/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဇက်ကြော-နာကျင်ခြင်းမှ-ကင်းဝေးစေရန်

ဇက်ကြော နာကျင်ခြင်းမှ ကင်းဝေးစေရန်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိပ်ရာထတဲ့အချိန်မှာ ဘာမှန်းမသိဘဲ ဇက်အုန်းလွဲပြီး နာနေတာမျိုး၊ ထိခိုက်မိတာကြောင့် ဇက်ကြော တောင့်တင်းနာကျင်သွားတာမျိုးကို မိတ်ဆွေတို့ ဖြစ်ဖူးကြမှာပါ။ ဇက်ကြောနာခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ လည်ပင်းနားက ကျောရိုးဆစ်လေးတွေရဲ့ အလယ်မှာရှိတဲ့ အာရုံကြောမကြီး ဖြတ်သန်းရာ အခေါင်းပေါက်လေး ကျဉ်းသွားခြင်း၊ ကျောရိုးဆစ် (၂) ခုကြားက အရိုးနုပြားလေး ထိခိုက်ပျက်စီးခြင်း၊ လည်ပင်းနားတစ်ဝိုက်ရှိ ကြွက်သားများ၊ အရွတ်အဆိုင်းများ လိုတာထက်ပိုပြီး ဆွဲဆန့်သလို ဖြစ်သွားခြင်းများပဲ ဖြစ်ပါတယ်။ ဒီတော့ မတော်တဆများ ဇက်ကြောနာလာခဲ့ရင် သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ နေရမလဲဆိုတာကို ပြောပြပေးပါမယ်နော်။

 နံပါတ် (၁) - ခေါင်းအုံးပုံစံ အနေအထားများ ပြောင်းအိပ်ကြည့်ပါ။
တကယ်တော့ လူတွေရဲ့ကျောရိုးဟာ သံတိုင်ကြီးလို တစ်ဖြောင့်တည်း တောင့်တောင့်ကြီး ရှိနေတာ မဟုတ်ပါဘူး။ ဘေးတိုက်ကြည့်မယ်ဆိုရင် ကောက်ကြောင်းလေးတွေ ရှိနေပါတယ်။ ဒါကြောင့် ဇက်ကြောတောင့်တင်းပြီး နာခဲ့မယ်ဆိုရင် ခေါင်းအုံးလေးတွေကို သုံးပြီး ကျောရိုးတိုင်ကို သဘာဝကောက်ကြောင်းအတိုင်းဖြစ်အောင် ထားပေးပြီး အိပ်စက်ခြင်းက ဇက်ကြောနာတာကို သက်သာစေပါတယ်။ ဥပမာ - ခေါင်းအုံးပါးပါး အုံးတာမျိုး၊ ဦးခေါင်းနေရာ ပိုချိုင့်ထားပြီး လည်ပင်းနေရာ ပိုမြှင့်ထားတဲ့ ခေါင်းအုံး အုံးတာမျိုးတွေပဲ ဖြစ်ပါတယ်။

နံပါတ် (၂) - ခေါင်းအုံးမပါဘဲ အိပ်ကြည့်ပါ။
တချို့တွေကတော့ ဒီပြဿနာကိုဖြေရှင်းဖို့ ခေါင်းအုံးကိုမအုံးဘဲ ဇက်ကြောကို တင်းမနေအောင်ထောက်ပံ့ပေးဖို့ လက်မောင်းတစ်ဖက်စီရဲ့အောက်မှာသာ ခေါင်းအုံးတွေကိုထားပြီး အိပ်ကြပါတယ်။ ဘေးတစောင်းအိပ်တတ်တဲ့ သူတွေအတွက်ကတော့ (၄) လက်မကနေ (၆) လက်မအထိထူတဲ့ ခေါင်းအုံးကိုသာ အသုံးပြုပေးပါ။ ဦးခေါင်းနဲ့ လည်ပင်းကို ပုံမှန်အနေအထားအတိုင်း ရှိနေစေဖို့ ဒီခေါင်းအုံးအထူက အကောင်းဆုံးပါပဲ။
ခေါင်းအုံးမပါဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မတ်ပြီးအိပ်ဖို့ အနိမ့်အမြင့်ကို ချိန်ညှိလို့ရတဲ့ ခုတင်တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

နံပါတ် (၃) - ကွန်ပျူတာအသုံးပြုတဲ့အခါ ကွန်ပျူတာမျက်နှာပြင်ဟာ မျက်စိနဲ့တစ်တန်းတည်း ရှိနေပါစေ။
ကွန်ပျူတာရှေ့မှာ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားရအောင် အရင်ထိုင်ပြီး ကွန်ပျူတာကို ကြည့်ကြည့်ပါ။ မျက်စိဟာ ကွန်ပျူတာမျက်နှာပြင်ရဲ့ အပေါ်ပိုင်း သုံးပုံတစ်ပုံနေရာလောက်မှာ ရှိနေသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ငုံ့ကြည့်နေရတယ် ဆိုရင်တော့ မျက်နှာပြင်ကို ပြန်တည့်မတ်ပေးသင့်ပါတယ်။ အထူးသဖြင့် လက်(ပ်)တော့(ပ်)တွေမှာ သတိထားသင့်ပါတယ်။

နံပါတ် (၄) - ဖုန်းသုံးလျှင် ခေါင်းကို မတ်မတ်ထားပြီး သုံးပါ။
အများစုဟာ ဖုန်းသုံးတဲ့အခါမှာ ခေါင်းငုံ့ပြီးသ ုံးနေတတ်ကြတာကို သတိမပြုမိကြပါဘူး။ ဒါဟာလဲ ဇက်ကြော တောင့်တင်းနာကျင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပါပဲ။ ခေါင်းကို ကြာရှည်စွာငုံ့ထားခြင်းကြောင့် လည်ပင်းကျောရိုးများ၊ ကြွက်သားများ၊ အရွတ်အဆိုင်းများကို ဆွဲဆန့်ထားသလိုဖြစ်စေပြီး ဒဏ်ဖြစ်ကာ နာကျင်စေပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကိုလည်း မျက်စိနဲ့တစ်တန်းတည်းဖြစ်နေအောင် ထားပြီး သုံးသင့်ပါတယ်။

Alaxan IA (1)

နံပါတ် (၅) - မိုက်ခွက်ပါတဲ့နားကြပ်ကို သုံးပါ။
ဖုန်းကို ငုံ့ပြီးသုံးစရာမလိုအောင် လက်အကူအညီယူစရာမလိုတဲ့ hands-free device တွေကို သုံးလို့ရပါတယ်။ ဥပမာ - လည်ပင်းမှာချိတ်ထားလို့ရတဲ့ မိုက်ခွက်ပါနားကြပ်မျိုးတွေက အကူအညီပေးပါလိမ့်မယ်။

နံပါတ် (၆) - ခေါင်းလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။
ခေါင်းလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ဦးခေါင်းအနေအထားကို တည့်မတ်ပေးတဲ့အပြင် ဇက်ကြောနားက ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။

နံပါတ် (၇) - ရေများများသောက်ပါ
လည်ပင်းရိုးလေးတွေကြားထဲက အရိုးနုပြားလေးတွေဟာ ရေဓာတ်နဲ့ အဓိကဖွဲ့စည်းထားတာဖြစ်လို့ တစ်နေ့ကို ရေ (၂) လီတာခန့် သောက်ပေးခြင်းကလည်း ဇက်ကြောနာခြင်းကို ကာကွယ်ခြင်းတစ်မျိုးပါပဲ။

နံပါတ် (၈) - အထုတ်အပိုးများကို ဘယ်၊ ညာ အလေးချိန်ညီမျှအောင် သယ်ပါ
လူအများစု အမြဲပြုလုပ်လေ့ရှိတဲ့ အမှားကတော့ အိတ်အလေးကြီးတွေကို တစ်ဖက်ထဲမှာ စုပြုံသယ်တာပါပဲ။ အဲ့လိုသယ်ခြင်းကြောင့် လည်ပင်းနားရှိ ကြွက်သားတွေ၊ ကျောရိုးတွေဟာ အလွန်အမင်း ဆွဲဆန့်ခံကြရပါတယ်။ ဒါကြောင့် တစ်အိတ်ထဲမှာ အများကြီးထည့်ပြီး သယ်တာထက် အိတ်ခွဲပြီး ဘယ်၊ ညာ မျှအောင် သယ်ပေးခြင်းက ဇက်ကြောတင်းခြင်း၊ နာခြင်းကို ကာကွယ်ပေးရာ ရောက်ပါတယ်။

နံပါတ် (၉) - ကိုယ်နေဟန်ထားကို တည့်မတ်အောင်နေပေးပါ။
လက်ပြင်ကုန်းပြီးနေခြင်းဟာ အဖြစ်တတ်ဆုံးသော ကိုယ်နေဟန်ထား မှားယွင်းမှုပါပဲ။ ဦးခေါင်းဟာ ပခုံးကနေ ရှေ့ကို တစ်လက်မ ရွေ့ရွေ့သွားတိုင်း ကိုယ်ခန္ဓာအပေါ်ပိုင်းက ကြွက်သားတွေနဲ့ ဇက်ကြောနားတစ်ဝိုက်ရှိ ကြွက်သားတွေဟာ အလေးချိန်အပို (၁၀) ပေါင်ကို တိုးပြီး ထမ်းထားရသလို ဖြစ်စေပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Alaxan IA (2)

(Zawgyi)

အိပ္ရာထတဲ့အခ်ိန္မွာ ဘာမွန္းမသိဘဲ ဇက္အုန္းလြဲၿပီး နာေနတာမ်ိဳး၊ ထိခိုက္မိတာေၾကာင့္ ဇက္ေၾကာ ေတာင့္တင္းနာက်င္သြားတာမ်ိဳးကို မိတ္ေဆြတို႔ ျဖစ္ဖူးၾကမွာပါ။ ဇက္ေၾကာနာျခင္းကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းေတြကေတာ့ လည္ပင္းနားက ေက်ာ႐ိုးဆစ္ေလးေတြရဲ႕ အလယ္မွာရွိတဲ့ အာ႐ုံေၾကာမႀကီး ျဖတ္သန္းရာ အေခါင္းေပါက္ေလး က်ဥ္းသြားျခင္း၊ ေက်ာ႐ိုးဆစ္ (၂) ခုၾကားက အ႐ိုးႏုျပားေလး ထိခိုက္ပ်က္စီးျခင္း၊ လည္ပင္းနားတစ္ဝိုက္ရွိ ႂကြက္သားမ်ား၊ အ႐ြတ္အဆိုင္းမ်ား လိုတာထက္ပိုၿပီး ဆြဲဆန႔္သလို ျဖစ္သြားျခင္းမ်ားပဲ ျဖစ္ပါတယ္။ ဒီေတာ့ မေတာ္တဆမ်ား ဇက္ေၾကာနာလာခဲ့ရင္ သက္သာေအာင္ ဘယ္လိုနည္းလမ္းေလးေတြနဲ႔ ေနရမလဲဆိုတာကို ေျပာျပေပးပါမယ္ေနာ္။

 နံပါတ္ (၁) - ေခါင္းအုံးပုံစံ အေနအထားမ်ား ေျပာင္းအိပ္ၾကည့္ပါ။
တကယ္ေတာ့ လူေတြရဲ႕ေက်ာ႐ိုးဟာ သံတိုင္ႀကီးလို တစ္ေျဖာင့္တည္း ေတာင့္ေတာင့္ႀကီး ရွိေနတာ မဟုတ္ပါဘူး။ ေဘးတိုက္ၾကည့္မယ္ဆိုရင္ ေကာက္ေၾကာင္းေလးေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ဇက္ေၾကာေတာင့္တင္းၿပီး နာခဲ့မယ္ဆိုရင္ ေခါင္းအုံးေလးေတြကို သုံးၿပီး ေက်ာ႐ိုးတိုင္ကို သဘာဝေကာက္ေၾကာင္းအတိုင္းျဖစ္ေအာင္ ထားေပးၿပီး အိပ္စက္ျခင္းက ဇက္ေၾကာနာတာကို သက္သာေစပါတယ္။ ဥပမာ - ေခါင္းအုံးပါးပါး အုံးတာမ်ိဳး၊ ဦးေခါင္းေနရာ ပိုခ်ိဳင့္ထားၿပီး လည္ပင္းေနရာ ပိုျမႇင့္ထားတဲ့ ေခါင္းအုံး အုံးတာမ်ိဳးေတြပဲ ျဖစ္ပါတယ္။

နံပါတ္ (၂) - ေခါင္းအုံးမပါဘဲ အိပ္ၾကည့္ပါ။
တခ်ိဳ႕ေတြကေတာ့ ဒီျပႆနာကိုေျဖရွင္းဖို႔ ေခါင္းအုံးကိုမအုံးဘဲ ဇက္ေၾကာကို တင္းမေနေအာင္ေထာက္ပံ့ေပးဖို႔ လက္ေမာင္းတစ္ဖက္စီရဲ႕ေအာက္မွာသာ ေခါင္းအုံးေတြကိုထားၿပီး အိပ္ၾကပါတယ္။ ေဘးတေစာင္းအိပ္တတ္တဲ့ သူေတြအတြက္ကေတာ့ (၄) လက္မကေန (၆) လက္မအထိထူတဲ့ ေခါင္းအုံးကိုသာ အသုံးျပဳေပးပါ။ ဦးေခါင္းနဲ႔ လည္ပင္းကို ပုံမွန္အေနအထားအတိုင္း ရွိေနေစဖို႔ ဒီေခါင္းအုံးအထူက အေကာင္းဆုံးပါပဲ။
ေခါင္းအုံးမပါဘဲ ခႏၶာကိုယ္အေပၚပိုင္းကို အနည္းငယ္မတ္ၿပီးအိပ္ဖို႔ အနိမ့္အျမင့္ကို ခ်ိန္ညႇိလို႔ရတဲ့ ခုတင္ေတြကိုလည္း အသုံးျပဳႏိုင္ပါေသးတယ္။

နံပါတ္ (၃) - ကြန္ပ်ဴတာအသုံးျပဳတဲ့အခါ ကြန္ပ်ဴတာမ်က္ႏွာျပင္ဟာ မ်က္စိနဲ႔တစ္တန္းတည္း ရွိေနပါေစ။
ကြန္ပ်ဴတာေရွ႕မွာ သက္ေသာင့္သက္သာျဖစ္ေစမယ့္ အေနအထားရေအာင္ အရင္ထိုင္ၿပီး ကြန္ပ်ဴတာကို ၾကည့္ၾကည့္ပါ။ မ်က္စိဟာ ကြန္ပ်ဴတာမ်က္ႏွာျပင္ရဲ႕ အေပၚပိုင္း သုံးပုံတစ္ပုံေနရာေလာက္မွာ ရွိေနသင့္ပါတယ္။ အဲ့လိုမဟုတ္ဘဲ ငုံ႔ၾကည့္ေနရတယ္ ဆိုရင္ေတာ့ မ်က္ႏွာျပင္ကို ျပန္တည့္မတ္ေပးသင့္ပါတယ္။ အထူးသျဖင့္ လက္(ပ္)ေတာ့(ပ္)ေတြမွာ သတိထားသင့္ပါတယ္။

နံပါတ္ (၄) - ဖုန္းသုံးလွ်င္ ေခါင္းကို မတ္မတ္ထားၿပီး သုံးပါ။
အမ်ားစုဟာ ဖုန္းသုံးတဲ့အခါမွာ ေခါင္းငုံ႔ၿပီးသ ုံးေနတတ္ၾကတာကို သတိမျပဳမိၾကပါဘူး။ ဒါဟာလဲ ဇက္ေၾကာ ေတာင့္တင္းနာက်င္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းတစ္ရပ္ပါပဲ။ ေခါင္းကို ၾကာရွည္စြာငုံ႔ထားျခင္းေၾကာင့္ လည္ပင္းေက်ာ႐ိုးမ်ား၊ ႂကြက္သားမ်ား၊ အ႐ြတ္အဆိုင္းမ်ားကို ဆြဲဆန႔္ထားသလိုျဖစ္ေစၿပီး ဒဏ္ျဖစ္ကာ နာက်င္ေစပါတယ္။ ဒါေၾကာင့္ ဖုန္းမ်က္ႏွာျပင္ကိုလည္း မ်က္စိနဲ႔တစ္တန္းတည္းျဖစ္ေနေအာင္ ထားၿပီး သုံးသင့္ပါတယ္။

နံပါတ္ (၅) - မိုက္ခြက္ပါတဲ့နားၾကပ္ကို သုံးပါ။
ဖုန္းကို ငုံ႔ၿပီးသုံးစရာမလိုေအာင္ လက္အကူအညီယူစရာမလိုတဲ့ hands-free device ေတြကို သုံးလို႔ရပါတယ္။ ဥပမာ - လည္ပင္းမွာခ်ိတ္ထားလို႔ရတဲ့ မိုက္ခြက္ပါနားၾကပ္မ်ိဳးေတြက အကူအညီေပးပါလိမ့္မယ္။

နံပါတ္ (၆) - ေခါင္းေလ့က်င့္ခန္း မွန္မွန္လုပ္ေပးပါ။
ေခါင္းေလ့က်င့္ခန္း မွန္မွန္လုပ္ေပးျခင္းက ဦးေခါင္းအေနအထားကို တည့္မတ္ေပးတဲ့အျပင္ ဇက္ေၾကာနားက ႂကြက္သားေတြကိုလည္း သန္မာေစပါတယ္။

နံပါတ္ (၇) - ေရမ်ားမ်ားေသာက္ပါ
လည္ပင္း႐ိုးေလးေတြၾကားထဲက အ႐ိုးႏုျပားေလးေတြဟာ ေရဓာတ္နဲ႔ အဓိကဖြဲ႕စည္းထားတာျဖစ္လို႔ တစ္ေန႔ကို ေရ (၂) လီတာခန႔္ ေသာက္ေပးျခင္းကလည္း ဇက္ေၾကာနာျခင္းကို ကာကြယ္ျခင္းတစ္မ်ိဳးပါပဲ။

နံပါတ္ (၈) - အထုတ္အပိုးမ်ားကို ဘယ္၊ ညာ အေလးခ်ိန္ညီမွ်ေအာင္ သယ္ပါ
လူအမ်ားစု အၿမဲျပဳလုပ္ေလ့ရွိတဲ့ အမွားကေတာ့ အိတ္အေလးႀကီးေတြကို တစ္ဖက္ထဲမွာ စုၿပဳံသယ္တာပါပဲ။ အဲ့လိုသယ္ျခင္းေၾကာင့္ လည္ပင္းနားရွိ ႂကြက္သားေတြ၊ ေက်ာ႐ိုးေတြဟာ အလြန္အမင္း ဆြဲဆန႔္ခံၾကရပါတယ္။ ဒါေၾကာင့္ တစ္အိတ္ထဲမွာ အမ်ားႀကီးထည့္ၿပီး သယ္တာထက္ အိတ္ခြဲၿပီး ဘယ္၊ ညာ မွ်ေအာင္ သယ္ေပးျခင္းက ဇက္ေၾကာတင္းျခင္း၊ နာျခင္းကို ကာကြယ္ေပးရာ ေရာက္ပါတယ္။

နံပါတ္ (၉) - ကိုယ္ေနဟန္ထားကို တည့္မတ္ေအာင္ေနေပးပါ။
လက္ျပင္ကုန္းၿပီးေနျခင္းဟာ အျဖစ္တတ္ဆုံးေသာ ကိုယ္ေနဟန္ထား မွားယြင္းမႈပါပဲ။ ဦးေခါင္းဟာ ပခုံးကေန ေရွ႕ကို တစ္လက္မ ေ႐ြ႕ေ႐ြ႕သြားတိုင္း ကိုယ္ခႏၶာအေပၚပိုင္းက ႂကြက္သားေတြနဲ႔ ဇက္ေၾကာနားတစ္ဝိုက္ရွိ ႂကြက္သားေတြဟာ အေလးခ်ိန္အပို (၁၀) ေပါင္ကို တိုးၿပီး ထမ္းထားရသလို ျဖစ္ေစပါတယ္။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)