/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းသီးအစေ့-စားမိရင်-အဆိပ်-ဖြစ်နိုင်ပါသလား

ပန်းသီးအစေ့ စားမိရင် အဆိပ် ဖြစ်နိုင်ပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပန်းသီးအသားနဲ့ အခွံတွေကတော့ ကျန်းမာရေးနဲ့ အရမ်းညီညွတ်ပြီး ဘာအန္တရာယ်မှလည်း မဖြစ်စေနိုင်ပါဘူး။ ဒါဆိုရင် ပန်းသီးအစေ့ကကော အန္တရာယ် ဖြစ်စေနိုင်လား?

         ပန်းသီးအစေ့ကို အစေ့လိုက် မျိုချမိမယ်ဆိုရင်တော့ ဘာမှမဖြစ်နိုင်ပါဘူး။ အစေ့ခွံက အတွင်းကအရာတွေကို အစာချေအင်ဇိုင်းတွေ မချေနိုင်အောင် ကာကွယ်ပေးထားပြီး အစာချေလမ်းကြောင်းတစ်လျှောက် ဘာအန္တရာယ်မှမပေးဘဲ ဖြတ်သွားပါတယ်။

         ပန်းသီးအစေ့ အနည်းငယ်လောက် စားမိတာက ဘာမှမဖြစ်ပေမယ့် အစေ့အများကြီး (100 g) ကျော်လောက်ကို ဝါးစားမိတယ်ဆိုရင် အသက်သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ပန်းသီးအစေ့ ဝါးစားမိရင် အဆိပ်ဖြစ်စေတဲ့ cyanide ဓာတ်တွေ ထွက်လာစေပါတယ်။ ဒါပေမဲ့လည်း အစေ့ 150 ကျော်လောက် ဝါးစားမိတဲ့အထိတော့ အန္တရာယ်မရှိပါဘူး။

         ဒါကြောင့် ပန်းသီးအစေ့ အနည်းငယ် ဝါးစားမိရုံနဲ့ စိုးရိမ်ပူပန်စရာ မလိုပါဘူး။

         ဘာပဲဖြစ်ဖြစ် ကလေးငယ်တွေနဲ့ အိမ်မွေးတိရစၧာန်လေးတွေကို ပန်းသီးကျေွးပါက အစေ့ကို အရင်ဖယ်ထုတ်ထားတာက အကောင်းဆုံးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)