ပရိုတင်းဓာတ် (အသားဓာတ်) နှင့် ဓာတ်မတည့်ခြင်း
ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းဓာတ်တစ်မျိုးမျိုးကို အလွန်အကျွံတုံ့ပြန်ရင် အစားအသောက်နဲ့ဓာတ်မတည့်ခြင်း ဖြစ်စေပါတယ်။
>> အစားအသောက်နဲ့ဓာတ်မတည့်ရင် ဘာဖြစ်မလဲ
- အင်ပြင်ထခြင်း၊ အရေပြားတွင် အကွက်များပေါ်လာခြင်း
- ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းလျောခြင်း
- နှာရည်များကျခြင်း
- နှာချေခြင်း
- ခေါင်းကိုက်ခြင်း
- ရင်ကျပ်ခြင်း
- လေပြွန်များကျဉ်းမြောင်းပြီး အသက်ရှူရခက်ခဲခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းထိုးကျခြင်း၊ မူးေ၀ခြင်းမှစပြီး သတိလစ်မေ့မျောကာ အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်ခြင်း
>> အောက်ပါ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ဓာတ်မတည့်မှုအများစုကို ဖြစ်စေနိုင်ပါတယ်။
1. နွားနို့
2. ဥအမျိုးမျိုး
3. ငါး၊ ပုဇွန်
4. သစ်စေ့အမျိုးမျိုး
5. မြေပဲ
6. ပဲပိစပ်
7. ဂျုံ
Dr. Thinzar Wynn (www.drmyanmar.com)




























