/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချို-သွေးချိုရှိသူတိုင်း-သိရမယ့်-hba1c-စစ်ဆေးခြင်း

ဆီးချို သွေးချိုရှိသူတိုင်း သိရမယ့် HbA1c စစ်ဆေးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(Zawgyi)

    ေသြးေဖာက္ၿပီး HbA1c ပမာဏ တိုင္းတာျခင္းကို အမ်ိဳးအစား ၁ နဲ႔ ၂ ဆီးခ်ိဳေရာဂါရွိသူေတြမွာ ပံုမွန္စစ္ေဆးရတဲ့ ေသြးစစ္ခ်က္တစ္မ်ိဳး ျဖစ္ပါတယ္။ HbA1c ဆိုတာ လြန္ခဲတဲ့ ၆-၈ ပတ္အတြင္းက ေသြးတြင္းသၾကားဓာတ္ပမာဏကို တိုင္းတာတာ ျဖစ္ပါတယ္။ လတ္တေလာ ေသြးတြင္းသၾကားဓာတ္ကို စစ္ေဆးတာ မဟုတ္ပါဘူး။ ဆီးခ်ိဳသမားတစ္ေယာက္ဟာ ဆီးခ်ိဳေရာဂါကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ရဲ႕လားဆိုတာ သိႏိုင္တဲ့ စစ္ေဆးမႈတစ္မ်ိဳး ျဖစ္ပါတယ္။

>>    လူတစ္ေယာက္ရဲ႕ HbA1c ပမာဏကို ဘယ္လိုေလွ်ာ့ခ်ႏိုင္သလဲ?
    အမ်ိဳးအစား ၁ (သို႔) ၂ ဆီးခ်ိဳေရာဂါကုသမႈကို စနစ္တက် လိုက္နာပါက HbA1c ပမာဏကို ေလ်ာ့က်ေစပါတယ္။ ဒီကုထံုးမွာဆိုရင္ -
●    အစားအေသာက္ပိုင္းဆိုင္ရာမ်ား
●    ကိုယ္လက္လႈပ္ရွားမႈ
●    သင့္တင့္ေသာ ကိုယ္အေလးခ်ိန္ရွိမႈ
●    ေဆးဝါးမ်ား အားလံုး ေပါင္းစပ္ ပါဝင္ပါတယ္။
    HbA1c ပမာဏ ပံုမွန္အတြင္းရွိျခင္းက ဆီးခ်ိဳေရာဂါကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာကို ျပပါတယ္။ ဆရာဝန္ ညႊန္ၾကားထားတဲ့ ကုထံုးေတြကို ေသခ်ာလိုက္နာလ်က္နဲ႔ HbA1c ပမာဏက ဆက္ျမင့္ေနတုန္းပဲ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ ေဆြးေႏြးၿပီး ကုထံုးပံုစံကို ေျပာင္းလဲဖို႔လိုပါတယ္။

Diabetone 1

>>    HbA1c တိုင္းတာျခင္းရဲ႕ ကန္႔သတ္ခ်က္္ေတြက ဘာေတြလဲ?
    HbA1c ပမာဏက ေန႔စဥ္ ေသြးတြင္းသၾကားဓာတ္ အတက္အက်ကို ေျပာတာမဟုတ္တဲ့အတြက္ ေန႔စဥ္ေသြးတြင္းသၾကားဓာတ္ကို ေစာင့္ၾကည့္ဖို႔၊ အင္ဆူလင္ပမာဏကို ထိန္းညိႇဖို႔အတြက္ သံုးလို႔မရပါဘူး။ အခ်ဳိ႕ေသာ က်န္းမာေရးအေျခအေနေတြမွာ HbA1c ပမာဏက မွားယြင္းၿပီး ျမင့္မားေနတတ္ပါတယ္။ ဒါေတြကေတာ့ -
●    နာတာရွည္ ေက်ာက္ကပ္ပ်က္စီးျခင္း
●    သက္တမ္းၾကာျမင့္စြာ အရက္ အလြန္အကၽြံေသာက္သံုးျခင္း
●    ေသြးတြင္းအဆီမ်ားျခင္း

>>    HbA1c ပမာဏ မွားယြင္းၿပီး ေလ်ာ့နည္းေစေသာ က်န္းမာေရးအေျခအေနမ်ား
●    ႐ုတ္တရက္ (သို႔) နာတာရွည္ ေသြးဆံုးရႈံးမႈမ်ား
●    ေသြးအားနည္းေရာဂါတစ္မ်ိဳး (sickle cell disease)
●    Thalassemia ေသြးအားနည္းေရာဂါ

>>    HbA1c ပံုမွန္ပမာဏ ဘယ္ေလာက္ရွိလဲ?
    က်န္းမာတဲ့လူေတြမွာ HbA1c က စုစုေပါင္းေသြးနီဥ Hbရဲ႕ 6% ေအာက္ နည္းပါတယ္။ 6.5% ရွိရင္ ဆီးခ်ိဳရွိတယ္လို႔ ျပပါတယ္။ ေလ့လာမႈေတြအရ HbA1c ပမာဏကို 7% ေအာက္ ထိန္းထားႏိုင္ရင္ ဆီးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ကာကြယ္ႏိုင္တယ္ (သို႔) ဆိုးက်ိဳးေတြျဖစ္လာဖို႔ ၾကန္႔ၾကာေစတယ္လို႔ ဆိုပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Diabetone 2

(Unicode)

    သွေးဖောက်ပြီး HbA1c ပမာဏ တိုင်းတာခြင်းကို အမျိုးအစား ၁ နဲ့ ၂ ဆီးချိုရောဂါရှိသူတွေမှာ ပုံမှန်စစ်ဆေးရတဲ့ သွေးစစ်ချက်တစ်မျိုး ဖြစ်ပါတယ်။ HbA1c ဆိုတာ လွန်ခဲတဲ့ ၆-၈ ပတ်အတွင်းက သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာတာ ဖြစ်ပါတယ်။ လတ်တလော သွေးတွင်းသကြားဓာတ်ကို စစ်ဆေးတာ မဟုတ်ပါဘူး။ ဆီးချိုသမားတစ်ယောက်ဟာ ဆီးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်ရဲ့လားဆိုတာ သိနိုင်တဲ့ စစ်ဆေးမှုတစ်မျိုး ဖြစ်ပါတယ်။

>>    လူတစ်ယောက်ရဲ့ HbA1c ပမာဏကို ဘယ်လိုလျှော့ချနိုင်သလဲ?
    အမျိုးအစား ၁ (သို့) ၂ ဆီးချိုရောဂါကုသမှုကို စနစ်တကျ လိုက်နာပါက HbA1c ပမာဏကို လျော့ကျစေပါတယ်။ ဒီကုထုံးမှာဆိုရင် -
●    အစားအသောက်ပိုင်းဆိုင်ရာများ
●    ကိုယ်လက်လှုပ်ရှားမှု
●    သင့်တင့်သော ကိုယ်အလေးချိန်ရှိမှု
●    ဆေးဝါးများ အားလုံး ပေါင်းစပ် ပါဝင်ပါတယ်။
    HbA1c ပမာဏ ပုံမှန်အတွင်းရှိခြင်းက ဆီးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြပါတယ်။ ဆရာဝန် ညွှန်ကြားထားတဲ့ ကုထုံးတွေကို သေချာလိုက်နာလျက်နဲ့ HbA1c ပမာဏက ဆက်မြင့်နေတုန်းပဲ ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပြီး ကုထုံးပုံစံကို ပြောင်းလဲဖို့လိုပါတယ်။

>>    HbA1c တိုင်းတာခြင်းရဲ့ ကန့်သတ်ချက်တွေက ဘာတွေလဲ?
    HbA1c ပမာဏက နေ့စဉ် သွေးတွင်းသကြားဓာတ် အတက်အကျကို ပြောတာမဟုတ်တဲ့အတွက် နေ့စဉ်သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်ဖို့၊ အင်ဆူလင်ပမာဏကို ထိန်းညှိဖို့အတွက် သုံးလို့မရပါဘူး။ အချို့သော ကျန်းမာရေးအခြေအနေတွေမှာ HbA1c ပမာဏက မှားယွင်းပြီး မြင့်မားနေတတ်ပါတယ်။ ဒါတွေကတော့ -
●    နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း
●    သက်တမ်းကြာမြင့်စွာ အရက် အလွန်အကျွံသောက်သုံးခြင်း
●    သွေးတွင်းအဆီများခြင်း

>>    HbA1c ပမာဏ မှားယွင်းပြီး လျော့နည်းစေသော ကျန်းမာရေးအခြေအနေများ
●    ရုတ်တရက် (သို့) နာတာရှည် သွေးဆုံးရှုံးမှုများ
●    သွေးအားနည်းရောဂါတစ်မျိုး (sickle cell disease)
●    Thalassemia သွေးအားနည်းရောဂါ

>>    HbA1c ပုံမှန်ပမာဏ ဘယ်လောက်ရှိလဲ?
    ကျန်းမာတဲ့လူတွေမှာ HbA1c က စုစုပေါင်းသွေးနီဥ Hbရဲ့ 6% အောက် နည်းပါတယ်။ 6.5% ရှိရင် ဆီးချိုရှိတယ်လို့ ပြပါတယ်။ လေ့လာမှုတွေအရ HbA1c ပမာဏကို 7% အောက် ထိန်းထားနိုင်ရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်တယ် (သို့) ဆိုးကျိုးတွေဖြစ်လာဖို့ ကြန့်ကြာစေတယ်လို့ ဆိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)