ဆင်ခြင်သတိထားရမယ့် အစာအိမ်လေနာအကြောင်း သိကောင်းစရာ..
" ရင်ခေါင်းထဲကနေအောင့်နေတယ် ဆရာရယ် အိပ်လို့လဲမရဘူး "
အဒေါ်ကြီးက ခုတင်ဘေးက ဆရာဝန်လေးကို ပြောပြနေတာပါ။ ဆရာဝန်လေးက မျက်လုံးဝိုင်းဝိုင်း ကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုးနှင့် ပုတက်တက်လေး။ လူနာကုတင်ကသူ့အရပ်တစ်ဝက်ရှိနေပြီ။ ဗိုက်ပူသလို ထိပ်ကလဲပြောင်သည်။ ပလူမွှေးပလူတောင်ဆံပင်ကိုသပ်လိုက်သေး။ လူနာနှင့် အဖော်ပါလာသော ခရမ်းရောင်ဝမ်းဆက်နှင့်အပျိုမလေးက ဘာကြောင့်မှန်းမသိပြုံးစိစိ။ ဆရာဝန်လေးကမျက်မှောင် ကြုတ်ကာ လူနာအဒေါ်ပြောသမျှကို စိတ်ရှည်ရှည်နားထောင်နေသည်။
လူနာအန်တီရဲ့သားက ဓာတ်လိုက်ပြီးဆုံးထားတာတစ်လကျော်ပီ။ တစ်ယောက်တည်းပါသော သား လေးမို့ ရင်ကွဲမတတ်ခံစားရသည်။ ညတွေအိပ်မပျော်။ အစားစားမရဘဲခဏခဏ အန်ချင်လာသည်။
တကယ်တော့ သူမဖြစ်နေသည်မှာ စိတ်ဖိစီးမှုအလွန်များလာ၍ အစာအိမ်တွင်းအက်ဆစ်အထွက်များ လာသောကြောင့် အစာအိမ်ရောဂါစတင်ခံစားရခြင်းဖြစ်လေသည်။
Kremil-S 1
အစာစားချိန်လည်းမမှန် စိတ်ဖိစီးမှုလည်းများတဲ့အခါ အစာအိမ်ရောဂါစတင်ခံစားရပါတယ်။ အစာအိမ် ရောဂါဖြစ်စရှိတဲ့အခါ တော်တော်နဲ့ပျောက်ဖို့ခဲယဉ်းပါတယ်။ မကြာခဏပြန်အောင့်လာတတ်ပါတယ်။
သက်သာလာတာနဲ့ ဆေးကိုရပ်လိုက်ပြီး အရင်လိုအပူအစပ်တွေပြန်စား အဆာခံစိတ်ဖိစီးမှုများတဲ့အခါ သိပ်မကြာခင်ပြန်ဖြစ်ပါတယ်။ တကယ်တော့မိမိရဲ့ အနေအထိုင်အစားအသောက်ကသာ မိမိခန္ဓာ ကိုယ်ကိုပြုပြင်သွားတာဖြစ်ပါတယ်။ အစာအိမ်အနာကောင်းလာတာဖြစ်နိုင်သလို ဆိုးသွားတာလဲရှိနိုင် ပါတယ်။
ဆိုးသွားတဲ့အခါ အစာအိမ်မှာအက်ဆစ်တွေစားပြီး အနာတည်ခဲ့အခါ အနာကသွေးကြောကိုဖောက် သွားပြီး အစာအိမ်သွေးကြောပေါက်တာတွေ သွေးယိုတာတွေ အရေးပေါ်ဗိုက်ခွဲရတာတွေ ရှိလာပါ တယ်။
ရင်ခေါင်းနေရာမကြာခဏအောင့်တတ်ပြီးအစားအသောက်ပျက်ကာတစ်နေ့တခြားပိန်လာပါတယ်။
အစာအိမ်ဝေဒနာကိုပိုဆိုးစေတဲ့အရာတွေကတော့
• ဆေးလိပ်သောက်တာ
• အရက်သောက်တာ
• အပူအစပ်ကြိုက်တာ
• အဆာခံတာ
• အစားစားချိန်မမှန်တာ
• စိတ်ဖိစီးမှုများတာ
• ညစာ မစားတာတွေဖြစ်ပါတယ်။
Kremil-S 2
ဆရာဝန်လေးကလူနာကိုဆေးပေးတဲ့အပြင် ရှောင်ရန်တွေကိုတစ်ခါတည်းပြောပြရပါတယ်။ အစားကို အာရုံမစိုက်ဘဲ မြန်မြန်စားတတ်သူတွေဟာလည်း အစာအိမ်ရောဂါဖြစ်ဖို့ ရာနှုန်းများပါတယ်။ ဆေးကို လည်း ပုံမှန်သောက်ဖို့လိုပါတယ်။ တချို့တွေမှာအစာအိမ်ထဲက အနာဖြစ်စေတဲ့ပိုးကိုသတ်ပေးတဲ့ ပဋိ ဇီ၀ဆေးတွေ ဆယ်ရက် တစ်ပတ်ထိ သောက်သုံးရတတ်ပါတယ်။
ဆေးလည်းသောက်သလို လူလည်းပြုပြင်သွားမှ အစာအိမ်အနာလေးကကျက်သွားမှာဖြစ်မှာပါ။
" အစာအိမ်ဖြစ်ရင် ဘာတွေစားရမလဲဆရာ"
ဆရာဝန်လေးရဲ့ အကြံဉာဏ်ကတော့ အပူအစပ်ရှောင် အဆီများတဲ့ဟင်းတွေ ဆီကြော်တွေရှောင်ဖို့ ဖြစ်ပါတယ်။ ရေများများသောက်ပါ။ ဒါ့အပြင် အစာအိမ်ထဲကရောင်ရမ်းနာလေးကျက်သွားဖို့ သက် သာလာဖို့ အထူးပြုစားသင့်တဲ့ အစားအစာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
• ရေနွေးဖြူ
• ထမင်းပျော့ပျော့ပြောင်းပြောင်း
• ဒိန်ချဉ်
• ပေါင်မုန့်ညို
• မုန်လာဥနီဖျော်ရည်
• အုန်းရည်
• ကြက်သွန်နီ/ဖြူ
• ပန်းသီး
• အစိမ်းရင့်ရောင်အရွက်များ
• ပဲအမျိုးမျိုး
• ပန်းဂေါ်ဖီစိမ်းတို့ဖြစ်ပါတယ်။
အစာအိမ်ရောဂါဖြစ်လို့ စိတ်ညစ်စရာ၊ ကြောက်စရာမလိုပါဘူး။ ဆေးမှန်မှန်သောက်သလို မိမိကိုယ်မိမိ အနေအထိုင် အစားအသောက်ဆင်ခြင်မှ လုံးဝပျောက်ကင်းသက်သာမှာ ဖြစ်ပါတယ်။ သက်သာလိုက် အရင်လိုစားချင်တာပြန်စား အရက်ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဂျာအေးသူ့အမေရိုက်သလိုပါ ပဲ။ နောက်ဆုံးအခန့်မသင့်ရင်သွေးကြောပေါက်တာထိ အခြေအနေရောက်သွားနိုင်သေးတာမို့ အလေး ဂရုပြု ဆင်ခြင်သတိထားစရာလေးတွေကို ကြိုကြိုတင်တင်သိရှိထားသင့်ပါတယ်နော်။






























