှန်လူတွေထက်စာရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရသူတွေမှာ ပိုအဖြစ်များပါတယ်။
ဒါ့အပြင် ခေါင်းကိုက်ဝေဒနာ ခံစားနေရသူတွေမှာ PTSD ခံစားရတယ်ဆိုရင် PTSD မခံစားရသူတွေထက် ပိုဆိုးပါတယ်။ ခေါင်းကိုက်လွန်းလို့ နေ့စဉ်လုပ်နေကျအလုပ်တွေ မလုပ်နိုင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒီရောဂါနှစ်မျိုးလုံးကို အထိရောက်ဆုံး ကုသနိုင်တဲ့ဆေးတွေ ရှိပါတယ်။ Cognitive-behavioral therapy လို့ ခေါ်တဲ့ကုထုံးလည်း ရှိပါတယ်။
Bio Adult 1

>> စိတ်တက်လိုက်ကျလိုက်ဖြစ်တဲ့ပြဿနာနဲ့ ခေါင်းကိုက်ခြင်း
လေ့လာမှုတွေအရ စိတ်တက်လိုက်ကျလိုက် ပြဿနာရှိသူတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းလိုမျိုး ပြဿနာတွေကို ခံစားရတာများပါတယ်။ ဒီစိတ်တက်လိုက်ကျလိုက်ဝေဒနာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ကုသဖို့အတွက် ဆေးတစ်မျိုးထက်ပိုပြီး လိုအပ်ပါတယ်။
တစ်ခါတလေကျတော့ ခေါင်းကိုက်စေတဲ့ဇစ်မြစ်ကို ရှာရခက်ပါတယ်။ ဒါ့ကြောင့် နာတာရှည် ခေါင်းကိုက်နေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Zawgyi)
အခုလို လူတိုင္း ႐ုန္းကန္လႈပ္ရွားေနရတဲ့ကာလမွာ စိတ္ဖိစီးမႈေတြမ်ားၿပီး စိတ္ပိုင္းဆိုင္ရာျပႆနာေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရသူေတြ ရွိပါတယ္။ သုေတသနေတြအရ စိတ္က်န္းမာေရးျပႆနာရွိသူေတြမွာ ေခါင္းကိုက္ျခင္း၊ ေခါင္းတစ္ျခမ္းကိုက္ျခင္းေတြကို ခံစားၾကရတယ္လို႔ သိရပါတယ္။
>> စိတ္က်ေရာဂါႏွင့္ ေခါင္းကိုက္ျခင္း
စိတ္က်ေရာဂါ ခံစားေနရသူ ေတာ္ေတာ္မ်ားမ်ားမွာ ပင္ပန္းႏြမ္းနယ္ျခင္း၊ အစာစားခ်င္စိတ္မရွိျခင္း၊ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္မႈေလ်ာ့က်ျခင္း၊ အိပ္မေပ်ာ္ျခင္း စတာေတြအျပင္ ေခါင္းကိုက္ျခင္း၊ ႂကြက္သားႏွင့္ အဆစ္မ်ား နာက်င္ျခင္းစတဲ့ ခႏၶာကိုယ္ပိုင္းဆိုင္ရာလကၡဏာေတြပါ မၾကာခဏခံစားၾကရပါတယ္။
တင္းအားေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္တာက စိတ္က်ေရာဂါနဲ႔ အမ်ားဆုံးတြဲျဖစ္ေလ့ရွိေပမယ့္ စိတ္က်ေရာဂါရွိသူေတြမွာ ေခါင္းတစ္ျခမ္းကိုက္တာေတြ ျဖစ္တတ္ပါတယ္။
ထိခိုက္ဒဏ္ရာတစ္ခုခု အႀကီးအက်ယ္ျဖစ္ၿပီးေနာက္မွာ ျဖစ္တတ္တဲ့ စိတ္ပိုင္းဆိုင္ရာျပသနာေတြနဲ႔ ေခါင္းကိုက္ျခင္းမ်ား၊
ေနာက္ ျဖစ္တတ္တဲ့ စိတ္ပိုင္းဆိုင္ရာျပႆနာ (PTSD) ေတြက ပုံမွန္လူေတြထက္စာရင္ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာ ခံစားေနရသူေတြမွာ ပိုအျဖစ္မ်ားပါတယ္။
ဒါ့အျပင္ ေခါင္းကိုက္ေဝဒနာ ခံစားေနရသူေတြမွာ PTSD ခံစားရတယ္ဆိုရင္ PTSD မခံစားရသူေတြထက္ ပိုဆိုးပါတယ္။ ေခါင္းကိုက္လြန္းလို႔ ေန႔စဥ္လုပ္ေနက်အလုပ္ေတြ မလုပ္ႏိုင္ေတာ့တဲ့အထိ ျဖစ္ႏိုင္ပါတယ္။
ဒီေရာဂါႏွစ္မ်ိဳးလုံးကို အထိေရာက္ဆုံး ကုသႏိုင္တဲ့ေဆးေတြ ရွိပါတယ္။ Cognitive-behavioral therapy လို႔ ေခၚတဲ့ကုထုံးလည္ းရွိပါတယ္။
>> စိတ္တက္လိုက္က်လိုက္ျဖစ္တဲ့ျပႆနာနဲ႔ ေခါင္းကိုက္ျခင္း
ေလ့လာမႈေတြအရ စိတ္တက္လိုက္က်လိုက္ ျပႆနာရွိသူေတြက ေခါင္းတစ္ျခမ္းကိုက္ျခင္းလိုမ်ိဳး ျပႆနာေတြကို ခံစားရတာမ်ားပါတယ္။ ဒီစိတ္တက္လိုက္က်လိုက္ေဝဒနာနဲ႔ ေခါင္းတစ္ျခမ္းကိုက္တာေတြကို ကုသဖို႔အတြက္ ေဆးတစ္မ်ိဳးထက္ပိုၿပီး လိုအပ္ပါတယ္။
တစ္ခါတေလက်ေတာ့ ေခါင္းကိုက္ေစတဲ့ဇစ္ျမစ္ကို ရွာရခက္ပါတယ္။ ဒါ့ေၾကာင့္ နာတာရွည္ ေခါင္းကိုက္ေနတယ္ဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး ကုသမႈခံယူသင့္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























