/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညအခါမှာဘာကြောင့်-ချောင်းပိုဆိုးရသလဲ

ညအခါမှာဘာကြောင့် ချောင်းပိုဆိုးရသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေ့အခါထက် ညအခါမှာ ဘာကြောင့်ချောင်းပိုဆိုးရသလဲဆိုတာကို လေ့လာကြည့်ရအောင်။

1.  ကမ်ဘာ့ဆွဲအား

         ညအချိန်၌ ချောင်းပိုဆိုးစေတဲ့အကြောင်းရင်းတွေထဲမှာ ကမ်ဘာ့ဆွဲအားကလည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အိပ်စက်လဲှလျောင်းနေတဲ့အခါမှာ ကမ်ဘာ့မြေရဲ့ဆွဲအားကြောင့် အချွဲတွေ ဟာအောက်ခြေမှာစုလာပြီး များလာတာနဲ့အမျှ လည်းချောင်းအထက်သို့ ဆန်တက်လာပါတယ်။ ထိုကဲ့သို့ ချွဲများအပေါ်သို့ဆန်တက်မလာအောင် ချောင်းဆိုးနေစဉ်အတောအတွင်း ခေါင်းအုံးမြင့်မြင့်အုံးပြီးအိပ်ပေးပါ။

2.  အခန်းတွင်းရှိ ခြောက်သွေ့နေတဲ့လေထု

              ခြောက်သွေ့နေတဲ့လေက နှာခေါင်းနဲ့လည်ချောင်းတလျှောက်ရှိ ယားယံမှုကိုပိုဆိုးစေတာကြောင့် ညအခါမှာချောင်းပိုဆိုးစေပါတယ်။ လေထုထဲမှာ ရေငွေ့ပြည့်၀နေစေရန် ရေငွေ့ထုတ်စက် (Humidifier) ကို အသုံးပြုနိုင်ပါတယ်။      ဒါပေမယ့် ရေငွေ့ထုတ်စက်ထဲမှာ အသုံးပြုတဲ့ ရေသန့်ရှင်းမှုမရှိပါက ရောဂါပိုးမွှားတွေ ကို ဖြန့်ပြီးသားဖြစ်တာကြောင့် ရေငွေ့ထုတ်စက်ကို အသုံးပြုတဲ့အခါ ညွှန်ကြားချက်မှာပါ၀င်တဲ့အချက်တွေ ကို သေချာလိုက်နာဖို့ လိုအပ်ပါတယ်။

           တကယ်တော့ ချောင်းဆိုးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို မလိုလားအပ်တဲ့ အရာ၀တၳုတွေ၀င်လာတဲ့အခါ ခန္ဓာကိုယ် ကနေ ချောင်းဆိုးခြင်းဖြင့် ၎င်းအရာတွေကို ပယ်ထုတ်ပြီး အသက်ရှူလမ်းကြောင်းကိုသန့်ရှင်းစေပါတယ်။ အဆက်မပြတ် ချောင်းဆိုးတာကြောင့် ချွဲများကိုရှင်းလင်းပြီးသားဖြစ်သွားပါတယ်။

ညဘက်ချောင်းခြောက်ဆိုးနေရင်

          ချောင်းဆိုးတာခြင်း အတူတူတောင်မှ ချွဲပါတဲ့ ချောင်းအစိုဆိုးတာထက် ချောင်းခြောက်ဆိုးတာက လူကိုပိုပြီး ခံရခက်စေပါတယ်။ ချောင်းခြောက်ဆိုးတာကြာလေလေ လေပြွန်၊ လည်ချောင်းနဲ့ ရင်ဘတ်ကို ပိုနာကျင်စေလေဖြစ်ပြီး သေချာအနားယူဖို့လည်း လိုအပ်ပါတယ်။

          တကယ်လို့ ညဘက်မှာ ချောင်းခြောက်ဆိုးဆိုးနေတယ်ဆိုရင်

- အိပ်ရာမ၀င်ခင်မှာ ရေ(သို့) အရည် များများသောက်ပါ။ လည်ချောင်းမှာကပ်နေတဲ့ ချွဲတွေကိုပျော်စေပြီး ချောင်းဆိုးရတာ လွယ်ကူစေပါတယ်။

- မအိပ်ခင် ချောင်းဆိုးပျောက်ဆေးရည် (သို့) ငုံဆေး ငုံပါ။

- ကိုယ်ရော စိတ်ပါ အပြည့်အ၀ အနားယူပါ။

          ချောင်းဆိုးနေတာ တစ်ပတ်(သို့) နှစ်ပတ်အထက်ကြာနေပြီဆိုရင်တော့ လေပြွန်ရောင်ရမ်းခြင်း၊ နာတာရှည်ထိပ်ကပ်နာရောဂါ၊ စားချဥ့်ပြန်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ နမိုးနီးယားရောဂါ၊ TB ရောဂါ စတဲ့ အကြောင်းရင်းတွေဖြစ်နိုင်တာမို့ ဆရာ၀န်နှင့် သေချာသွားရောက်ပြသသင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com