တီဗီရှေ့ ကြာကြာထိုင်တဲ့ လူငယ်တွေ အဝလွန်လာကြသတဲ့
ဟိုးအရင်က အင်တာနက်တွေ၊ ကွန်ပျုတာတွေ ခေတ်မစားခင်က တီဗီကြည့်ရတာ အရသာတစ်ခုပါပဲ။ ညစာစားပြီး မနက်စားပြီးတာနဲ့ တီဗီရှေ့မှာပဲ ဝိုင်းထိုင်ကြ ကိုရီးယားကား ကြည့်ကြပေါ့။ အဲလိုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်တွေဟာ အသက်သုံးဆယ်မှာ အဝလွန်လာကြပါသတဲ့။
၁၅ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ဆယ်ကျော်သက်တွေ တီဗီရှေ့ အချိန်ကုန်ခဲ့ကြတဲ့ အမြဲထိုင်ပြီး ရုပ်ရှင် ဗီဒီယိုကြည့်၊ ဂိမ်းနှိပ်ခဲ့ကြသူတွေဟာ အသက်သုံးဆယ်ဆို စပြီးဝလာကြပါတယ်။
တီဗီရှေ့မှာ ကြာကြာထိုင်ခြင်းဖြင့် အညောင်းမိတာ၊ ကိုယ်လက်လှုပ်ရှားမှု၊ ကစားခုန်စား အားနည်းသွားတာ၊ ပြင်ပအားကစား မလုပ်ဖြစ်တာတွေကြောင့် ကျန်းမာကြံ့ခိုင်မှုပါ အားနည်းလာပြီး အသက်ရတာနဲ့အမျှ ဝလာကြတာ ဖြစ်ပါတယ်။
သုတေသနထဲမှာ ပါဝင်တဲ့ လူတွေဟာ အသက်ရလာတာနဲ့အမျှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားကြတာ တွေ့ရပါတယ်။
ဘယ်လောက်ပဲ အစားအစာ ထိန်းပါစေ။ ငယ်ရွယ်တဲ့အချိန် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အထိုင်များပြီး ကစားခုန်စား အားနည်းခဲ့သူတွေဟာ အသက် အစိတ်ကျော်၊ သုံးဆယ်စွန်းတဲ့အခါ ဝမှာ သေချာသလောက် ဖြစ်နေပါတယ်။
ဖန်သားပြင်တွေ ရှေ့မှာပဲ အချိန်ဖြုန်းနေမယ်ဆိုရင် ဖန်သားပြင်ကနေလာတဲ့ အလင်းတွေနဲ့ ထိတွေ့စေပြီးတော့ အညောင်းမိစေပါတယ်။
ဒါကြောင့် ဆယ်ကျော်သက်တို့်ရဲ့ မေမေ၊ ဖေဖေတို့လည်း မိမိရဲ့သား၊ သမီးတွေကို လူငယ်ဘဝ ဆယ်ကျော်သက်အရွယ်မှာ တီဗီ၊ ကွန်ပျူတာ၊ ဂိမ်း၊ အွန်လိုင်းတွေနဲ့ အချိန်မကုန်စေသင့်ဘဲ တတ်နိုင်သလောက် အားကစားလှုပ်ရှားမှုတွေကို အားပေးပါမှ သူတို့လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်း အရွယ်ရောက်နိုင်မယ် ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























