/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တစ်နေ့ကို-ကယ်လိုရီ-ဘယ်လောက်စားသင့်လဲ

တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်စားသင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ကယ်လိုရီဆိုတာ ဘာလဲ?
ကယ်လိုရီဆိုတာ အာဟာရနှင့်အစားအစာဆိုင်ရာ စွမ်းအင်ယူနစ်တစ်ခုဖြစ်ပြီး အစားအစာတစ်ခုခုတွင် ပါဝင်သော စွမ်းအင်ပမာဏကို ရည်ညွန်းသောယူနစ် ဖြစ်ပါတယ်။
အစားအစာတစ်ခုတွင် ပါရှိသော စုစုပေါင်းကယ်လိုရီပမာဏသည် ထိုအစားအစာတွင်ပါသော ပါဝင်ပစ္စည်း (ပရိုတင်း၊ကစီဓာတ်၊အဆီဓာတ်) တို့ တစ်ခုချင်းစီက ထုတ်ပေးသော စွမ်းအင်စုစုပေါင်းကနေ အမျှင်ဓာတ်ပါဝင်မှုကို နှုတ်ထားသောတန်ဖိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကို ကျွန်မတို့အစာအိမ်မှာ အပြည့်အဝ မချေဖျက်နိုင်တဲ့အတွက် ထည့်မတွက်ခြင်း ဖြစ်ပါတယ်။

>>  အခြေခံဇီဝဖြစ်ပျက်မှု (Basal Metabolic Rate)
BMR ဟာ ကျွန်မတို့အနားယူနေစဉ် အချိန်တစ်ခုစီရဲ့ စွမ်းအင်အသုံးပြုနှုန်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် နေ့စဉ်လိုအပ်သော စွမ်းအင်အသုံးပြုမှုကို ခန့်မှန်းဖို့အတွက် BMR ကို အသုံးပြုရပါတယ်။

>>  သတ်မှတ်ထားသော နေ့စဉ်စားသုံးရမယ့် ကယ်လိုရီပမာဏ
BMR ၊ BMI ၊ အရပ်နှင့်အသက်ပေါ် မူတည်ပြီး နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏချင်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါဘူး။
●  အမေရိကန်နိုင်ငံတွင် သတ်မှတ်ချက်အရ အမျိုးသားတစ်ဦးအတွက် နေ့စဉ်လိုအပ်သော ကယ်လိုရီပမာဏဟာ ၂၅၀၀ ဖြစ်ပြီး အမျိုးသမီးတစ်ဦးအတွက်ကတော့ ၂၀၀၀ ဖြစ်ပါတယ်။
●  အသက် ၂-၃ နှစ်အတွင်း ကလေးငယ်များအတွက် တစ်နေ့ကို ကယ်လိုရီ ၁၀၀၀kcal ကနေ ၁၄၀၀kcal အတွင်း စားသုံးဖို့ လိုအပ်ပါတယ်။
●  အရွယ်ရောက်ပြီးသူတွေအတွက်ကတော့ အမျိုးသမီးများထက် အမျိုးသားတွေက ကယ်လိုရီပိုမိုစားသုံးဖို့ လိုအပ်ပါတယ်။
●  သတိထားရမယ့်အချက်ကတော့ စားသုံးသောကယ်လိုရီတွေဟာ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်စသော အာဟာရဓာတ်အမျိုးမျိုး မျှတစွာ ပါဝင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ချက်များအတွက် လိုအပ်သောစွမ်းအင်ကို ရရှိမှာဖြစ်ပါတယ်။

>>  ကယ်လိုရီနှင့် ကိုယ်လက်လှုပ်ရှားမှု
နေ့စဉ်လူနေမှုပုံစံဟာ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ကယ်လိုရီပမာဏအပေါ် ကြီးမားသောသက်ရောက်မှု ရှိပါတယ်။ လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုပေါ် မူတည်ပြီး လှုပ်ရှားမှုမရှိသောပုံစံ၊ အတန်သင့်လှုပ်ရှားသောပုံစံနှင့် တက်ကြွလှုပ်ရှားသောပုံစံအဖြစ် သုံးမျိုးခွဲခြားထားပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)