ဒူးနာခြင်းအတွက် အိမ်တွင်းကုထုံးများ
ရောဂါအကြောင်းရင်းခံကို သေချာမသိရဘဲ ဒူးနာဝေဒနာကို အမြစ်ပြတ်အောင်ကုသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒူးနာဝေဒနာကို ခံစားရတဲ့အကြောင်းအရင်းကိုရှာဖွေနိုင်ပါက ဒူးနာဝေဒနာကို သက်သာလျော့ပါးအောင် အိမ်တွင်းကုထုံးတွေနဲ့ပြုလုပ်ပေးနိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ ကုသမှုမပြုလုပ်မှီမှာ ဝေဒနာကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းခံကိုသိရအောင်ဆရာဝန်နှင့်ပြသသင့်ပါတယ်။
1. အနားယူပါ
အိမ်မှာပဲ ပြည့်ပြည့်၀၀အနားယူပါ။
2.ရေခဲကပ်ပေးပါ
ရေခဲက နာကျင်ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ရောင်ရမ်းမှုကို မဖြစ်အောင်၊ သက်သာအောင် ကာကွယ်ချင်တယ်ဆိုရင် ဖြစ်တဲ့နေရာကိုရေခဲချက်ချင်းကပ်ပေးပါ။ 10 မိနစ်မှ မိနစ် 20 ခန့်ထားပြီး တနေ့ကိုအနည်းဆုံး 3 ကြိမ်ကပ်ပေးပါ။ ရေနွေးကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ အယ်လ်ကိုဟောပါဝင်သောအရက်သေစာများ သောက်သုံးခြင်း စတာတွေကို ရောင်ရမ်းမှုကိုပိုဖြစ်စေပါတယ်။
3. ပတ်တီးစည်းပေးပါ
ဒဏ်ရာကို အရှင်းပျောက်အောင် ကုသမှုမပေးနိုင်ပေမယ့် ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးစည်းပေးထားခြင်းက ရောင်ရမ်းမှုတွေလျော့ကျသွားအောင် ကူညီပေးနိုင်ပါတယ်။ အရမ်းကြီးတင်းကျပ်အောင်စည်းထားစရာမလိုပါဘူး။
4. ခြေထောက်ကို မြှောက်ထားပေးပါ
လဲလျောင်းနေချိန်တွင် ဖြစ်တဲ့နေရာကို 45 ဒီဂရီလောက် အပေါ်သို့မြှင့်ထားပါ။
4. စိတ်ဖိစီးမှုကိုလျှော့ချပါ
5. ပြင်းထန်တဲ့ လေ့ကျင့််ခန်းတွေကိုရှောင်ပါ
6. ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေပြီး တစ်သျှူးများပြန်လည်ပြုပြင်ချိန်ကို နှောင့်နှေးစေပါတယ်။
Dr.Htet Htet Aung




























