/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တန်ဆေးလွန်ဘေး-မဖြစ်စေဖို့

တန်ဆေးလွန်ဘေး မဖြစ်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဘယ်နေရာမဆို အလွန်အကျွံဆိုတာ ဘယ်တော့မှ မကောင်းပါဘူး။ အလွန်အကြူးကြောင့် ဒုက္ခရောက်ရတဲ့ ဖြစ်ရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

●        ပဲငံပြာရည်ဆိုတာ ဟင်းထဲထည့်ချက်ရင် မီးဖိုးချောင်မှာ အတန်အသင့်သုံးစွဲရင် တကယ်အရသာ ပြည့်ဝစေတဲ့ ဟင်းချက်အထောက်အကူပစ္စည်းပါ။ အဲဒီပဲငံပြာရည်ကို ပုလင်း သုံးပုံတစ်ပုံလောက် သောက်လိုက်သူကိုတော့ ဘယ်လိုနားလည်ရမှန်းမသိလို့ ဆိုရမလိုပါပဲ။ ပဲငံပြာရည်ဆိုတာ အငန်ကဲတဲ့ ဆိုဒီယမ်ဓာတ် မြင့်မားစွာပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ သူက အဲဒါမော့သောက်ပြီး ဆက်တိုက်တက်ကာ ဆေးရုံကို ရောက်လာခဲ့ပါတယ်။ သူ့ရဲ့သွေးထဲက အငန်ဓာတ်ဟာ သူ့ဦးနှောက်ကို ဒုက္ခပေးခဲ့ပါပြီ။ သွေးတွင်း ဆိုဒီယမ်ဓာတ်ဟာ အံသြလောက်တဲ့ အတိုင်းအတာထိ မြင့်တက်နေခဲ့ပြီး နောက်ဆုံး ခက်ခက်ခဲခဲ အသက်ပြန်ရှင်လာခဲ့ပါတယ်။

●        နွေရာသီမှာ လက်ဖက်ရည်ကို ရေခဲတုံးလေးတွေ ထည့်ပြီး သောက်လိုက်ရတယ်ဆိုတာ တကယ့်အရသာပါပဲ။ ပြဿနာက အဲလိုလက်ဖက်ရည်ခွက်တွေ များစွာသောက်ပြီးတဲ့နောက်မှာ လူတစ်ယောက် ကျောက်ကပ် ပျက်စီးသွားပါတယ်။ လက်ဖက်ရည်ထဲမှာပါဝင်တဲ့ အောက်ဆဲလိတ်ဓာတ်ဟာ ဆေးရုံတက်ရောက် ကုသပြီး ကျောက်ကပ် ဆေးရလောက်ထိ ဆိုးဝါးသွားခဲ့တာ ဖြစ်ပါတယ်။

●        သွားတိုက်ဆေးတွေ အများကြီး မျိုချမိရင် သေတတ်တယ်တဲ့။ သွားတိုက်ဆေးထဲမှာ ပါဝင်တဲ့ အဆိပ်ဓာတ်တစ်မျိုးက ဖလိုရိုက်ဓာတ်ပါ။ သွားတွေကို ခိုင်မာစေဖို့ ရည်ရွယ်ချက်နဲ့ ထည့်သွင်းဖော်စပ်တဲ့ ဖလိုရိုက်ဟာ လူကို အန္တရာယ် ပေးနိုင်နေပါတယ်။ အသက်ခြောက်နှစ်အောက်ကလေးတွေမှာ သွားတိုက်ဆေးကို နည်းနိုင်သမျှ နည်းနည်းသာ သုံးသင့်ပါတယ်။

●        ဂေါ်ဖီထုပ် အစားများလွန်းတဲ့အခါ သိုင်းရွိုက်ဂလင်းက ဟော်မုန်းအထွက် နည်းသွားပြီး ဟိုက်ပို ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ စောင်းဝါးသီးဟာလည်း မမြင်နိုင်တဲ့ဆိုးကျိုးတွေ ပေးနိုင်သူပါ။ ကျောက်ကပ်ပျက်စီးနေသူတွေမှာ စောင်းဝါးသီး အနည်းငယ်ကတောင် ပြဿနာကြီးကြီး တက်နိုင်ပါတယ်။ ကျောက်ကပ်နဲ့ မတည့်ပါဘူး။ အစားများရင် ပျို့အန်တာ၊ မောတာ၊ နုံးတာ၊ ဗိုက်နာတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

●        တူနာငါး သိပ်မစားပါနဲ့။ မာကျူရီလို့ခေါ်တဲ့ ခဲဓာတ်ပါဝင်မှု များတာကြောင့့် အသင့်အတင့်စားသုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ခဲဓာတ် အဆိပ်သင့်ရင် ခြေဖျား၊ လက်ဖျားတွေ ထုံကျင်လာတာ ဟန်ချက်ညီညီ လမ်းမလျှောက်နိုင်တာတွေ ဖြစ်လာပြီး ရေရှည်ဆိုရင် ကျောက်ကပ်ရောဂါတွေထိ ဖြစ်စေပါတယ်။

●        လိမ်းဆေးတွေ အလွန်အကျွံ မလိမ်းပါနဲ့။ ပူနွေးပြီး အရေပြားကို လောင်စေ၊ အရောင်ပြောင်းစေတဲ့အပြင် ခန္ဓာကိုယ်က စုပ်ယူသွားတဲ့အခါ မီသိုင်းအက်ဆစ်ဓာတ်ရဲ့ဒဏ်ကို ခံစားလာရမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)