နွားနို့အစား ပဲနို့ ဘာကြောင့်သောက်သင့်သလဲ?
1. ပဲနို့ကပေးတဲ့ အသားဓာတ်က နို့နဲ့ နို့ထွက်ပစ္စည်းတွေက ပေးစွမ်းနိုင်တဲ့ပမာဏ အတူတူပါပဲ။
ပဲနို့ဟာဆိုရင် ယခုအခါမှာ အသုံးများလာကြပြီး ဒီနို့တစ်ခွက်မှာ ပရိုတင်း 10 ဂရမ် ပါဝင်ပါတယ်။ နွားနို့တစ်ခွက်မှာတော့ ပရိုတင်း 8 ဂရမ်ပဲ ပါဝင်ပါတယ်။
2. ပဲနို့မှာ ပါဝင်တဲ့ သကြားဓာတ်ပမာဏက နွားနို့ထက် နည်းပါတယ်။
ပဲမှာက သဘာဝအချိုဓာတ် ရှိတဲ့အတွက် ဈေးကွက်မှာရှိနေတဲ့ ပဲနို့အများစုမှာ သကြားဓာတ်ပါဝင်မှု အလွန်နည်းပါးပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ သကြားဓာတ်ကလည်း Fructose ဓာတ် မဟုတ်ဘဲ Cane Sugar ဖြစ်ပါတယ်။ နွားနို့ထုတ်တဲ့သူတွေက နွားနို့ထဲကနေ အဆီဓာတ်ကို ဖယ်ထုတ်ထားပေမယ့် ဒီနေရာမှာ သကြားတွေကို ထည့်ထုတ်လာကြပါတယ်။ ဒါ့ကြောင့် ပဲနို့နဲ့ နွားနို့ ယှဉ်ကြည့်တဲ့အခါမှာ ပဲနို့မှာ သကြားဓာတ်ပါဝင်မှု နည်းတဲ့အပြင် ကိုလက်စရောလည်း လုံးဝမပါဝင်ပါဘူး။ နွားနို့တစ်ခွက်မှာ ကိုလက်စရော 20 မီလီဂရမ် ပါဝင်ပါတယ်။
3. ပဲနို့ထဲမှာ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ပစ္စည်း လုံးဝ မပါဝင်ပါဘူး။
ပဲနို့ရဲ့ အကြီးမားဆုံး ကောင်းကျိုးတစ်ခုကတော့ အပင်ထွက်ပစ္စည်းကနေ အခြေခံတာ ဖြစ်တဲ့အတွက် အခံွမာသီးနဲ့ Gluten လုံးဝမပါဝင်ပါဘူး။ ဒါကြောင့် အခွံမာသီးကို ဓာတ်မတည့်တဲ့သူတွေအတွက် နို့အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားထိုးစရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ပဲနို့မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ Carrageenan ဆိုတဲ့ ဓာတ်တစ်မျိုးလည်း လုံးဝမပါဝင်ပါဘူး။ ဒါပေမဲ့ နေကြာဆီနဲ့ ဓာတ်မတည့်သူတွေအနေနဲ့ ပဲနို့ မသောက်မီမှာ ဒီထဲမှာ နေကြာဆီ ပါ၊ မပါတော့ သေချာကြည့်ဖို့ လိုပါတယ်။
4. ပဲနို့ ဆိုပေမယ့် ပဲအရသာ မဟုတ်ပါဘူး။
ပဲ အဓိက ပါဝင်တဲ့နို့ ဖြစ်ပေမယ့်လည်း ဒါက ပဲအရသာ လုံးဝမရှိသလို အစိမ်းရောင်ကြီးလည်း မဟုတ်ပါဘူး။
5. ပဲတွေက သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်ပါတယ်။
ပဲတွေက အာဟာရဓာတ် ပြည့်ဝရုံသာမကဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့လည်း သင့်တော်ပါတယ်။ ပဲနို့ ထုတ်လုပ်တဲ့အခါမှာ နွားနို့ထုတ်သလောက် ရေအများကြီးသုံးဖို့ မလိုတဲ့အပြင် မြေကြီးအတွက်လည်း အာဟာရဓာတ် ပြန်ဖြစ်စေပါတယ်။
>> သိမှတ်စရာအချက်များ
ပဲနို့က နွားနို့တွေထက်စာရင် ဈေးပိုကြီးပါတယ်။ အချိုဓာတ်နဲ့ မတည့်တဲ့သူတွေဆိုရင် အချိုဓာတ်မပါတဲ့ ပဲနို့ိကို ရွေးချယ်ဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ပဲနို့က အပင်ကနေ အခြေခံပြီး ရတဲ့အတွက် ပရိုတင်းဓာတ်အတွက် ဆိုရင်တော့ နွားနို့နေရာမှာ လုံးလုံးအစားထိုးလို့ မရသေးပါဘူး။ ဒါပေမဲ့ အသားစားတဲ့သူတွေ အတွက်တော့ ပြဿနာမရှိပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























