/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တောင်တက်ခြင်းက-ကိုယ်ရောစိတ်ပါ-ကျန်းမာစေပါတယ်

တောင်တက်ခြင်းက ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တောင်တက်ခြင်းအားဖြင့် အရမ်းကို သာယာလှပတဲ့မြင်ကွင်းတွေ၊ လတ်ဆတ်တဲ့လေတွေနဲ့ သဘာဝရဲ့ အသံ၊ အန့ံလေးတွေကို ခံစားရစေတဲ့အတွက် အရမ်းကို လန်းဆန်းအားပြည့်စေပါတယ်။ ဒါ့အပြင် တောင်တက်ခြင်းက လှုပ်ရှားမှုများတဲ့ လေ့ကျင့်ခန်းလည်း ဖြစ်စေပါတယ်။ တောင်တက်ခြင်းအားဖြင့် -

●        နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်။

●        သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်ပမာဏတွေကို ကောင်းမွန်စေတယ်။

●        အရိုးသိပ်သည်းဆကို ကောင်းစေတယ်။

●        တင်ပါးကြွက်သား၊ ပေါင်ရှေ့ကြွက်သား၊ ပေါင်နောက်ကြွက်သား၊ ခြေထောက်ကြွက်သားတွေကို သန်မာစေပါတယ်။

●        အဓိကမဏ္႑ိုင်ကြွက်သားတွေဖြစ်တဲ့ ခါးအောက်ပိုင်း ကျောရိုးတစ်လျှောက် တွယ်ကပ်ကြွက်သား၊ ကြောပြင်ကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပါတယ်။

●        ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှု အားကောင်းစေတယ်။

●        ကိုယ်အလေးချိန်ကို ထိန်းချူပ်တဲ့နေရာမှာ အကူအညီဖြစ်စေတယ်။

●        စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်။ သုတေသနတွေအရ တောင်တက်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေရဲ့ လက္ခဏာတွေကို တိုက်ထုတ်ရာမှာအကျိုးကျေးဇူးတွေ ရရှိစေတယ်လို့ တွေ့ရှိရပါတယ်။

 

>>    တောင်တက်ခြင်းကို ဘယ်လိုစတင်ကြမလဲ?

●        ဖြည်းဖြည်းချင်းစပါ - အခုမှစပြီး တောင်တက်တဲ့သူတွေအတွက်တော့ ပြည်တွင်းမှာရှိတဲ့ တောင်နိမ့်နိမ့်လေးတွေကနေ အရင် စပြီးတက်ပါ။ တဖြည်းဖြည်းနဲ့မှ မြင့်မားပြီး လမ်းမညီတဲ့တောင်တွေကိုတက်ဖို့ ကြိုးစားကြည့်ပါ။

●        တောင်ဝှေး အသုံးပြုပါ - မြေကြီးကို တုတ်နဲ့ထောက်ပြီး ခန္ဓာကိုယ်ကို အရှေ့ကို တွန်းထုတ်ပြီး တက်ခြင်းက ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို အလုပ်ပိုလုပ်ရစေပြီး ဒါက ပိုပြီးပြင်းတဲ့ cardio လေ့ကျင့်ခန်းတစ်ခုလည်း ရစေပါတယ်။

●        တောင်ကုန်းတွေကို တက်ပါ - တောင်ကုန်းနိမ့်နိမ့်လေးကတောင်မှ နှလုံးခုန်နှုန်းကို မြန်ဆန်အားကောင်းစေပြီး ကယ်လိုရီအပိုတွေကို လောင်ကျွမ််းစေပါတယ်။

●        ကျော်လွှားသွားပါ - မြေပြင်အနေအထား မညီတာလေးကတောင်မှ ကိုယ်နေဟန်ချက်နဲ့ တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှုတွေကို တိုးတက်လာစေပြီး ကြွက်သားတွေကို ပိုအလုပ်လုပ်စေပါတယ်။

●        အလေးသယ်ပါ - အလေးချိန်ပါတဲ့အိတ်ကို သယ်ပါ (ရေကတော့ အကောင်းဆုံးပါ) တစ်နေ့ကို ၁၀-၁၅ ပေါင်အလေးချိန်ကို သယ်သွားခြင်းက ကယ်လိုရီ ၁၀-၁၅% ကို လောင်ကျွမ်းစေပြီး နောက်ကျောကြွက်သားတွေကိုလည်း သန်မာစေပါတယ်။

●        လေ့ကျင့်ပါ - တကယ့်တောင်တွေပေါ်ကို မတက်နိုင်သေးရင်တောင် မြေပြင်မညီတဲ့ ကုန်းမြင့်တွေပေါ်ကို အလေးချိန်ပါတဲ့ ကျောပိုးအိတ်လွယ်ပြီး လမ်းလျှောက်ခြင်းက တောင်တက်စွမ်းရည်ကို တက်လာစေပြီး ကျန်းမာရေး ကောင်းစေပါတယ်။

           ချစ်တဲ့သူတွေနဲ့ အတူတက်ပါ။ ပထမပိုင်းမှာ တစ်ယောက်တည်း တောင်မတက်သင့်ပါဘူး။ တောင်တက်ဖော်တက်ဖက် (သို့) ကိုယ့်ရဲ့အုပ်စုက ကိုယ်တစ်ခုခု ထိခိုက်ဒဏ်ရာရတဲ့အခါမှာ အကူအညီ ပေးနိုင်ပါလိမ့်မယ်။ တောင်တက်စွမ်းရည် တိုးတက်လာပြီဆိုရင်တော့ တစ်ယောက်တည်းတက်လည်းပဲ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

          တောင်မတက်ခင်မှာ ကြိုတင်ပြင်ဆင်ပါ။ တောင်မတက်ခင်မှာ တောင်တက်လမ်းကြောင်းမြေပုံနဲ့ ရင်းနှီးမှုရှိနေအောင် လုပ်ထားပါ။ ရာသီဥတုအခြေအနေ၊ ဝတ်စုံ၊ ကျောပိုးအိတ် စတာတွေကို သေချာစစ်ဆေးပါ။ မုန်တိုင်းလာနိုင်ခြေ ရှိတယ်ဆိုရင် ကိုယ့်အစီအစဉ်ကို ပြန်စဉ်းစားပါ။ မှတ်သားထားတဲ့ လမ်းကြောင်းတွေအတိုင်း လိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)