နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေတဲ့ အကြောင်းများ
အိပ်ရေး၀၀ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ညလက်တွေမှာ အိပ်ချင်ပေမယ့် အိပ်မပျော်နိုင် ဖြစ်နေပါသလား။ ဒီအချက်တွေကို ပြင်ဆင်ကြည့်ပါ။
တချို့အကျင့်တွေက သင့်ကို ကောင်းကောင်းအိပ်မပျော်အောင် ဟန့်တားလျက်ရှိပါတယ်။
>> ဘယ်လိုအကျင့်တွေက အိပ်မပျော်စေဘူးလဲ?
၁။ အိပ်ရမယ့်အချိန် ပုံမှန် မသတ်မှတ်ထားလို့ပါ။ ပုံမှန်အိပ်၊ ပုံမှန်နိုးမှ ခန္ဓာကိုယ်ရဲ့ဇီ၀စက်များကို တည်ငြိမ်စေမှာ ဖြစ်ပါတယ်။
၂။ မျက်လုံးမမှိတ်မချင်း ဖုန်းမချရင်တော့ ပိုဆိုးပါပြီ။ အိပ်ရာထဲ လှဲတော့မယ်ဆိုတာနဲ့ ဖုန်းကိုပိတ်ပြီး ဘေးမှာချထားလိုက်ပါ။
၃။ နောက်ပြဿနာတစ်ခုကတော့ ဖုန်းက ဘေးမှာရှိနေရင် နိုးလာတိုင်း လှမ်းကိုင်မိ စစ်မိတဲ့အခါ အိပ်ပျော်ဖို့ အဟန့်အတားဖြစ်လို့ အခြားအခန်းသို့ လက်လှမ်းမမီနိုင်တဲ့နေရာကို ဖုန်းကိုပို့ထားပါ။
၄။ အိပ်ခါနီး လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်တွေ လုပ်တဲ့အခါ လူက နိုးကြားနေပြီး အိပ်မပျော်တော့ပါဘူး။
၅။ ညစာတွေ အများကြီးစားရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ်နဲ့ အိပ်မပျော်တော့ပါဘူး။
၆။ ညနေခင်းမှာ ကော်ဖီသောက်ထားရင်လည်း ညအိပ်မပျော်ပါဘူး။
၇။ အိပ်ပျော်ချင်လို့ အရက်ကလေး မော့ပေမယ့်လည်း ခဏပဲ အိပ်ပျော်ပြီး ပြန်နိုးလာပါလိမ့်မယ်။ နောက်တစ်ချက်က အရက်ကလေး အကူအညီယူပြီး အိပ်ပျော်ဖို့ ကြိုးစားထားတဲ့ နောက်မနက်မှာ လန်းဆန်းမှုမရှိဘဲ နိုးထလာမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























