/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါရှိသူတွေ-နေ့စဉ်-စားသုံးသင့်သော-အစားအစာ-10-မျိုး

ဆီးချိုရောဂါရှိသူတွေ နေ့စဉ် စားသုံးသင့်သော အစားအစာ (10) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမျိုးအစား (၂) ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ရနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို သေချာရွေးချယ် စားသောက်ဖို့ လိုပါတယ်။

 

1.      ဘလူးဘယ်ရီ

          ဘလူးဘယ်ရီသီး စားခြင်းအားဖြင့် နေ့စဉ် လိုအပ်တဲ့ ကစီဓာတ်ပမာဏအချို့ကို ပေးစွမ်းနိုင်ပါတယ်။ ဘလူးဘယ်ရီ အပါအဝင် ဘယ်ရီသီးတွေကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် အင်ဆူလင်ကို တုံ့ပြန်နိုင်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပြီး အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

 

2.      လိမေ္မာ်သီး

          လိမေ္မာ်သီး၊ ဂရိတ်ဖရုသီးစတဲ့ Citrous အသီးတွေမှာ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓာတ် ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိသလို ကိုလက်စရောပမာဏကိုလည်း ကောင်းမွန်စေပါတယ်။

 

3.      ကုလားပဲ

          ကုလားပဲ အပါအဝင် ပဲအမျိုးမျိုးနဲ့ ပဲတောင့်ရှည်တွေက သကြားဓာတ်နည်းတဲ့ အစားအစာတွေ ဖြစ်တဲ့အတွက် ဆီးချိုသမားတွေအတွက် အထူးပဲ သင့်တော်ပါတယ်။ လေ့လာမှုအရ ပဲတောင့်ရှည် နေ့စဉ်စားသုံးသူတွေက HbA1C (သွေးတွင်းသကြားဓာတ်ကို တိုင်းတာခြင်း) နဲ့ သွေးပေါင်ချိန် လျော့ကျတာကို တွေ့ရပါတယ်။

 

4.      ချောကလက်အမည်း

          အရည်အသွေး မြင့်မားတဲ့ ချောကလက်အမည်းကို နေ့စဉ် အနည်းငယ် စားသုံးပေးခြင်းဖြင့် အစားမစားမီ အင်ဆူလင်ပမာဏနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

 

5.      အပင်မှ အခြေခံပြီး ရရှိသောအစားအစာများ

          သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးများ၊ ပဲတောင့်ရှည်တွေပဲ စားပြီး အသားမစားတဲ့ ဟင်းသီးဟင်းရွက်စားသမားတွေက HbA1C, သွေးပေါင်ချိန်၊ TG သွေးတွင်းအဆီဓာတ်တွေကို လျော့ကျစေကာ HDL ဆိုတဲ့ ကောင်းတဲ့အဆီဓာတ်ကို မြင့်တက်စေပါတယ်။ ဒီအသီးအရွက် စားတဲ့သူတွေရဲက 62% လောက်က သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်အတွင်းမှာ ရှိကြပါတယ်။

 

6.      သံလွင်ဆီ

          ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီတွေနဲ့ ဆီအရောတွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီကို အစားထိုး စားသင့်ပါတယ်။ သံလွင်ဆီ (Extra Virgin) စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေရုံသာမက ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုကိုလည်း ကောင်းလာစေပါတယ်။ ဒါကြောင့် နေ့စဉ် အစားအစာတွေ ချက်ပြုတ်တဲ့နေရာမှာ၊ အသုပ်သုပ်တဲ့နေရာမှာ သံလွင်ဆီနဲ့ အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ထောပတ်သီးတွေနဲ့ ငါးတွေကို စားသုံးသင့်ပါတယ်။

 

7.      အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

          အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ ကစီဓာတ်မပါတဲ့ အသီးအရွက်တွေကို များများစားတဲ့ ဆီးချိုသမားတွေမှာ HbA1c (3 လအတွင်း သွေးတွင်းသကြားဓာတ်) လျော့ကျစေတဲ့အပြင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

 

8.      အခွံမာသီးများနှင့် မြေပဲထောပတ်

          အခွံမာသီး တစ်ပတ်ကို 5 ခွက် ( 1 ခွက် = အခွံမာသီး 1 အောင်စ) သို့ မြေပဲထောပတ် စားပွဲဇွန်း 1 ဇွန်း စားသုံးခြင်းက အမျိုးအစား (၂) ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေတွေကို သိသာစွာ လျော့ကျစေပါတယ်။

 

9.      Probiotic

          ဒိန်ချဉ်စတဲ့ Probiotic ကြွယ်ဝတဲ့ အစားအစာတွေကို 8 ပတ်ကျော် ပုံမှန်စားသုံးခြင်းဖြင့် အစားမစာမီ သွေးတွင်းသကြားဓာတ်ပမာဏနဲ့ HbA1C ပမာဏကို ကျဆင်းစေပါတယ်။

 

10.    သစ်ကြံပိုးခေါက်

          သစ်ကြံပိုးခေါက်က အင်ဆူလင် တုံ့ပြန်နိုင်မှုကို တိုးတက်စေပြီး သွေးတွင်းသကြားဓာတ် လျော့ကျစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)