စိတ်ပူပန်မှု လွန်ကဲမှု ရှိ၊ မရှိ စစ်ဆေးကြည့်ကြမယ်
ဇယားကွက်ထဲက မေးခွန်းလေးတွေဖြေပြီး အမှတ်လေးတွေ ပေးကြည့်ပါ။
အကွက်တစ်ခုချင်းစီက အမှတ်တွေကို ပေါင်းကြည့်လိုက်ပါ။ စုစုပေါင်းရလဒ် -
• 0 - 4 = စိတ်ပူပန်မှုလွန်ကဲရောဂါ အပျော့စား
• 5 - 9 = စိတ်ပူပန်မှုလွန်ကဲရောဂါ အလတ်စား
• 10 - 14 = စိတ်ပူပန်မှုလွန်ကဲရောဂါ မပြင်းမပျော့
• 15 - 21 = စိတ်ပူပန်မှုလွန်ကဲရောဂါ အပြင်းစား
ရလဒ် 10 နဲ့အထက်ရပါက စိတ်ပူပန်မှုအဆင့်ဟာ နေ့စဉ်ဘဝကိုပါ ထိခိုက်မှုရှိနေပြီ ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
>> စိတ်ပူပန်မှု လွန်ကဲခြင်းကို လျှော့ချနိုင်ဖို့ နည်းလမ်းကောင်းများ
စိတ်ပူပန်မှုကို တစ်ရက်တည်းနဲ့တော့ ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ အကောင်းဆုံး ကုသနည်းတွေနဲ့တောင် အချိန်ယူ ကုသရပါတယ်။ ဒါပေမဲ့ စိတ်ပူပန်မှုကို အမြန်ဆုံး လျှော့ချနိုင်ဖို့ အောက်ပါနည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။
1. ပြေးပါ။
ပုံမှန် လမ်းမြန်မြန်လျှောက်တာ၊ ပြေးတာ လုပ်ပေးပါ။
လှုပ်လှုပ်ရှားရှား လုပ်နိုင်လောက်အောင် ကျန်းမာနေသေးရင် နေ့စဉ်ပြေးခြင်းက အကောင်းဆုံး ကုသနည်းပဲ ဖြစ်ပါတယ်။
ပုံမှန်ပြေးခြင်းက ကမ်ဘာပေါ်မှာ စိတ်ပူပန်မှု လျော့ကျစေနိုင်တဲ့ အကောင်းဆုံးသော ဆေးတစ်လက်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပြီး စိတ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။
2. အသက်ရှူခြင်းကို သေချာလေ့ကျင့်ပါ။
စိတ်ပူပန်မှုနဲ့ ကြောက်လန့်မှုတွေကို ဖြစ်စေနိုင်တဲ့ အကြာင်းရင်းတွေထဲမှာ အသက်ရှူ မမှန်တာကလည်း အရေးပါတဲ့ အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်း ပြန်လည်ပြုလုပ်သင့်ပါတယ်။ ယောဂကျင့်စဉ်လိုမျိုး အသက်ပြင်းပြင်း ဖြည်းဖြည်းရှူတာကို လေ့ကျင့်ရမှာပါ။ အဓိကက အသက်ရှူနှုန်း နှေးသွားစေဖို့ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ -
• နှာခေါင်းကနေ 5 စက္ကန့်ခန့် အသက်ရှူသွင်းပါ။
• 2 စက္ကန့်ခန့် အသက်ရှူအောင့်ထားပါ။
• ပါးစပ်ကနေ 7 စက္ကန့်ခန့်ကြာအောင် ပြန်လည်ရှူထုတ်ပါ။
စိတ်ဝင်စားစရာကောင်းတဲ့ အခြားနည်းလမ်းတွေလည်း ရှိသေးတဲ့အတွက် ရှာဖွေကြည့်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို တစ်နေ့ 15 မိနစ်ကနေ မိနစ် 30 ခန့်ကြာအောင် လေ့ကျင့်ပေးခြင်းဖြင့် အသက်ရှူမြန်နေခြင်းကို ကာကွယ်ပေးနိုင်ပြီး စိတ်ပူပန်လွန်ကဲခြင်းကို လျော့ကျစေနိုင်ပါတယ်။
3. စားသောက်မှုပုံစံကို ပြန်လည်စိစစ်ပါ။
စားသောက်မှုပုံစံတွေက စိတ်ပူပန်မှုပေါ် သက်ရောက်မှုရှိပေမယ့် ထင်သေလာက်တော့ မများပါဘူး။ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီတွေ၊ အရက်နဲ့ ကဖိန်းဓာတ်တွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဒီအစားအစာတွေကို လျှော့ချခြင်းက စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်လာစေနိုင်ပါတယ်။
စားသောက်မှုပုံစံတွေက သူတို့ကိုယ်တိုင်တော့ စိတ်ပူပန်မှုကို မဖြစ်စေနိုင်ပေမယ့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တစ်မျိုးမျိုး လျော့နည်းနေရင်တော့ ပူပန်မှုကို များပြားစေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်ချက်တွေ ပြည့်စုံမှု ရှိ၊ မရှိကို အမြဲဆန်းစစ်နေရပါမယ်။
လူအများစု စားသောက်နေကြတဲ့ အစားအစာအများစုဟာ စိတ်ပူပန်မှုကို မများစေနိုင်ပေမယ့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုတော့ ပြည့်ဝစွာ စားသုံးပေးရပါမယ်။ မှန်ကန်စွာ စားသုံးပေးမယ် ဆိုရင်တော့ စိတ်ပူပန်မှုကို သေချာထိန်းချုပ်နိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























