/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တစ်နေ့ကိုချင်းဂျင်း-ဘယ်လောက်စားသင့်သလဲ

တစ်နေ့ကိုချင်း(ဂျင်း) ဘယ်လောက်စားသင့်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ချင်း(ဂျင်း)မှာအစာခြေဖျက်နိုင်ခြင်း၊ ပျို့အန်ခြင်းကိုသက်သာစေခြင်း၊ အရောင်ကျစေခြင်း စတဲ့အာနိသင်တွေရှိတာကြောင့် အသုံး၀င်တဲ့ဆေးတစ်ခုအဖြစ် မှတ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် သုံးစွဲပုံသုံးစွဲနည်းမှန်ကန်မှုမရှိပါက တချို့လူတွေအတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်။

 

ကလေးများအတွက်

          ယေဘုယျအားဖြင့် အသက် 2 နှစ်မှ 6 နှစ်အရွယ် ကလေးတွေဟာချင်း(ဂျင်း)ကို တစ်နေ့ (2)မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။ ဒါကြောင့် ကလေးငယ်ကိုချင်း(ဂျင်း) အား ဖြည့်စွက်အစားအစာဖြစ်ကျေွးမယ်ဆိုပါက ကလေးဆရာ၀န်နဲ့တိုင်ပင်ပါ။

 

လူကြီးများအတွက်

        ချင်း(ဂျင်း)ကိုတစ်နေ့လျှင် (4)ဂရမ် (စားပွဲတင်ဇွန်း တစ်ဇွန်း) ထက်ပိုမစားသင့်ကြောင်း သုတေသီတွေကအဆိုပြုထားပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေကတော့ တစ်နေ့ကိုချင်း(ဂျင်း) 1 ဂရမ် ထက်ပိုမစားသင့်ပါဘူး။ ကိုယ်၀န်ဆောင်ကာလမှာ ခံစားရတဲ့ပျို့အန်ခြင်းအတွက် တစ်နေ့လျှင် ချင်း(ဂျင်း) 1 ဂရမ်ကိုလေးကြိမ်ခွဲပြီးသုံးဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။

 

ချင်း(ဂျင်း)ကိုသုံးဆောင်ရန် မသင့်သူများ

-    နှစ်နှစ်အောက် ကလေးငယ်များ

-    သည်းခြေကျောက်တည်နေသူများ

-    နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူများ

-    သွေးကျဲဆေး (warfarin) သောက်နေသူများ

-    သွေးအားနည်းရောဂါရှိသူများ

-    သွေးတိုးထိန်းဆေးမှီ၀ဲနေသူများ

 

ချင်း(ဂျင်း)ကိုလိုအပ်တာထက်ပိုပြီးသုံးစွဲခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ

-    ရင်ပူခြင်း

-    ကိုယ်လက် မအီမသာဖြစ်ခြင်း

-    ပျို့အန်ခြင်း

-    လေချဉ်တက်ခြင်း

-    အစာအိမ်အောင့်ခြင်း

-    ၀မ်းပျက်ခြင်း

-    လေပွလေထခြင်း

 

 

Dr. Htet Htet Aung

www.drmyanmar.com