ပိုးသတ်ဆေးသောက်နေရသူတွေမှာ ဝမ်းလျှောတဲ့အခါ
ပိုးသတ်ဆေးသောက်ပြီး တစ်နေ့ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်တွေသွားတာကို ပိုးသတ်ဆေးကြောင့် ဝမ်းလျှောခြင်း (Antibiotic associated diarrhea) လို့ ခေါ်ပါတယ်။ သုံးယောက်မှာတစ်ယောက် ဖြစ်နိုင်ပြီးတော့ အများစုကတော့ အပျော့စားလက္ခဏာတွေပဲရှိပြီး ဆေးရပ်လိုက်တဲ့အခါ သက်သာသွားတာ များပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ ရောဂါလက္ခဏာ ပြင်းထန်တာကြောင့် သောက်လက်စပိုးသတ်ဆေးကို ရပ်လိုက်ရပြီး အသစ်တစ်မျိုး ပြောင်းသောက်ရတာမျိုး ဖြစ်တတ်ပါတယ်။
>> ပိုးသတ်ဆေးကြောင့်ဝမ်းလျှောခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
အများစုကတော့ ဝမ်းအရည်တွေသွားတာ၊ ပုံမှန်ထက် အကြိမ်ရေ ပိုများများသွားတာ အစရှိတဲ့ အပျော့စားလက္ခဏာတွေပဲ ရှိတတ်ပေမယ့် Clostridium difficile ဆိုတဲ့ ပိုးကြောင့်ဆိုရင်တော့ -
● ဝမ်းသွားတာ အရမ်းဆိုးပြီး ရေဓာတ်ခန်းခြောက်ခြင်း
● ဗိုက်ရစ်ရစ်ပြီးနာခြင်း
● ငွေ့ငွေ့လေးဖျားခြင်း
● ပျို့ခြင်း၊ မအီမသာဖြစ်ခြင်း
● ခံတွင်းပျက်ခြင်း
စတဲ့လက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။
Bioflor IA 1

>> ပိုးသတ်ဆေးသောက်တဲ့အခါ ဘာကြောင့် ဝမ်းလျှောရတာလဲ?
ပိုးသတ်ဆေးတိုင်းကတော့ ဝမ်းမလျှောစေပါဘူး။ အဖြစ်များတဲ့ ပိုးသတ်ဆေးတွေကတော့ Macrolides ၊ Cephalosporin ၊ Fluoroquinolones နဲ့ Penicillin အုပ်စုတွေပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ သောက်တဲ့အခါ အူလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေကို ဖျက်ဆီးလိုက်တာကြောင့် မကောင်းတဲ့ဘက်တီးရီးယားတွေ မြန်မြန်ကြီးထွားလာပါတယ်။ အထူးသဖြင့် Clostridium difficile ဘက်တီးရီးယားတွေ များလာရင် သူတို့ကနေထုတ်တဲ့ အဆိပ်တွေက အူနံရံကို ပျက်စီးစေတာကြောင့် ရောဂါလက္ခဏာ ပိုဆိုးရတာပါ။
>> ပိုးသတ်ဆေးကြောင့် ဝမ်းလျှောခြင်းဟာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ?
● အရင်က ပိုးသတ်ဆေးသောက်လို့ ဝမ်းလျှောဖူးသူတွေ
● ပိုးသတ်ဆေးကို အချိန်ကြာကြာ စွဲသောက်ရသူတွေ
● ပိုးသတ်ဆေးတစ်မျိုးထက်ပိုပြီး သောက်နေရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
Bioflor IA 2

>> ဘယ်လိုကာကွယ်လို့ရသလဲ?
● ပိုးသတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်ရှိမှသာ သောက်ပါ။ ဖျားတိုင်း၊ ချောင်းဆိုးတိုင်း မလိုအပ်ဘဲ မသောက်ပါနဲ့။
● လက်ကို ဆပ်ပြာနဲ့ရေ (သို့) လက်သန့်ဆေးရည် အသုံးပြုပြီး သေချာဆေးပါ။ အကယ်၍ မိမိကို အခြားတစ်ယောက်က ပြုစုပေးနေရတယ်ဆိုရင် ပြုစုပေးသူကိုပါ လက်ဆေးခိုင်းပါ။
● အကြောင်းတစ်ခုခုကြောင့် ပိုးသတ်ဆေးသောက်ဖို့ လိုလာခဲ့ပါက အရင်က ပိုးသတ်ဆေးသောက်ပြီး ဝမ်းလျှောဖူးတယ်ဆိုရင် ဆရာဝန်ကို သေချာပြောပြပါ။ လိုအပ်ရင် ဆရာဝန်က နောက်ထပ်ဆေးတစ်မျိုးကို ပြောင်းပေးပါလိမ့်မယ်။
● ပိုးသတ်ဆေးသောက်ဖို့ လိုအပ်လာရင် ပိုးသတ်ဆေးနဲ့အတူ Saccharomyces boulardii CNCM l-745 ဆိုတဲ့ တစေးမှိုပိုးပါဝင်တဲ့ Bioflor လို Probiotics ဖြည့်စွက်စာကို မှီဝဲပေးပါ။ ပိုးသတ်ဆေး စသောက်ပြီးတာနဲ့ စောနိုင်သမျှစောစော Probiotics ကို စသောက်ပေးပြီး ပိုးသတ်ဆေးရပ်ပြီး အနည်းဆုံးသုံးရက်ကနေ အများဆုံးလေးပတ်အထိ ဆက်သောက်ပေးခြင်းဖြင့် ပိုးသတ်ဆေးကြောင့် ဝမ်းလျှောခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ပိုးသတ်ဆေးတွေသောက်ရလို့ ဝမ်းလျှောတာဟာ များသောအားဖြင့် မပြင်းထန်နိုင်ပေမယ့် စိတ်ရှုပ်စရာ ကောင်းလှပါတယ်။ ဒါကြောင့် လိုအပ်မှ ပိုးသတ်ဆေးသောက်ဖို့နဲ့ တကယ်လို့ သောက်ခဲ့ရင်လည်း ဝမ်းမလျှောအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Probiotics သောက်လို့ရတယ်ဆိုတာကို သိရှိအောင် ပြောပြပေးထားတာ ဖြစ်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























