/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးရောဂါဖြစ်နှုန်းကို-လျှော့ချဖို့

နှလုံးရောဂါဖြစ်နှုန်းကို လျှော့ချဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှလုံးသွေးကြောကျဉ်းရောဂါဟာ သေနှုန်းများ၊ ထိခိုက်နှုန်းများတဲ့ ရောဂါတစ်ခု ဖြစ်ဆဲပါပဲ။ အသက်တို့၊ မိသားစုရာဇဝင်တို့လို ပြုပြင်မရတဲ့ အကြောင်းရင်းတွေလည်း ရှိပေမယ့် အသက်ကြီးလာတာနဲ့အမျှ နှလုံးကျန်းမာရေးကောင်းဖို့ ပြုပြင်လု့ိရနိုင်တဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိတယ်နော်။

 

>>    ဖြစ်စေတဲ့အကြောင်းရင်းတွေကို စမ်းစစ်ခြင်း

          အသက် ၄၅ နှစ်ထက် ကြီးလာရင် နှလုံးရောဂါဖြစ်နိုင်ခြေကို ဆရာဝန်နဲ့ ပြသစမ်းစစ်ဖို့ လိုလာပါပြီ။ ပြောပြတဲ့အကြောင်းအချက်တွေပေါ် မူတည်ပြီး နှလုံးသွေးကြောကျဉ်းနဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ဆရာဝန်က တွက်ချက်ပေးပါလိမ့်မယ်။

          ဒီလိုအကြောင်းရင်းတွေကို လျှော့ချဖို့အတွက် -

          ဆေးလိပ်မသောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ ကိုယ်အလေးချိန်ထိန်းတာ စသဖြင့် ကျန်းမာတဲ့နေထိုင်မှုပုံစံ နေထိုင်ခြင်းဖြင့် နှလုံးကို ကာကွယ်ပေးပြီးတော့ အကြာကြီး အသက်ရှည်စေမှာပါ။ နှလုံးရောဂါရှိပြီးသား လူတွေမှာတောင် ဒီလိုပြုပြင်ပြောင်းလဲလိုက်ခြင်းက နှလုံးရောဂါ ထပ်မဖြစ်အောင် တားဆီးပေးနိုင်တယ်။

 

>>    ဘယ်လိုပြောင်းလဲရမလဲဆိုရင် -

၁။     ဆေးလိပ်ဖြတ်ပါ။

          နှလုံးသွေးကြောကျဉ်းစေတဲ့ အကြောင်းရင်းထဲမှာ ဆေးလိပ်သောက်တာက ကြီးမားတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်နေတယ်။ အန္တရာယ်အများဆုံးဖြစ်ပြီး နှလုံးသွေးကြောကျဉ်းဖို့ ၄ ဆလောက် ပိုများစေနိုင်တယ်။

          ဒါကြောင့် ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ် ဖြတ်လိုက်တာဟာ နှလုံးရောဂါ ဖြစ်နှုန်းကျစေဖို့ အကြီးမားဆုံး ခြေလှမ်းတစ်လှမ်းပါပဲ။ ၁၂ လလောက် ဆေးလိပ်ဖြတ်လိုက်ရုံနဲ့တင် ရောဂါဖြစ်နိုင်ခြေ တော်တော်ကျသွားပါတယ်။

          သူများသောက်တဲ့ ဆေးလိပ်ငွေ့ကိုလည်း မရှူရှိုက်မိစေနဲ့နော်။

 

၂။     သွေးပေါင်ထိန်းပါ။

          သွေးတိုးရှိသူတစ်ယောက်ဟာ သွေးပေါင်ချိန် ပုံမှန်တဲ့လူထက် နှလုံးသွေးကြောပိတ်နိုင်ခြေ ပိုများပါတယ်။ အနည်းအကျဉ်းသွေးတိုးရုံနဲ့ ဘာလက္ခဏာမှမရှိလို့ သွေးပေါင် ပုံမှန်ချိန်ပေးဖို့လိုတယ်။

        သွေးတိုးနေပြီဆိုရင် သွေးပေါင်ကျစေဖို့ -

●        ကိုယ်အလေးချိန် လျှော့ချပေးပါ။

●        လေ့ကျင့်ခန်း လုပ်ပေးပါ။

●        ဆား လျှော့စားပါ။

●        အရက် ဖြတ်ပါ။

●        ဆေးလိပ် ဖြတ်ပါ။

          ဒါ့အပြင် သွေးပေါင်ကျဆေးတွေပါ သောက်ဖို့ လိုပါတယ်။

 

၃။     ကိုလက်စထရောထိန်းပါ။

 

၄။     လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

 

၅။     ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ပါ။

 

၆။     ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

          အဝလွန်တာဟာ ကိုလက်စထရောတက်စေ ဆီးချို၊ သွေးတိုး ဖြစ်စေရုံတင်မကဘဲ နှလုံးသွေးကြောကျဉ်းနှုန်းကိုလည်း များစေနိုင်တယ်။ ဒါကြောင့် ကျန်းမာနေသူတစ်ယောက်မှာတောင် အဝလွန်ရုံနဲ့တင် နှလုံးရောဂါ ဖြစ်စေနိုင်တယ်။

          ကိုယ်အလေးချိန်အပြင် ခန္ဓာကိုယ်မှာ အဆီစုပုံကလည်း အရေးပါသေးတယ်။ ခါးနားတစ်ဝိုက် အဆီစုတာဟာ တင်ပါးတွေ၊ ပေါင်တွေမှာ စုတာထက်ကို ပိုအန္တရာယ်များတယ်။

          ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းတာကလည်း နှလုံးသွေးကြောကျဉ်းနှုန်းကို ကျစေနိုင်တယ်။ အဝလွန်နေသူတွေမှာ နဂိုကိုယ်အလေးချိန်ရဲ့ ၅-၁၀%လောက် ကျရုံနဲ့တင် နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရော တက်နိုင်ခြေတွေ အကုန်ကျသွားနိုင်ပါတယ်။

 

၇။     စိတ်ကျန်းမာရေးကလည်း အရေးကြီးတယ်။

          စိတ်ဓာတ်ကျတာ၊ အထီးကျန်တာ၊ ကျောထောက်နောက်ခံ မရှိတာတွေကလည်း နှလုံးသွေးကြောကျဉ်းနှုန်းကို များစေနိုင်တယ်။ ဒီဖြစ်နိုင်ခြေဟာ ဆေးလိပ်၊ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်းတွေလောက်ကို နှလုံးရောဂါ ဖြစ်စေတယ်။ စိတ်ဓာတ်ကျတာကို ဆေးနဲ့ရော တခြားကုထုံးတွေနဲ့ပါ ကုသနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတယ်ထင်ရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။

          ဒါကြောင့် ဒီလိုလူနေမှုပုံစံတွေ ပြောင်းလဲရုံနဲ့ကို နှလုံးရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သိထားသင့်တယ်နော်။ ဆေးလိပ်ဖြတ်ပါ။ စားသောက်ပုံ ပြောင်းလဲပါ။ လှုပ်လှုပ်ရှားရှားနေပါ။ နောက်ကျတယ်ဆိုတာ မရှိဘူးနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)