/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒါတွေကြောင့်-မနက်အိပ်ရာထထချင်း-ရေသောက်သင့်တယ်

ဒါတွေကြောင့် မနက်အိပ်ရာထထချင်း ရေသောက်သင့်တယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           မနက်စောစောဘာမှမလုပ်ခင်မှာ ရေကိုအရင်ဆုံးသောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကတော့-

1. ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။

          မနက်နိုးနိုးချင်း ရေသောက်ခြင်းက အစားချေစနစ်ကိုပိုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကိုမြန်စေပါတယ်။

2. အသားအရေကောင်းမွန်စေပါတယ်။

          မနက်စောစောရေသောက်ခြင်းက အရေပြားသွေးစီးဆင်းမှုကိုကောင်းစေပြီး အသားအရေကိုတောက်ပစိုပြေစေပါတယ်။

3. ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

          မနက်နိုးနိုးချင်း ရေသောက်ခြင်းဖြင့် လန်းဆန်းစေရုံသာမက ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေနိုင်သောအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် ကျန်းမာစေပါတယ်။

4. ကျောက်ကပ်တွင်ကျောက်တည်ခြင်းနှင့် ဆီးအိမ်ပိုးဝင်ခြင်းများမှ ကာကွယ်နိုင်ပါတယ်။

          မနက်နိုးနိုးချင်း ရေသောက်ခြင်းဖြင့် ကျောက်ကပ်ထဲတွင်ကျောက်တည်စေသောအက်ဆစ်များကို ပြင်းအားနည်းသွားစေခြင်းဖြင့် ကျောက်မတည်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးအိမ်ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

5. ဆံသားအတွက်လည်း ကောင်းပါတယ်။

          ဆံချည်မျှင်တစ်မျှင်ရဲ့အလေးချိန် လေးပုံတစ်ပုံလောက်ကို ရေနဲ့ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းက ဆံသားကျန်းမာရေးအတွက်မကောင်းပါဘူး။ မနက်နိုးနိုးချင်း ရေသောက်ခြင်းဖြင့် ဆံပင်တွေကိုအာဟာရပေးနိုင်ပါတယ်။

6. ရင်ပူခြင်း၊ အစာမကြေခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။

          အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်များခြင်းကြောင့်အစာမကြေဖြစ်ရပြီးတော့ မနက်နိုးနိုးချင်းရေသောက်ခြင်းဖြင့် အစာမကြေခြင်းနဲ့ ရင်ပူခြင်းကိုဖြစ်စေတဲ့ အက်ဆစ်ဓာတ်ကို ချေဖျက်ပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com