/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဇက်ကြောတက်ခြင်းကို-ဖြစ်စေသောအကြောင်းရင်းများ

ဇက်ကြောတက်ခြင်းကို ဖြစ်စေသောအကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့ခေတ်မှာ ဖုန်းအသုံးများသူများ၊ ကွန်ပျူတာဖြင့် အလုပ်လုပ်ရသူများအနေနှင့် ဇက်ကြောတက်ခြင်းပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဇက်ကြောတက်ခြင်းနှင့် လည်ပင်းနာကျင်ခြင်းဟာ လည်ပင်းရှိ ကြွက်သားများနှင့် အရွတ်များပေါ်သို့ ရုပ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုခု သက်ရောက်ရာကနေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဇက်ကြောနာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

(၁)  ကိုယ်နေဟန်ထားမမှန်ခြင်း
တစ်နေ့တာရဲ့ အချိန်တော်တော်များများကို အရှေ့သို့ ငိုက်လျက်အနေအထားဖြင့် နေလေ့ရှိသူတွေမှာ ဇက်ကြောနာကျင်ခြင်း အဖြစ်များဆုံး ဖြစ်ပါတယ်။ ဒီအနေအထားကို စားပွဲပေါ်ထိုင်ပြီး အလုပ်လုပ်ရသူများ၊ ကွန်ပျူတာနှင့် ဖုန်းအသုံးများသူများတွင် တွေ့ရမှာပါ။ ကျောရိုးဆစ်ကျန်းမာရေးအတွက် မှန်ကန်သော ကိုယ်နေဟန်ထားဟာ အရေးကြီးလှပါတယ်။

Alaxan IA (1)

(၂)  ထိခိုက်ဒဏ်ရာရခြင်း
ကားအက်ဆီးဒင့်ကြောင့် သို့မဟုတ် တစ်နည်းနည်းဖြင့် လည်ပင်းတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်းကြောင့်လည်း ဇက်ကြောနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအနေအထားမှာ ဒဏ်ရာရခြင်းကြောင့် ဦးခေါင်းခွံ ရွေ့လျားမှုဖြစ်ပေါ်ပြီး လည်ပင်းကြွက်သားနှင့် အရွတ်တွေကို ဆွဲဖြဲသလိုဖြစ်ပြီး ပျက်စီးစေတတ်ပါတယ်။

(၃)  အာရုံကြောပျက်စီးခြင်း
လည်ပင်းရှိအာရုံကြောများ ဖိမိခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့်လည်း လည်ပင်းနှင့် ဇက်ကြောနာကျင်ခြင်းကို ဖြစ်စေတတ်ပါတယ်။

(၄)  ကျောရိုးဆစ်များ ဆုတ်ယုတ်ပျက်စီးခြင်း
အသက်ကြီးလာခြင်းကြောင့် ကျောရိုးဆစ်များ တစ်ခုနှင့်တစ်ခုကြား တွယ်ဆက်ထားသော အပြားငယ်များ ပျက်စီးရာကနေ လည်ပင်းကျီးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

Alaxan IA (2)

>>  လည်ပင်းနာခြင်း ခံစားရသူတွေအနေနှင့် အောက်ပါလက္ခဏာများပါ တွဲဖက်ဖြစ်ပေါ်နေသလား ဆန်းစစ်ပါ။
●  ကင်ဆာနှင့် HIVဝေဒနာရှင်တွေအနေနှင့် လည်ပင်းနာခြင်းနှင့်အတူ အခြားသောလက္ခဏာတွေပါ ခံစားရခြင်း
●  နာကျင်မှု ပိုမိုဆိုးရွားလာခြင်း
●  လက်နှင့်လက်မောင်းတွင် ထုံကျင်ခြင်း၊ ပျော့ခွေလာခြင်း
●  ဖျားခြင်း၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
●  လည်ပင်းအရိုးများ နာကျင်ခြင်း
●  ဆီးသွားရခက်ခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း
အထက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ နောက်ခံအကြောင်းရင်းကို တိကျစွာအဖြေရှာပြီး ကုသမှု ခံယူဖို့လိုနေပြီ ဖြစ်ပါတယ်။

လည်ပင်းနာခြင်းရဲ့ အဓိကအကြောင်းရင်းမှာ ကိုယ်နေဟန်ထားမမှန်ခြင်းဖြစ်တဲ့အတွက် ကိုယ်ကို မတ်မတ်အနေအထားတွင် အမြဲရှိအောင် ဂရုစိုက်ခြင်း၊ ထိုင်တဲ့နေရာတွင် မတ်မတ်ထိုင်ခြင်း၊ တစ်ချိန်လုံး ခေါင်းငုံ့ပြီး ဖုန်းသုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာကြပါနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)