/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထိပ်ပြောင်ခြင်းနဲ့-ဆံပင်-စောစောဖြူခြင်းဟာ-နှလုံးရောဂါ-ဖြစ်နိုင်ခြေ

ထိပ်ပြောင်ခြင်းနဲ့ ဆံပင် စောစောဖြူခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိန္ဒိယမှ လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရ အသက်ငယ်ငယ်နဲ့ ထိပ်ပြောင်တတ်တဲ့ အမျိုးသားတွေမှာ နှလုံးရောဂါဖြစ်ဖို့ အလားအလာ  5 ဆ ပိုများကြောင်း သိရပါတယ်။ အမျိုးသမီးတွေမှာလည်း အလားတူပင် ဖြစ်ပါတယ်။

          နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကတော့ -

●        ဆီးချိုရောဂါ

●        သွေးတိုးရောဂါ

●        မိသားစုအတွင်း အသက်ငယ်ငယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရာဇဝင်ရှိဖူးခြင်း

●        အဝလွန်ခြင်း

●        ခန္ဓာကိုယ် အလေးချိန် များနေခြင်း

●        သွေးတွင်း ကိုလက်စထရော များနေခြင်း

●        ဆေးလိပ်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)