ဒန့်ဒလွန်အစွမ်း အံ့မခန်း
ဒန့်ဒလွန်ရဲ့ ပင်စည်၊ အရွက်၊ အသီး၊ အစေ့ အကုန်လုံးဟာ ကျန်းမာရေးကောင်းကျိုး ရှိနေပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေကတော့ -
1. အအေးမိ တုပ်ကွေး ဝေဒနာတွေကို သက်သာစေခြင်း
ဒန့်ဒလွန်သီးမှာ ဗီတာမင်စီ အများကြီး ပါဝင်တာကြောင့် အအေးမိ တုပ်ကွေး၊ အာသီးရောင်နေရင် ဒန့်ဒလွန်သီးစွပ်ပြုတ် သောက်ကြည့်ပါ။ ဒန့်ဒလွန်ရွက်ဟာ ပန်းနာရင်ကျပ်၊ တရွှီရွှီ မြည်ခြင်းနဲ့ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။
2. အရိုး သန်မာစေခြင်း
ဒီအစိမ်းရောင်အသီးမှာ သံဓာတ်၊ ဗီတာမင်တွေနဲ့ ကယ်လ်ဆီယမ်တွေ အများကြီး ပါဝင်တာကြောင့် အရိုး အဆစ်တွေကို သန်မာစေပြီး သွေးကို သန့်စင်စေနိုင်ပါတယ်။ အထူးသဖြင့် ဒန့်ဒလွန်စေ့နဲ့ အရွက်ဟာ သွေး သန့်စင်နိုင်စွမ်း ရှိပါတယ်။ ဒန့်ဒလွန်ရွက်ကို ကြိတ်ပြီး နု့ိနဲ့ သောက်တာက အကျိုး ပိုရှိစေနိုင်ပါတယ်။
3. ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်
ဒန့်ဒလွန်သီးကို ပုံမှန်စားပေးခြင်းဖြင့် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဗီတာမင်တွေ အများကြီး ရရှိနိုင်ပါတယ်။ သားအိမ်ညှစ်အား ကောင်းစေပြီး ကလေးမွေးရ လွယ်ကူစေနိုင်ကာ မီးတွင်းပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်ကို ဆားနဲ့ ပြုတ်ပြီး ရေစစ်ကာ ထောပတ်နဲ့ ကြိတ်စားပေးခြင်းဖြင့် နို့ထွက် ကောင်းစေနိုင်ပါတယ်။
4. ရောဂါပိုးမွှား ကာကွယ်ပေးခြင်း
ဒန့်ဒလွန်သီးမှာ ပိုးသေစေနိုင်တဲ့အစွမ်း ရှိတာကြောင့် လည်ချောင်း၊ ရင်ဘတ်၊ အရေပြားတွေမှာ ပိုးမဝင်နိုင်အောင် တားဆီးပေးပါတယ်။ ဒန့်ဒလွန်စေ့၊ အရွက်၊ ပန်းပွင့်တွေကို ဟငး်ရည်ချက်ပြီး သောက်ပေးခြင်းက ပိုးသေစေတဲ့အကျိုးကို ရရှိနိုင်ပါတယ်။
5. အစာအိမ်နဲ့ အူလမ်းကြောင်း
ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အူရောင်ခြင်း၊ အသားဝါခြင်းတို့ ဖြစ်တဲ့အခါ ဒန့်ဒလွန်ရွက် ကြိတ်ရည် တစ်ဇွန်းနဲ့ ပျားရည်ရောပြီး အုန်းရည်လေးနဲ့ တွဲကာ တစ်နေ့ ၃၊ ၄ ကြိမ်လောက် သောက်ပေးခြင်းက သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
6. အဆုတ်ရောဂါ
ဒန့်ဒလွန်သီး ပြုတ်ထားတဲ့အငွေ့ကို ရှူပေးခြင်းက ပန်းနာရင်ကျပ်နဲ့ အခြား အဆုတ်ပြဿနာတွေကို ရက်ပိုင်းအတွင်း သက်သာစေနိုင်ပါတယ်။
7. သံဓာတ် များစေခြင်း
အချိုရည် ဖျော်သောက်ရင် သံဓာတ် များတဲ့အတွက် ကလေးလေးတွေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အရိုးတွေကို သန်မာစေပြီး သွေး သန့်စင်ပေးပါတယ်။
8. အသားအရေ ကြည်လင်စေခြင်း
ဒန့်သလွန်ရည်ကို သံပရာရည်နဲ့ ရောစပ်ပြီး သုံးပေးပါက အသားအရေကို ကြည်လင်တောက်ပစေပြီး ဝက်ခြံ၊ ဆားဝက်ခြံတွေနဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။
9. ပန်းသေ၊ ပန်းညှိုးခြင်းကို သက်သာစေခြင်း
ပေါင်ဒါပုံစံက အမျိုးသားတွေမှာ ပန်းသေပန်းညှိုးခြင်း၊ သုတ်ရည်နည်းခြင်း၊ သုတ်စောခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မျိုးပွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
10. အားဆေး
ကလေးတွေအတွက် အားဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အရွက်ကြိတ်ရည်ကို နို့နဲ့ ရောစပ်ပြီး တိုက်နိုင်ပါတယ်။
11. ဆီးလမ်းကြောင်းပြဿနာများ
အရွက်ကြိတ်ရည်ကို သခွားသီး သို့မဟုတ် မုန်လာဥဖျော်ရည်နဲ့ ရောဖျာ်သောက်ခြင်းဖြင့် ဆီးနည်းခြင်း၊ ဆီးပူခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ အရွက်ကြိတ်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား ၁၀ ဂရမ် ရောပြီး တစ်နေ့တစ်ကြိမ် သောက်ပေးခြင်းဖြင့် ဆီး အလွန်များခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
12. အရိုးသိပ်သည်းဆ များစေခြင်း
ဒန့်ဒလွန်သီးကို ၂ လလောက် ပုံမှန်သောက်ပေးခြင်ဖြင့် အရိုးသိပ်သည်းဆ များလာတာကို တွေ့ရတာကြောင့် ကြီးထွားဆဲ ကလေးတွေအတွက် အထူးသင့်တော်ပါတယ်။
13. ကင်ဆာအဆင့် နည်းစေခြင်း
ဒန့်ဒလွန်သီးနဲ့ အရွက်ကို နေ့စဉ်ပုံမှန် စားပေးခြင်းဖြင့် ကင်ဆာဖြစ်နှုန်းကို ကျဆင်းစေသလို ရင်သားကင်ဆာ အမျိုးသမီးတွေမှာ သက်သာစေနိုင်တယ်လို့ သိရပါတယ်။
14. အူအကျိတ်တွေ၊ အနာတွေကို သက်သာစေခြင်း
ဒန့်ဒလွန်ကြိတ်ရည်ကို သောက်ခြင်းဖြင့် အူအကျိတ်နဲ့ အနာတွေကို သေးစေကြောင်း တွေ့ရှိရပါတယ်။
15. မျက်လုံးအမြင်အာရုံကို ကောင်းစေခြင်း
မျက်လုံးမြင်လွှာမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် အမြင်ကို ကောင်းစေပါတယ်။
16. အမျိုးသမီးတွေမှာ ဓမ္မတာ နာကျင်မှုကို သက်သာစေနိုင်ခြင်း
၂၁ ရက်ဆက်တိုက် ဒန့်ဒလွန်ရွက်ဟင်းရည် သောက်ပေးခြင်းက ဓမ္မတာ နာကျင်မှုကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။
17. သားအိမ်အသားလုံး သက်သာစေခြင်း
သားအိမ်အသားလုံးကို လျော့နည်းစေတာကြောင့် ဗိုက်နာခြင်းကို သက်သာစေနိုင်ပါတယ်။
18. ပန်းနာရင်ကျပ်၊ လေပြွန်ရောင်၊ တီဘီရောဂါတွေကို ကာကွယ်ပေးခြင်း
ဒန့်ဒလွန်ဟင်းရည်ကို တစ်နေ့နှစ်ကြိမ် သောက်ပေးခြင်းဖြင့် ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်းတွေကြောင့် အဆုတ်မှာ ပုံလာတဲ့ အဆိပ်အတောက်တွေကို ပြယ်ပျောက်စေပါတယ်။
19. ဦးနှောက်ဒဏ်ရာ သက်သာစေခြင်း
ဒန့်ဒလွန် အသီးနဲ့ အရွက်တွေကို ဦးနှောက်ဒဏ်ရာတွေ၊ ခွဲစိတ်မှုတွေ အပြီးမှာ သောက်ပေးခြင်ဖြင့် အနာကျက် မြန်စေပါတယ်။
20. အစာကြေစေခြင်း
ဒန့်ဒလွန်သီးဟာ ကိုယ်တွင်းအင်္ဂါတွေကို ပုံမှန်အလုပ် လုပ်ဆောင်စေတဲ့အတွက် အစာအိမ်မှာလည်း အစာချေရည်ထွက်မှုကို များစေနိုင်တာကြောင့် အစာကြေလွယ်စေပါတယ်။
21. ဆီးချို ကျစေခြင်း
လေ့လာစမ်းသပ်မှုတွေမှာ သွေးတွင်းအချိုဓာတ် ကျစေကြောင်း တွေ့ရှိရပါတယ်။
22. သည်းခြေအိတ်ကို ကျန်းမာစေခြင်း
သည်းခြေအိတ်ကို ကျန်းမာစေတဲ့အတွက် ဆီးချိုသမားတွေမှာရော၊ ဆီးချို မရှိသူတွေမှာပါ သွေးတွင်းအချိုဓာတ် ထိန်းညှိပေးပါတယ်။
23. ဆီးပူ ဆီးကျဉ် ဆီးအောင့် သက်သာစေခြင်း (ဆီးထဲ အက်ဆစ်များခြင်း)
ဒန့်ဒလွန်ရွက်ကြိတ်ရည်ကို မုန်လာဥနီရည်နဲ့ ရောပြီး တစ်နေ့ ၃၊ ၄ ကြိမ်လောက် သောက်ပေးခြင်း့ဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးပြီး ဆီးထဲက အက်ဆစ်ဓာတ်ကို ကျစေပါတယ်။
Dr. Mya Phoo Nogn (www.drmyanmar.com)





























