ဆံပင်ကျွတ်ခြင်းနှင့် ပတ်သက်တဲ့ ယုံတမ်းစကားများ
အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတွေကို ကြုံတွေ့နေကြရပါတယ်။ ဆံပင်ကျွတ်ရခြင်းအကြောင်း ယုံတမ်းစကားတွေနဲ့ အကြောင်းအရင်းမှန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
● ယောက်ျားလေးတွေပဲ ဆံပင်ကျွတ်ကြတာလား။
ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ဆံပင်ကျွတ်ကြပါတယ်။
အမျိုးသမီးအချို့မှာ ကိုယ်ဝန်ဆောင်ပြီးနောက်၊ သားဥအိမ်တွင် ရေအိတ်များစွာဖြစ်ခြင်းရဲ့လက္ခဏာအဖြစ်၊ သိုင်းရွိုက်ဂလင်းပြဿနာဖြစ်ရင် ဆံပင်ကျွတ်တတ်ပါတယ်။
● ဆံပင်ကျွတ်တာက မျိုးရိုးလိုက်တတ်သလား။
ဟုတ်ပါတယ်။ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇက အဖေဘက်က (သို့) အမေဘက်ကနေ မျိုးရိုးလိုက်တတ်ပါတယ်။
● တစ်ကိုယ်ရည် စိတ်ဖြေဖျောက်ခြင်းကြောင့် ဆံပင်ကျွတ်တတ်သလား။
မဟုတ်ပါဘူး။ လက်နဲ့ ကာမဖြေဖျောက်ခြင်း (သို့) လိင်ဆက်ဆံခြင်းနဲ့ ဆံပင်ကျွတ်မှုကြားမှာ ဆက်စပ်မှုရှိတဲ့အကြောင်းအရင်း မတွေ့သေးပါဘူး။
● အသက်အရွယ်အိုမင်းလာခြင်းကြောင့် ဆံပင်ကျွတ်ရတာလား။
မှန်ပါတယ်။ အမျိုးသားရော အမျိုးသမီးရော အသက်ကြီးလာတဲ့အခါမှာ ဦးရေပြားပေါ်ရှိ မွှေးညင်းပေါက်လေးတွေ နည်းသွားပြီး ဆံပင်တွေ ပါးလာကျဲလာစေပါတယ်။
● ဦးထုပ်ဆောင်းရင် ဆံပင်ကျွတ်တတ်ပါသလား။
မှားပါတယ်။ ဦးထုပ်က အရမ်းတင်းကြပ်မနေဘူး။ ခေါင်းကို အတင်းဖိမထားဘူးဆိုရင် ဆံပင်မကျွတ်ပါဘူး။
● နေရောင်ကြောင့် ဆံပင်ကျွတ်ရတာလား။
မဟုတ်ပါဘူး။ ဆံပင်က အရင်းမှာရှိတဲ့ မွေးညင်းပေါက်တွေကမှ ကျွတ်တာပါ။ ဆံပင်တွေက ကာကွယ်ပေးထားတဲ့အတွက် နေရောင်ခြည်က အောက်ခြေမွေးညင်းပေါက်လေးတွေအထိ မရောက်နိုင်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























