ထိုင်ရာ (သို့) လှဲနေရာမှ မတ်တပ်ရပ်လိုက်လျှင် ရုတ်တရက်သွေးပေါင်ချိန်ကျခြင်း ( Orthostatic or Postural Hypotension)
Orthostatic hypotension ဆိုတာ ထိုင်နေရာကနေ (သို့) လှဲနေရာကနေ မတ်တပ်ရပ်လိုက်ချိန်မှာ ရုတ်တရက်သွေးပေါင်ကျသွားခြင်းဖြစ်ပါတယ်။
မတ်တပ်ရပ်တဲ့အချိန်တိုင်းမှာ ကမ်ဘာကြီးရဲ့စွဲအားကြောင့် သွေးတွေကခြေထောက်မှာစုလာပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ကို သွေးအလုံလောက်ရောက်ရှိဖို့အတွက် အစားထိုးလုပ်ငန်းစဉ်အဖြစ် နှလုံးကပိုမြန်မြန်ခုန်ပေးရပြီး နှလုံးသွေးကြောတွေကိုလည်း ပိုညှစ်ရပါတယ်။
Orthostatic hypotension ရောဂါရှိသူတွေမှာတော့ ဒီလိုအစားထိုးလုပ်ငန်းစဉ်မလုပ်နိုင်ဘဲ သွေးပေါင်ချိန်ရုတ်တရက်ထိုးကျသွားပြီး မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိဝါးခြင်းနဲ့ မိုက်ခနဲဖြစ်သွားခြင်းများ ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းတွေကတော့ အရည်ဓာတ်ခမ်းခြောက်ခြင်း၊ အိပ်ရာပေါ်တွင်ကြာရှည်စွာလှဲနေရခြင်း၊ ကိုယ်ဝန်ဆောင်၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အပူလောင်ခြင်း၊ အပူများခြင်း၊ သွေးကြောထုံးခြင်းနှင့် အချို့သော အာရုံကြောရောဂါများဖြစ်ကြပါတယ်။
သွေးကျဆေးများ (ဆီးဆေး၊ beta blockers၊ calcium channel blockers, ACEI)၊ စိတ်ကျရောဂါကုဆေးများ၊ ပါကစ်ဆန်ရောဂါကုဆေးများနှင့် ပန်းသေပန်းညှိုးရောဂါကုဆေးဝါးများကြောင့်လည်း ဒီရောဂါဖြစ်နိုင်ပါတယ်။
အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပြီး အသက် 65 နှစ်အထက်လူကြီးတွေရဲ့ 20% က ဒီလိုခံစားရပါတယ်။ cယ်ရွယ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ခြေထောက်ချိတ်ပြီးအကြာကြီးထိုင်နေရာက (သို့) ဆောင့်ကြောင့်ထိုင်ပြီး အကြာကြီးအလုပ်လုပ်နေရာကနေ ရုတ်တရက်မတ်တပ်ရပ်လိုက်လျှင် သွေးပေါင်ကျတတ်ပါတယ်။
Dr. Mya Myo Myo Swe






























