/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးရုံ၊-ဆေးခန်း-ချက်ချင်းသွားရမယ့်-ခေါင်းကိုက်ခြင်း-၅-မျိုး

ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားရမယ့် ခေါင်းကိုက်ခြင်း (၅) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။  စကားပြောရတာ၊ ကြည့်ရမြင်ရတာ အပြောင်းအလဲတွေဖြစ်လာခြင်း
ရိုးရိုးခေါင်းကိုက်တာ မဟုတ်ဘူးဆိုရင် တခြားလက္ခဏာတွေပါ တွဲလာတတ်ပါတယ်။ အမြင်အာရုံတွေ ပြောင်းလဲတာ၊ စကားပြောရတာ၊ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်လာတာ၊ ကိုယ်တစ်ခြမ်း လှုပ်မရတော့တာမျိုး ဖြစ်လာရင်တော့ လေဖြတ်တာ ဖြစ်နိုင်ပါတယ်။
လေဖြတ်တယ်ဆိုတာ ဦးနှောက်ကို သွေးသွားတာ လုံးဝကြီးဖြစ်စေ၊ ဆိုးဆိုးရွားရွားဖြစ်စေ နည်းပါးသွားပြီးတော့ ဦးနှောက်ဆဲလ်တွေ ချက်ချင်းသေဆုံးသွားတာပါ။  ရုတ်တရက်ကြီးထပြီး ခေါင်းကိုက်တာမျိုးက ခေါင်းတစ်ခြမ်းကိုက်တာမျိုးမဟုတ်ဘဲ လေဖြတ်တာကြောင့် ပိုဖြစ်နိုင်ပါတယ်။

၂။  အမူအကျင့်တွေ ပြောင်းလဲလာခြင်း
ခေါင်းကိုက်တာ ပိုပိုဆိုးလာပြီး အမူအကျင့်ပြောင်းလဲလာတာမျိုးရှိနေရင် ဦးနှောက်အကျိတ် ဖြစ်နိုင်ပါတယ်။ အကျိတ်ဆိုတိုင်း ကင်ဆာမဟုတ်ပေမယ့် အကျိတ်ကလည်း ပြဿနာပေးနိုင်ပါတယ်။
အကျိတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ကြီးထွားလာတဲ့အခါ ဦးနှောက်ထဲက သွေးကြောတွေကိုဖိပြီးတော့ ခေါင်းကိုက်စေနိုင်ပါတယ်။ ဦးနှောက်အသားကိုလည်း ဖိနိုင်တာမို့ ဖိမိတဲ့နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့်လည်း အမူအကျင့်တွေ ပြောင်းလဲလာတာမျိုး ဖြစ်တတ်တာပါ။
အမေရိကန်ဦးနှောက်အကျိတ်အဖွဲ့အစည်းရဲ့ အဆိုအရ ဦးနှောက်ကင်ဆာဖြစ်သူ တစ်ဝက်လောက်မှာ အမူအကျင့်ပြောင်းလဲတာနဲ့ လာတတ်ပါတယ်တဲ့။ မှတ်ဉာဏ်တွေ၊ စိတ်အာရုံစူးစိုက်မှု၊ စဉ်းစားဆင်ခြင်မှု၊ အရေးအဖတ်နဲ့ စိတ်ခံစားချက်ထိန်းချုပ်မှုတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ခံစားလာရတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်မှာသော်လည်းကောင်း၊ ဘေးပတ်ဝန်းကျင်ကလူတွေမှာသော်လည်းကောင်း ခေါင်းကိုက်တာအပြင် ဒီလိုလက္ခဏာတွေပါ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြပေးပါ။

၃။  ရုတ်တရက်ကြီးနဲ့ ပြင်းပြင်းထန်ထန် ကိုက်လာခြင်း
ဦးနှောက်ထဲက သွေးကြောတွေ အားနည်းပြီး ဖောင်းကားလာပြီး သွေးကြောကျယ်တာ ဖြစ်လာပါတယ်။ တော်ရုံတော့ လက္ခဏာ မပြတတ်ပါဘူး။ တအားကြီးလာရင်တော့ ခေါင်းကိုက်တာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ပေါက်ထွက်သွားရင်တော့ ပြင်းပြင်းထန်ထန်နဲ့ ရုတ်ချည်း ခေါင်းကိုက်လာတတ်ပါတယ်။
ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ တစ်သက်တာမှာ အဆိုးဆုံးခေါင်းကိုက်ခြင်းလို့ ပြောနိုင်ပြီး မိုးကြိုးခေါင်းကိုက်ခြင်းလို့ တင်စားခေါ်ဆိုပါတယ်။
ဒါ့အပြင် ပျို့အန်တာ၊ အားနည်းသွားတာ၊ မူးဝေတာမျိုးနဲ့လည်း လာတတ်ပါတယ်။ ဒီလိုမျိုးသာ ခေါင်းကိုက်နေရင် အရေးပေါ်ကို ပြေးပါတော့နော်။

Bio Adult 1

၄။  လည်ပင်းကြီး တောင့်နေခြင်း၊ အဖျားကြီးနေခြင်း
ခေါင်းကိုက်ပြီးဖျားနေရင် တုပ်ကွေးလို့ပဲ ထင်မိမှာပါ။ ဒါပေမဲ့ လည်ပင်းကြီး တောင့်နေတယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်တာ ဖြစ်နိုင်ပါတယ်နော်။
ဘက်တီးရီးယားဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ဖြစ်ဖြစ် ဦးနှောက်နဲ့အာရုံကြောမကြီးကို ကာရံထားတဲ့ အမြှေးပါးကို ဝင်ရောက်တဲ့အခါ ပျို့ချင်၊ အန်ချင်တာအပြင် တက်တာပါ ဖြစ်လာတတ်ပါတယ်။ တခြားပိုးဝင်တာတွေနဲ့တူလို့ ခွဲရခက်တတ်ပေမယ့် ခေါင်းကိုက်တာနဲ့ အပေါ်ကလက္ခဏာတွေ တွဲလာရင်တော့ ဦးနှောက်အမြှေးပါးရောင်တာမျိုး ဖြစ်တတ်ပါတယ်။

၅။  ခေါင်းကိုက်ခြင်းဟာ နေ့စဉ်ဘဝကို ထိခိုက်လာခြင်း
ခေါင်းကိုက်ခြင်းကြောင့် တစ်နေကုန် အိပ်ရာထဲမှာပဲ လှဲနေရတယ်၊ ဒါမှမဟုတ် နေ့စဉ်လုပ်ရိုးလုပ်စဉ်အလုပ်တွေကို မလုပ်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဒါမှမဟုတ် အပေါ်မှာပြောခဲ့တဲ့ ရောဂါတစ်ခုခု ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်ကပဲ ဒါတွေကို စမ်းသပ်သိရှိနိုင်မှာမို့ ဆရာဝန်နဲ့ အမြန်ဆုံးသာ ပြလိုက်ပါနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2

(Zawgyi)

၁။  စကားေျပာရတာ၊ ၾကည့္ရျမင္ရတာ အေျပာင္းအလဲေတြျဖစ္လာျခင္း
႐ိုး႐ိုးေခါင္းကိုက္တာ မဟုတ္ဘူးဆိုရင္ တျခားလကၡဏာေတြပါ တြဲလာတတ္ပါတယ္။ အျမင္အာ႐ုံေတြ ေျပာင္းလဲတာ၊ စကားေျပာရတာ၊ လမ္းေလွ်ာက္ရတာ အဆင္မေျပျဖစ္လာတာ၊ ကိုယ္တစ္ျခမ္း လႈပ္မရေတာ့တာမ်ိဳး ျဖစ္လာရင္ေတာ့ ေလျဖတ္တာ ျဖစ္ႏိုင္ပါတယ္။
ေလျဖတ္တယ္ဆိုတာ ဦးေႏွာက္ကို ေသြးသြားတာ လုံးဝႀကီးျဖစ္ေစ၊ ဆိုးဆိုးရြားရြားျဖစ္ေစ နည္းပါးသြားၿပီးေတာ့ ဦးေႏွာက္ဆဲလ္ေတြ ခ်က္ခ်င္းေသဆုံးသြားတာပါ။  ႐ုတ္တရက္ႀကီးထၿပီး ေခါင္းကိုက္တာမ်ိဳးက ေခါင္းတစ္ျခမ္းကိုက္တာမ်ိဳးမဟုတ္ဘဲ ေလျဖတ္တာေၾကာင့္ ပိုျဖစ္ႏိုင္ပါတယ္။

၂။  အမူအက်င့္ေတြ ေျပာင္းလဲလာျခင္း
ေခါင္းကိုက္တာ ပိုပိုဆိုးလာၿပီး အမူအက်င့္ေျပာင္းလဲလာတာမ်ိဳးရွိေနရင္ ဦးေႏွာက္အက်ိတ္ ျဖစ္ႏိုင္ပါတယ္။ အက်ိတ္ဆိုတိုင္း ကင္ဆာမဟုတ္ေပမယ့္ အက်ိတ္ကလည္း ျပႆနာေပးႏိုင္ပါတယ္။
အက်ိတ္ထဲမွာ ပုံမွန္မဟုတ္တဲ့ဆဲလ္ေတြ ႀကီးထြားလာတဲ့အခါ ဦးေႏွာက္ထဲက ေသြးေၾကာေတြကိုဖိၿပီးေတာ့ ေခါင္းကိုက္ေစႏိုင္ပါတယ္။ ဦးေႏွာက္အသားကိုလည္း ဖိႏိုင္တာမို႔ ဖိမိတဲ့ေနရာေပၚမူတည္ၿပီး ေရာဂါလကၡဏာေတြ ေပၚလာတတ္ပါတယ္။ ဒါေၾကာင့္လည္း အမူအက်င့္ေတြ ေျပာင္းလဲလာတာမ်ိဳး ျဖစ္တတ္တာပါ။
အေမရိကန္ဦးေႏွာက္အက်ိတ္အဖြဲ႕အစည္းရဲ႕ အဆိုအရ ဦးေႏွာက္ကင္ဆာျဖစ္သူ တစ္ဝက္ေလာက္မွာ အမူအက်င့္ေျပာင္းလဲတာနဲ႔ လာတတ္ပါတယ္တဲ့။ မွတ္ဉာဏ္ေတြ၊ စိတ္အာ႐ုံစူးစိုက္မႈ၊ စဥ္းစားဆင္ျခင္မႈ၊ အေရးအဖတ္နဲ႔ စိတ္ခံစားခ်က္ထိန္းခ်ဳပ္မႈေတြနဲ႔ပတ္သက္တဲ့ ျပႆနာေတြလည္း ခံစားလာရတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကိုယ္တိုင္မွာေသာ္လည္းေကာင္း၊ ေဘးပတ္ဝန္းက်င္ကလူေတြမွာေသာ္လည္းေကာင္း ေခါင္းကိုက္တာအျပင္ ဒီလိုလကၡဏာေတြပါ ျဖစ္လာၿပီဆိုရင္ ဆရာဝန္နဲ႔ ျပေပးပါ။

၃။  ႐ုတ္တရက္ႀကီးနဲ႔ ျပင္းျပင္းထန္ထန္ ကိုက္လာျခင္း
ဦးေႏွာက္ထဲက ေသြးေၾကာေတြ အားနည္းၿပီး ေဖာင္းကားလာၿပီး ေသြးေၾကာက်ယ္တာ ျဖစ္လာပါတယ္။ ေတာ္႐ုံေတာ့ လကၡဏာ မျပတတ္ပါဘူး။ တအားႀကီးလာရင္ေတာ့ ေခါင္းကိုက္တာမ်ိဳး ျဖစ္ေစတတ္ပါတယ္။ ဒါေပမဲ့ ႐ုတ္တရက္ႀကီး ေပါက္ထြက္သြားရင္ေတာ့ ျပင္းျပင္းထန္ထန္နဲ႔ ႐ုတ္ခ်ည္း ေခါင္းကိုက္လာတတ္ပါတယ္။
ဒီလိုေခါင္းကိုက္ျခင္းမ်ိဳးဟာ တစ္သက္တာမွာ အဆိုးဆုံးေခါင္းကိုက္ျခင္းလို႔ ေျပာႏိုင္ၿပီး မိုးႀကိဳးေခါင္းကိုက္ျခင္းလို႔ တင္စားေခၚဆိုပါတယ္။
ဒါ့အျပင္ ပ်ိဳ႕အန္တာ၊ အားနည္းသြားတာ၊ မူးေဝတာမ်ိဳးနဲ႔လည္း လာတတ္ပါတယ္။ ဒီလိုမ်ိဳးသာ ေခါင္းကိုက္ေနရင္ အေရးေပၚကို ေျပးပါေတာ့ေနာ္။

၄။  လည္ပင္းႀကီး ေတာင့္ေနျခင္း၊ အဖ်ားႀကီးေနျခင္း
ေခါင္းကိုက္ၿပီးဖ်ားေနရင္ တုပ္ေကြးလို႔ပဲ ထင္မိမွာပါ။ ဒါေပမဲ့ လည္ပင္းႀကီး ေတာင့္ေနတယ္ဆိုရင္ေတာ့ ဦးေႏွာက္အေျမႇးေရာင္တာ ျဖစ္ႏိုင္ပါတယ္ေနာ္။
ဘက္တီးရီးယားျဖစ္ျဖစ္၊ ဗိုင္းရပ္စ္ျဖစ္ျဖစ္ ဦးေႏွာက္နဲ႔အာ႐ုံေၾကာမႀကီးကို ကာရံထားတဲ့ အေျမႇးပါးကို ဝင္ေရာက္တဲ့အခါ ပ်ိဳ႕ခ်င္၊ အန္ခ်င္တာအျပင္ တက္တာပါ ျဖစ္လာတတ္ပါတယ္။ တျခားပိုးဝင္တာေတြနဲ႔တူလို႔ ခြဲရခက္တတ္ေပမယ့္ ေခါင္းကိုက္တာနဲ႔ အေပၚကလကၡဏာေတြ တြဲလာရင္ေတာ့ ဦးေႏွာက္အေျမႇးပါးေရာင္တာမ်ိဳး ျဖစ္တတ္ပါတယ္။

၅။  ေခါင္းကိုက္ျခင္းဟာ ေန႔စဥ္ဘဝကို ထိခိုက္လာျခင္း
ေခါင္းကိုက္ျခင္းေၾကာင့္ တစ္ေနကုန္ အိပ္ရာထဲမွာပဲ လွဲေနရတယ္၊ ဒါမွမဟုတ္ ေန႔စဥ္လုပ္႐ိုးလုပ္စဥ္အလုပ္ေတြကို မလုပ္ႏိုင္ဘူးဆိုရင္ ဆရာဝန္နဲ႔ ျပသင့္ပါၿပီ။ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ၊ ဒါမွမဟုတ္ အေပၚမွာေျပာခဲ့တဲ့ ေရာဂါတစ္ခုခု ျဖစ္ေနႏိုင္ပါတယ္။ ဆရာဝန္ကပဲ ဒါေတြကို စမ္းသပ္သိရွိႏိုင္မွာမို႔ ဆရာဝန္နဲ႔ အျမန္ဆုံးသာ ျပလိုက္ပါေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)