ထိခိုက်ဒဏ်ရာ (စုတ်ပြဲဒဏ်ရာ) ရတဲ့အခါ
ထိမိခိုက်မိလို့ အရေပြားမှာ ပြဲရာဟရာကြီးဖြစ်သွားတာကို စုတ်ပြဲဒဏ်ရာလို့ ခေါ်တယ်။ တိမ်တိမ်၊ နက်နက် အမျိုးမျိုး ရှိနိုင်တယ်။ သက်ကြီးရွယ်အိုတွေ၊ စတီးရွိုက်ဆေးသောက်နေရသူတွေနဲ့ အမြင်အာရုံမကောင်းသူတွေ (ဟိုဝင်ဒီတိုက်ဖြစ်နိုင်လို့) မှာ ပိုတွေ့ရတတ်တယ်။
သွေးထွက်နည်းအောင် အနာကို ဖွဖွလေးဖိထားပါ။ ဆားရည်လေး၊ ရေနွေးသန့်သန့်လေးနဲ့ သေချာဆေးပေးပါ။ ပြီးရင်တော့ ဖွဖွလေး ပြန်သုတ်ပေးလိုက်ရုံပဲ။ ဖြစ်နိုင်ရင် အရေပြားစကြီးနဲ့ ပတ်တီးလို ပြန်ဖုံးပေးလိုက်ပါ။
စုတ်ပြဲဒဏ်ရာကို မကပ်တဲ့ပတ်တီးစနဲ့ အုပ်ထားလို့ရတယ်။ ဘယ်လိုပတ်တီးစမျိုး သုံးရမလဲဆိုတာကတော့ ဒဏ်ရာပေါ်မှာ မူတည်တယ်။
>> တကယ်လို့
● ဒဏ်ရာနက်ရင်
● အောက်ကအသားတွေ တစ်သျှူးစတွေ အများကြီးပေါ်နေရင်
● ရောင်ရမ်းတာ၊ သငန်ရည်တွေထွက်တာ၊ နာတာ၊ ပူတာ စသဖြင့် ပိုးဝင်တဲ့လက္ခဏာတွေရှိရင်
● သွေးထွက်နေရင်
● အနာမကျက်ရင်
● ဘေးပတ်ဝန်းကျင်က အရေပြားကြေသွားရင် ဆရာဝန်နဲ့ ပြဖို့လိုတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























