ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ...
တစ်ခါတစ်ရံ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခဲယဉ်းတတ်ပါတယ်။
>> အိပ်ချိန်မှာ စိတ်ပြေလျော့စေရန်
● မီးရောင်ဖျောဖျော့မှာ စာအုပ် (သို့မဟုတ်) မဂ္ဂဇင်း ဖတ်ခြင်း
● ရေနွေးစိမ်ခြင်း
● သီချင်းအေးအေး နားထောင်ခြင်း
● အကြောလျှော့ခြင်း
● ကိုယ်ဝါသနာပါရာ တစ်ခုခုလုပ်ခြင်း
● စာအုပ်ကို တိတ်ခွေဖြင့် နားထောင်ခြင်း
● နောက်နေ့အတွက် ပြင်ဆင်ခြင်း
● အိပ်ချိန်မတိုင်မီမှာ မီးအလင်းရောင်ကို မှိန်မှိန်ထားခြင်း စတဲ့ ပုံမှန်အလေ့အကျင့်လေးတွေ ပြုလုပ်ပေးသင့်ပါတယ်။
>> နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ
စိတ်ရောကိုယ်ပါ ပြေလျော့စေတဲ့ နည်းလမ်းကောင်းတွေကို မအိပ်ခင် ပြုလုပ်ပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
• အသက်ပြင်းပြင်းရှူခြင်း
မျက်လုံးမှိတ်ပြီး အသက်ကို ရှိုက်ပြီး ရှူသွင်းရှူထုတ် လုပ်ပေးပါ။
• ကြွက်သား ဖြေလျော့ခြင်း
ခြေချောင်းလေးတွေကစပြီး ကြွက်သားတွေကို တင်းနိုင်သမျှ တင်းအောင်ထားပါ။ ပြီးမှ တဖြည်းဖြည်းချင်း ဦးခေါင်းအထိကိို တင်းထားသမျှ ပြန်ဖြေလျော့ပေးပါ။
• အေးချမ်း ဆိတ်ငြိမ်တဲ့နေရာကို ပုံဖော်ခြင်း
မျက်လုံးကို မှိတ်ထားပြီး အေးချမ်းတိတ်ဆိတ်တဲ့ နေရာတစ်ခုကို ပုံဖော်ကြည့်ပြီး ဘယ်လောက်ထိ စိတ်ကို ပြေလျော့စေတယ်ဆိုတာကို အာရုံစူးစိုက်ကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























