ဆီးချိုရောဂါရှိသူတွေမှာ အချိုဓာတ်ကျခြင်း
ဆီးချိုသမားတွေမှာ အချိုဓာတ်ကျတယ်ဆို တော်တော်အံ့သြသွားကြမလား? ဘယ်လိုအချိန်မျိုးမှာ ဖြစ်တတ်တယ်ဆိုတာ ကြည့်ကြရအောင်ပါ။
ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ဓာတ်များပြီးတော့ သွေးထဲဂလုကို့စ်အချိုဓာတ် နည်းသွားတဲ့အခါ သွေးအချိုဓာတ် ကျသွားတတ်ပါတယ်။ သွေးအချိုဓာတ် ၇၀mg/dl အောက် ကျသွားရင် သို့မဟုတ် ၃.၉mmol/l အောက်ကျသွားရင် သွေးအချိုဓာတ်ကျနေပါပြီ။
ဆီးချိုသမားတွေမှာ အင်ဆူလင်ထိုးတဲ့ပမာဏ များသွားခဲ့ရင်၊ ဆီးချိုကျဆေး သောက်တာများသွားရင်၊ စားချိန်လွန်သွားခဲ့ရင်၊ ပုံမှန်ထက်ကို လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ပိုလုပ်မိခဲ့ရင် စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် အချိုဓာတ်ကျတတ်ပါတယ်။
စောစောသိ စောစောကုလို့ရအောင် အချိုဓာတ်ကျခြင်းရဲ့ အချက်ပေးခေါင်းလောင်းလက္ခဏာလေးတွေကို သတိထားဖို့ လိုပါတယ်။ တကယ်တမ်းကုသနည်းကတော့ လွယ်ပါတယ်။ ဂလုကို့စ်ဆေးပြားတွေသောက်တာ၊ သစ်သီးဖျော်ရည်လေးသောက်တာ စသဖြင့် အချိုဓာတ်ပုံမှန်ပြန်ဖြစ်သွားအောင် ပြုပြင်ပေးနိုင်ပါတယ်။
မကုသမိရင် အချိုဓာတ်ကျခြင်းကြောင့် တက်တာ၊ သတိမေ့တာတွေအထိ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်အထိကို ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိုဓာတ်ကျခြင်းရဲ့ လက္ခဏာတွေကို သိထာဖို့ အင်မတန်အရေးကြီးတာပေါ့။
>> လက္ခဏာတွေကတော့ -
** အစောပိုင်းအချက်ပေးလက္ခဏာရပ်များ -
● တုန်ယင်ခြင်း
● မူးဝေခြင်း
● ချွေးစေးပြန်ခြင်း
● ဆာလောင်ခြင်း
● စိတ်မရှည်ခြင်း
● စိတ်ပူပန်ခြင်း
● ခေါင်းကိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
** ညပိုင်းလက္ခဏာများ
အိပ်နေတုန်းမှာလည်း ဆီးချိုသမား အချိုဓာတ်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေတုန်း နိုးလာစေနိုင်တဲ့ လက္ခဏာတွေကတော့ -
● ချွေးအထွက်များခြင်းကြောင့် အဝတ်အစားတွေ၊ အိပ်ရာတွေ စိုရွှဲကုန်ခြင်း
● အိပ်မက်ဆိုးများမက်ခြင်း
● အိပ်ရာနိုးလာချိန်မှာ နုံးနေခြင်း၊ စိတ်မကြည်ခြင်း၊ ဇဝေဇဝါဖြစ်နေခြင်း
စတာတွေပဲ ဖြစ်ပါတယ်။
>> ဆီးချိုတအားကျလာတဲ့အခါ -
● တုန်ယင်ခြင်း၊ ဆတ်ခနဲဆတ်ခနဲ လှုပ်ခါခြင်း
● ကြွက်သားတွေအားနည်းခြင်း
● စကားပြောရတာ ခက်ခဲခြင်း၊ လျှာလေးခြင်း
● အမြင်ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
● အိပ်ငိုက်ခြင်း
● တက်ခြင်း
● သတိမေ့ခြင်း
● သေဆုံးခြင်းတို့အထိကို ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကို ပေါ့သေးသေး မမှတ်ပါနဲ့။ ဆီးချိုသမား အချိုဓာတ်ကျခြင်းဟာ သေစေနိုင်သည်အထိ ကြောက်ဖို့ကောင်းပါတယ်နော်။ သောက်နေတဲ့ဆေးပမာဏများတာ၊ အစာစားချိန်မမှန်တာ စသဖြင့် ဘာကြောင့် သွေးအချိုဓာတ်ကျရတယ်ဆိုတာကို ရှာဖွေပြုပြင်ပေးဖို့ အရေးကြီးပါတယ်။
Diabetone 1
ကိုယ့်အနီးအနား ပတ်ဝန်းကျင်ကလူတွေကိုလည်း သွေးအချိုဓာတ်ကျလက္ခဏာတွေကို ပြောပြထားဖို့ အရေးကြီးပြန်ပါတယ်။ ဒါမှ ကိုယ် တစ်ခုခုဖြစ်တဲ့အခါ ဘာဖြစ်မှန်းသိပြီး အကူအညီပေးနိုင်မှာပါ။ လိုအပ်ရင် ဂလူကာဂွန်ထိုးဆေးထိုးပေးဖို့လည်း လိုနိုင်ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် တစ်ချိန်နဲ့တစ်ချိန် အချိုဓာတ်ကျလက္ခဏာတွေ မတူနိုင်တဲ့အတွက် သွေးအချိုဓာတ်ကို အမြဲစစ်ဆေးကြည့်နေပြီး အချိုဓာတ်ကျရင် ကိုယ် ဘယ်လိုခံစားရတယ်ဆိုတာကို စောင့်ကြည့်ပါ။ တချို့တွေမှာ အစောပိုင်းလက္ခဏာတွေကို မသိလိုက်မိတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီလိုမသိတဲ့လူတွေမှာ ရှိရမယ့်အချိုဓာတ်ပမာဏကို မြှင့်ထားဖို့လိုပါတယ်။
>> ဘယ်အချိန်မှာ ဆေးရုံဆေးခန်းပြဖို့ လိုနိုင်ပါမလဲ?
သွေးအချိုဓာတ်ကျခြင်းကြောင့် ကယောင်ကတမ်းဖြစ်တာ၊ သတိမေ့တာတွေဖြစ်ရင်တော့ ချက်ချင်းအရေးပေါ်ကို သွားသင့်ပါတယ်။
>> သတိမေ့သွားရင်၊ မမျိုချနိုင်ခဲ့ရင် -
● အစာတွေ၊ ရေတွေ တိုက်လို့ မဖြစ်ပါဘူး။ အစာ သီးတာ၊ နင်တာ ဖြစ်တတ်ပါတယ်။
● သွေးထဲအချိုဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ ဂလူကာဂွန်ဟော်မုန်းထိုးဖို့ လိုနိုင်ပါတယ်။
● တကယ်လို့ ဂလူကာဂွန်ဟော်မုန်းထိုးဆေး အဆင်သင့်မရှိရင်တော့ အရေးပေါ်ကို ပြေးပါတော့။
တစ်ပတ်ထဲမှာ အကြိမ်ကြိမ်ကို ဆီးချိုကျတဲ့လက္ခဏာတွေ ခံစားနေရရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဆေးပြောင်းတာ၊ ဆေးပမာဏ အတိုးအလျှော့လုပ်တာ၊ ဆီးချိုကုသမှုပုံစံ ပြောင်းလဲတာတွေ လုပ်ဖို့ိလိုနိုင်ပါတယ်။
>> အချိုဓာတ်မကျအောင် ကာကွယ်နိုင်ဖို့ -
● အစားစားချိန် မလွန်ပါစေနဲ့။ အင်ဆူလင်ထိုးနေရင်ပဲဖြစ်ဖြစ်၊ ဆီးချိုထိန်းဆေးသောက်နေရင်ပဲဖြစ်ဖြစ် ကိုယ်စားတဲ့ပမာဏနဲ့ စားတဲ့အချိန်ဟာ တစ်သမတ်တည်း ဖြစ်နေဖို့လိုပါတယ်။
● သွေးအချိုဓာတ်ကို စစ်ဆေးပါ။ ကုသနည်းပေါ် မူတည်ပြီးတော့ တစ်ပတ်ကို အကြိမ်ကြိမ် ဒါမှမဟုတ် တစ်နေ့ထဲမှာ အခါခါ စစ်ဆေးမှတ်သားထားဖို့ လိုနိုင်ပါတယ်။ ဒါမှ သွေးအချိုဓာတ် လိုချင်တဲ့နှုန်းထား အတောအတွင်းရှိအောင် ထိန်းထားနိုင်မှာပါ။
● ဆေးကို သေချာစစ်ဆေးပြီး အချိန်မှန်သောက်ပါ။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါ။
● လေ့ကျင့်ခန်း ပိုလုပ်မိပြီဆိုရင် ဆေးပဲဖြစ်ဖြစ်၊ စားတဲ့ပမာဏကိုပဲဖြစ်ဖြစ် အတိုးအလျှော့လုပ်ဖို့ လိုပါတယ်။
● အရက်သောက်မယ်ဆိုရင် တစ်ခုခု တွဲစားပေးဖို့ လိုပါတယ်။
● သွေးအချိုဓာတ်ကျတဲ့လက္ခဏာတွေကို သေချာမှတ်သားထားပါ။
● ဆီးချိုမှတ်တမ်းကို အမြဲယူသွားပါ။ ဒါမှ တစ်ခုခုဖြစ်တဲ့အခါ ဘေးကလူတွေက ဆီးချိုသမားမှန်းသိပြီး အကူအညီပေးနိုင်မှာပါ။
Diabetone 2
(Zawgyi)
ဆီးခ်ိဳသမားေတြမွာ အခ်ိဳဓာတ္က်တယ္ဆို ေတာ္ေတာ္အံ့ၾသသြားၾကမလား? ဘယ္လိုအခ်ိန္မ်ိဳးမွာ ျဖစ္တတ္တယ္ဆိုတာ ၾကည့္ၾကရေအာင္ပါ။
ဆီးခ်ိဳေရာဂါရွိသူေတြမွာ အင္ဆူလင္ဓာတ္မ်ားၿပီးေတာ့ ေသြးထဲဂလုကို႔စ္အခ်ိဳဓာတ္ နည္းသြားတဲ့အခါ ေသြးအခ်ိဳဓာတ္ က်သြားတတ္ပါတယ္။ ေသြးအခ်ိဳဓာတ္ ၇၀mg/dl ေအာက္ က်သြားရင္ သို႔မဟုတ္ ၃.၉mmol/l ေအာက္က်သြားရင္ ေသြးအခ်ိဳဓာတ္က်ေနပါၿပီ။
ဆီးခ်ိဳသမားေတြမွာ အင္ဆူလင္ထိုးတဲ့ပမာဏ မ်ားသြားခဲ့ရင္၊ ဆီးခ်ိဳက်ေဆး ေသာက္တာမ်ားသြားရင္၊ စားခ်ိန္လြန္သြားခဲ့ရင္၊ ပုံမွန္ထက္ကို ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ပိုလုပ္မိခဲ့ရင္ စတဲ့ အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိဳဓာတ္က်တတ္ပါတယ္။
ေစာေစာသိ ေစာေစာကုလို႔ရေအာင္ အခ်ိဳဓာတ္က်ျခင္းရဲ႕ အခ်က္ေပးေခါင္းေလာင္းလကၡဏာေလးေတြကို သတိထားဖို႔ လိုပါတယ္။ တကယ္တမ္းကုသနည္းကေတာ့ လြယ္ပါတယ္။ ဂလုကို႔စ္ေဆးျပားေတြေသာက္တာ၊ သစ္သီးေဖ်ာ္ရည္ေလးေသာက္တာ စသျဖင့္ အခ်ိဳဓာတ္ပုံမွန္ျပန္ျဖစ္သြားေအာင္ ျပဳျပင္ေပးႏိုင္ပါတယ္။
မကုသမိရင္ အခ်ိဳဓာတ္က်ျခင္းေၾကာင့္ တက္တာ၊ သတိေမ့တာေတြအထိ ျဖစ္ႏိုင္ပါတယ္။ အသက္အႏၲရာယ္အထိကို ရွားရွားပါးပါး ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိဳဓာတ္က်ျခင္းရဲ႕ လကၡဏာေတြကို သိထာဖို႔ အင္မတန္အေရးႀကီးတာေပါ့။
>> လကၡဏာေတြကေတာ့ -
** အေစာပိုင္းအခ်က္ေပးလကၡဏာရပ္မ်ား -
● တုန္ယင္ျခင္း
● မူးေဝျခင္း
● ေခြၽးေစးျပန္ျခင္း
● ဆာေလာင္ျခင္း
● စိတ္မရွည္ျခင္း
● စိတ္ပူပန္ျခင္း
● ေခါင္းကိုက္ျခင္းတို႔ပဲ ျဖစ္ပါတယ္။
** ညပိုင္းလကၡဏာမ်ား
အိပ္ေနတုန္းမွာလည္း ဆီးခ်ိဳသမား အခ်ိဳဓာတ္က်တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အိပ္ေနတုန္း ႏိုးလာေစႏိုင္တဲ့ လကၡဏာေတြကေတာ့ -
● ေခြၽးအထြက္မ်ားျခင္းေၾကာင့္ အဝတ္အစားေတြ၊ အိပ္ရာေတြ စို႐ႊဲကုန္ျခင္း
● အိပ္မက္ဆိုးမ်ားမက္ျခင္း
● အိပ္ရာႏိုးလာခ်ိန္မွာ ႏုံးေနျခင္း၊ စိတ္မၾကည္ျခင္း၊ ဇေဝဇဝါျဖစ္ေနျခင္း
စတာေတြပဲ ျဖစ္ပါတယ္။
>> ဆီးခ်ိဳတအားက်လာတဲ့အခါ -
● တုန္ယင္ျခင္း၊ ဆတ္ခနဲဆတ္ခနဲ လႈပ္ခါျခင္း
● ႂကြက္သားေတြအားနည္းျခင္း
● စကားေျပာရတာ ခက္ခဲျခင္း၊ လွ်ာေလးျခင္း
● အျမင္ေဝဝါးျခင္း၊ ႏွစ္ထပ္ျမင္ျခင္း
● အိပ္ငိုက္ျခင္း
● တက္ျခင္း
● သတိေမ့ျခင္း
● ေသဆုံးျခင္းတို႔အထိကို ျဖစ္ႏိုင္ပါတယ္။
ေရာဂါလကၡဏာေတြကို ေပါ့ေသးေသး မမွတ္ပါနဲ႔။ ဆီးခ်ိဳသမား အခ်ိဳဓာတ္က်ျခင္းဟာ ေသေစႏိုင္သည္အထိ ေၾကာက္ဖို႔ေကာင္းပါတယ္ေနာ္။ ေသာက္ေနတဲ့ေဆးပမာဏမ်ားတာ၊ အစာစားခ်ိန္မမွန္တာ စသျဖင့္ ဘာေၾကာင့္ ေသြးအခ်ိဳဓာတ္က်ရတယ္ဆိုတာကို ရွာေဖြျပဳျပင္ေပးဖို႔ အေရးႀကီးပါတယ္။
ကိုယ့္အနီးအနား ပတ္ဝန္းက်င္ကလူေတြကိုလည္း ေသြးအခ်ိဳဓာတ္က်လကၡဏာေတြကို ေျပာျပထားဖို႔ အေရးႀကီးျပန္ပါတယ္။ ဒါမွ ကိုယ္ တစ္ခုခုျဖစ္တဲ့အခါ ဘာျဖစ္မွန္းသိၿပီး အကူအညီေပးႏိုင္မွာပါ။ လိုအပ္ရင္ ဂလူကာဂြန္ထိုးေဆးထိုးေပးဖို႔လည္း လိုႏိုင္ပါတယ္။
လူတစ္ေယာက္နဲ႔တစ္ေယာက္ တစ္ခ်ိန္နဲ႔တစ္ခ်ိန္ အခ်ိဳဓာတ္က်လကၡဏာေတြ မတူႏိုင္တဲ့အတြက္ ေသြးအခ်ိဳဓာတ္ကို အၿမဲစစ္ေဆးၾကည့္ေနၿပီး အခ်ိဳဓာတ္က်ရင္ ကိုယ္ ဘယ္လိုခံစားရတယ္ဆိုတာကို ေစာင့္ၾကည့္ပါ။ တခ်ိဳ႕ေတြမွာ အေစာပိုင္းလကၡဏာေတြကို မသိလိုက္မိတာမ်ိဳးေတြ ရွိတတ္ၾကပါတယ္။ ဒီလိုမသိတဲ့လူေတြမွာ ရွိရမယ့္အခ်ိဳဓာတ္ပမာဏကို ျမႇင့္ထားဖို႔လိုပါတယ္။
>> ဘယ္အခ်ိန္မွာ ေဆး႐ုံေဆးခန္းျပဖို႔ လိုႏိုင္ပါမလဲ?
ေသြးအခ်ိဳဓာတ္က်ျခင္းေၾကာင့္ ကေယာင္ကတမ္းျဖစ္တာ၊ သတိေမ့တာေတြျဖစ္ရင္ေတာ့ ခ်က္ခ်င္းအေရးေပၚကို သြားသင့္ပါတယ္။
>> သတိေမ့သြားရင္၊ မမ်ိဳခ်ႏိုင္ခဲ့ရင္ -
● အစာေတြ၊ ေရေတြ တိုက္လို႔ မျဖစ္ပါဘူး။ အစာ သီးတာ၊ နင္တာ ျဖစ္တတ္ပါတယ္။
● ေသြးထဲအခ်ိဳဓာတ္ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတဲ့ ဂလူကာဂြန္ေဟာ္မုန္းထိုးဖို႔ လိုႏိုင္ပါတယ္။
● တကယ္လို႔ ဂလူကာဂြန္ေဟာ္မုန္းထိုးေဆး အဆင္သင့္မရွိရင္ေတာ့ အေရးေပၚကို ေျပးပါေတာ့။
တစ္ပတ္ထဲမွာ အႀကိမ္ႀကိမ္ကို ဆီးခ်ိဳက်တဲ့လကၡဏာေတြ ခံစားေနရရင္ေတာ့ ဆရာဝန္နဲ႔ျပဖို႔ လိုပါတယ္။ ေဆးေျပာင္းတာ၊ ေဆးပမာဏ အတိုးအေလွ်ာ့လုပ္တာ၊ ဆီးခ်ိဳကုသမႈပုံစံ ေျပာင္းလဲတာေတြ လုပ္ဖို႔ိလိုႏိုင္ပါတယ္။
>> အခ်ိဳဓာတ္မက်ေအာင္ ကာကြယ္ႏိုင္ဖို႔ -
● အစားစားခ်ိန္ မလြန္ပါေစနဲ႔။ အင္ဆူလင္ထိုးေနရင္ပဲျဖစ္ျဖစ္၊ ဆီးခ်ိဳထိန္းေဆးေသာက္ေနရင္ပဲျဖစ္ျဖစ္ ကိုယ္စားတဲ့ပမာဏနဲ႔ စားတဲ့အခ်ိန္ဟာ တစ္သမတ္တည္း ျဖစ္ေနဖို႔လိုပါတယ္။
● ေသြးအခ်ိဳဓာတ္ကို စစ္ေဆးပါ။ ကုသနည္းေပၚ မူတည္ၿပီးေတာ့ တစ္ပတ္ကို အႀကိမ္ႀကိမ္ ဒါမွမဟုတ္ တစ္ေန႔ထဲမွာ အခါခါ စစ္ေဆးမွတ္သားထားဖို႔ လိုႏိုင္ပါတယ္။ ဒါမွ ေသြးအခ်ိဳဓာတ္ လိုခ်င္တဲ့ႏႈန္းထား အေတာအတြင္းရွိေအာင္ ထိန္းထားႏိုင္မွာပါ။
● ေဆးကို ေသခ်ာစစ္ေဆးၿပီး အခ်ိန္မွန္ေသာက္ပါ။ ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း ေသာက္ပါ။
● ေလ့က်င့္ခန္း ပိုလုပ္မိၿပီဆိုရင္ ေဆးပဲျဖစ္ျဖစ္၊ စားတဲ့ပမာဏကိုပဲျဖစ္ျဖစ္ အတိုးအေလွ်ာ့လုပ္ဖို႔ လိုပါတယ္။
● အရက္ေသာက္မယ္ဆိုရင္ တစ္ခုခု တြဲစားေပးဖို႔ လိုပါတယ္။
● ေသြးအခ်ိဳဓာတ္က်တဲ့လကၡဏာေတြကို ေသခ်ာမွတ္သားထားပါ။
● ဆီးခ်ိဳမွတ္တမ္းကို အၿမဲယူသြားပါ။ ဒါမွ တစ္ခုခုျဖစ္တဲ့အခါ ေဘးကလူေတြက ဆီးခ်ိဳသမားမွန္းသိၿပီး အကူအညီေပးႏိုင္မွာပါ။




























