/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးဖြူသီးရဲ့-ကောင်းကျိုးအထွေထွေ

ဆီးဖြူသီးရဲ့ ကောင်းကျိုးအထွေထွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ဆီးဖြူသီးရဲ့ကောင်းကျိုးများ

●      အအေးမိ၊ လည်ချောင်းနာခြင်းကို သက်သာစေခြင်း

          ဆီးဖြူသီးမှာ ဗီတာမင်စီတွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ဆီးဖြူမှုန့် 2 ဇွန်းနဲ့ ပျားရည် 2 ဇွန်းကို ရောကာ တစ်နေ့ 4 ကြိမ် စားပေးခြင်းက အအေးမိ၊ လည်ချောင်းနာခြင်းအတွက် အထူးပင် ကောင်းမွန်ပါတယ်။

 

●      ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

          အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

 

●      ပါးစပ်အပူနာများကို သက်သာစေခြင်း

          ဆီးဖြူသီးရည်ကို ရေခွက် တစ်ဝက်နဲ့ရောပြီ ပလုတ်ကျင်းပေးပါက ပါးစပ်အပူနာများကို သက်သာစေနိုင်ပါတယ်။

 

●      အရောင် သက်သာစေခြင်း

          ဆီးဖြူသီးကို အခြောက်ပုံစံဖြစ်စေ၊ အသီးအတိုင်းဖြစ်စေ စားပေးပါက အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

 

●      ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း

          ဝိတ်လျှော့ဖို့ ကြိုးစားနေပါသလား? ဆိီးဖြူသီး စားပေးခြင်းက အစာချေစနစ်ကို မြန်ဆန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုပါတယ်။

 

>>    ဆီးဖြူသီးကို အသုံးပြုပုံ

●      အဆာပြေ ဆီးဖြူသီးခြောက်

          အရည်ရွှန်းပြီး ချိုမြိန်လှတဲ့ ဆီးဖြူသီးဟာ   အသင့်တော်ဆုံး သရေစာဖြစ်မှာပါ။ သူ့မှာပါတဲ့ ဗီတာမင်စီဟာ ဗီတာမင်စီ ဖြည့်စွက်စာတွေလို မဟုတ်ဘဲ ခန္ဓာကိုယ်က စုပ်ယူမှု မြန်ဆန်ပါတယ်။ ပိုအရသာရှိအောင် ဆီးဖြူသီးခြောက်ကို ပျားရည်နဲ့ရောပြီး စားနိုင်ပါသေးတယ်။

 

●      ဆံပင်အတွက် ဆီးဖြူသီးမှုန့်

          ဆီးဖြူသီးဟာ အာဟာရဓာတ် ပြည့်ဝတဲ့အတွက် ဆံကေသာတွေကိူ နူးညံ့တောက်ပြောင်စေနိုင်ပါတယ်။ ဆံပင်အရင်းထိကို အားဖြည့်ပေးပြီး ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းစေနိုင်တဲ့အတွက် ဆံပင် အရှည်မြန်စေပါတယ်။ ဆီးဖြူဆီ ဒါမှမဟုတ် ဆီးဖြူမှုန့်ကို အုန်းဆီနဲ့ရောပြီး ဆံပင်မှာ လိမ်းပေးနိုင်ပါတယ်။

 

●      ဝင်းပတဲ့ အသားအရေအတွက် ဆီးဖြူသီး

          ဒီထူးခြားတဲ့အသီးဟာ အကောင်းဆုံးသော နုပျိုဆေးမှာ ပါ,ပါတယ်။ ဆီးဖြူသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ချောမွေ့တောက်ပြောင်တဲ့ အသားအရေကို ရရှိစေနိုင်တဲ့အပြင် အမြင်အာရုံကို ကြည်လင်စေခြင်း၊ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း၊ သွေးတွင်း အချိုဓာတ်နဲ့ အဆီဓာတ်တို့ကို ထိန်းညှိပေးခြင်း စတဲ့ အကျိုးတွေကို ရရှိစေနိုင်ပါတယ်။

          ဆီးဖြူသီးကို အစိမ်းတိုင်း အလွယ်တကူ စားပေးနိုင်သလို အခြောက်ခံပြီး ဗိုက်ဆာတိုင်း အဆာပြေ စားပေးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)