/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကို-ဖြေလျှော့ဖို့-နည်းလမ်း-၅-သွယ်

စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ နည်းလမ်း (၅) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူရယ်လို့ဖြစ်လာရင် စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့မရတဲ့ အခြေအနေတစ်ခုပါပဲ။ အထူးသဖြင့် အခုလို ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာပေါ့။ စိတ်ဖိစီးမှုကို ရှောင်လွှဲလို့မရပေမယ့် ဘယ်လောက်ထိ လျှော့ချနိုင်မလဲဆိုတာတော့ ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်နော်။ ဖိစီးမှုတိုင်းက မကောင်းတာတော့ မဟုတ်ပေမယ့် ရေရှည်ဖိစီးမှုတွေ များလာရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှု အသေးစားတွေ၊ အကြီးစားတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတာကို ကိုယ့်ကိုယ်ကို သိထားမှလည်း ဘယ်အချိန်မှာ အကူအညီတောင်းခံဖို့ လိုလာပြီဆိုတာ သိမှာပါ။
ကဲ ... ဒီတော့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်ကြမလဲ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုမရှိအောင် ဘယ်လိုရှောင်ရှားကြမလဲဆိုတာ ကြည့်ကြရအောင်နော်။

Enervon-C Adult 1

၁။  အစားကောင်းကောင်းစားပါ။
ဒါမှ ကိုယ်ခံအားကောင်းပြီး စိတ်ခံစားမှုကို ကောင်းစေကာ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးနိုင်မှာပါ။

၂။  လေ့ကျင့်ခန်း တိုးလုပ်ပါ။
ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့၊ အရိုးတွေ ကြံ့ခိုင်ဖို့၊ စိတ်ဖိစီးမှုလက္ခဏာတွေ ပြေလျော့ဖို့ လေ့ကျင့်ခန်းများများလုပ်ပါ။

၃။  အိပ်ရေးဝဝအိပ်ပါ။
ဒါမှ ဖန်တီးနိုင်စွမ်းတွေတိုး၊ စိတ်ခံစားမှုတွေ ကောင်းလာပြီး စွမ်းအင်နဲ့ကိုယ်ကျန်းမာရေး ကြံ့ခိုင်တိုးတက်လာမှာ ဖြစ်ပါတယ်။

Enervon-C Adult 2

၄။  တရားထိုင်ပါ။
လက်ရှိဖြစ်နေတာတွေ၊ ဘေးပတ်ဝန်းကျင်တွေကို ဘာမှမတွေး၊ မဆုံးဖြတ်ဘဲ ကြည့်နေရုံလေး ကြည့်နေပေးပါ။

၅။  ကိုယ့်ကိုယ်ကိုပြုစုပါ။
အနှိပ်ခံပါ။ လမ်းလျှောက်ပါ။ ကော်ဖီတစ်ခွက်ကို ငြိမ်ငြိမ်လေး ထိုင်သောက်ပါ။ မိမိနှစ်သက်ရာ စာအုပ်ဖတ်ပါ။ သီချင်းလေး ထိုင်နားထောင်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)