/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပွေး

ပွေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပွေးဆိုတာက ကိုယ်လုံး၊ လက်၊ ခြေထောက်၊ ခြေဖဝါး၊ ပေါင်ခြံနဲ့ ဦးရေပြားတွေမှာ ဖြစ်တတ်တဲ့ အဖြစ်များတဲ့ မှိုစွဲခြင်းတစ်မျိုး ဖြစ်ပါတယ်။

 

>>    အဓိကအချက်များ

1.       ပွေးဆိုတာက မှိုစွဲခြင်းကြောင့်ဖြစ်တဲ့ အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။

2.       ပွေးက လက်၊ ခြေထောက်၊ ပေါင်ခြံ၊ ဦးရေပြား အပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ဖြစ်နိုင်ပါတယ်။

3.       လူတွေကြားမှာ ကူးလွယ်ပါတယ်။

4.       လိမ်းဆေးလိမ်းရင် ပျောက်ကင်းနိုင်ပါတယ်။

 

>>    ပွေးဖြစ်စေသော အကြောင်းအရင်းများ

          ပွေးဆိုတာ မှိုစွဲကပ်ခြင်းဖြစ်ပြီး ပွေးပေါက်နေသူရဲ့ အရေပြား၊ ပစ္စည်းတွေနဲ့ ထိတွေ့ထားတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိရင် လူတစ်ယောက်မှတစ်ယောက် ကူးစက်နိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ခန္ဓာကိုယ်ပေါ်တွင် -

●        လက်စွပ်ပုံစံ အနီကွက်ဖြစ်ခြင်း

●        ယားယံခြင်း

●        နေရထိုင်ရ မသက်သာခြင်း

          ယားယံတဲ့ အစက်ပြားပြားလေးကနေပြီး အနီရောင် အနားသတ်ဖြစ်ကာ စက်ဝိုင်းပုံစံ အနီကွက် ဖြစ်လာပါတယ်။ အကွက်ရဲ့ ဘေးဘက်အနားသတ်က အရည်ကြည်ဖုလေးတွေ ရှိနိုင်ပြီး အလယ်ဘက်ကတော့ ပုံမှန်အသားအရေအတိုင်း ဖြစ်နေနိုင်ပါတယ်။ ယားပါတယ်။

 

          ဦးရေပြားပေါ်မှာဆိုရင် -

●        နာကျင်ပြီး ဝက်ခြံနဲ့တူတဲ့ အဖုငယ်လေး ထွက်လာခြင်း

●        အဖုက ပျံ့နှံ့လာကာ ဦးရေပြားမှာ အကွက်ဖြစ်လာမယ်

●        ဆံပင်ကျွတ်မယ်

          ပွေးက အရွယ်မရောက်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

 

>>    ကုထုံး

          ဆေးဆိုင်ကနေ ဝယ်လို့ရတဲ့ လိမ်းဆေးတွေနဲ့ ပျောက်ကင်းနိုင်ပါတယ်။ အညွှန်းကို သေချာဖတ်ပါ။ အချို့ဆေးတွေက တစ်ကြိမ်ပဲ သုံးဖို့လိုပြီး အချို့ကတော့ ပွေး ပျောက်ကင်းသွားသည်အထိ ထပ်ခါထပ်ခါ လိမ်းပေးဖို့ လိုပါတယ်။

          ကလေးက ဖျားရင် (သို့) ဆေးဆိုင်က ဝယ်တဲ့ဆေးနဲ့ မသက်သာရင် (သို့) ရောဂါပိုး ဝင်ခြင်းက ပြင်းထန်၊ ရောင်ရမ်း၊ ပူနွေး၊ အရည်ကြည်ဖုပေါက်၊ ကွဲထွက်၊ အနံ့နံတဲ့အရည်၊ ပြည်များ ထွက်ရင်၊ 2 ပတ်ထက် ပိုကြာရင်၊ ဦးရေပြားပေါ်မှာ မုတ်ဆိတ်နေရာမှာပေါက်ရင် ဆရာဝန ်သွားပြပါ။

          ဆရာဝန်က လိမ်းဆေး၊ ဂျယ်လ်၊ ဖျန်းဆေး၊ ခေါငး်လျှော်ရည်နဲ့ ပြင်းထန်ပါက သောက်ဆေးတွေပါ ညွှန်ပါလိမ့်မယ်။

 

>>    မိမိကိုယ်ကို ဂရုစိုက်ခြင်း

●        ပွေးကွက်ကို မဖောက်ပါနဲ့။ ဘက်တီးရီးယားပိုး ဝင်လိမ့်မယ်။

●        မိသားစုဝင်အားလုံးနဲ့ အိမ်မွေးတိရစၧာန်တွေမှာ ပွေး ရှိ၊ မရှိ စစ်ဆေးပြီး တွေ့ရှိပါက သေချာကုသပါ။

●        ပွေး ပျောက်သွားသည်အထိ နပန်းလုံးခြင်း၊ ရေကူးခြင်း စသည့် မိမိအရေပြားနှင့် အခြားသူများကို ထိတွေ့စေနိုင်သော အပြုအမူများကို ရှောင်ကြဉ်ပါ။

 

>>    ကာကွယ်ခြင်း

          ပွေးမဖြစ်အောင် ကာကွယ်ဖို့အတွက် -

●        နေ့စဉ် ရေချိုးပါ။

●        ခြေချောင်းကြားနှင့် အရေပြား တွန့်ခေါက်နေသောနေရာများ အပါအဝင် အရေပြားကိုေ ခြာက်သွေ့အောင် ထားပါ။

●        တဘက်၊ အဝတ်အစား၊ ရှူးဖိနပ်၊ ဘီး၊ အိပ်ရာခင်း၊ နားကြပ်များကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။

●        အများသုံး ရေကူးကန်နှင့် အဝတ်လဲခန်းများတွင် ဖိနပ်ပါး စီးထားပါ။

●        အရေပြား အစိုဓာတ်ကို စုပ်ယူနိုင်သော လေဝင်လေထွက် ကောင်းသည့် ချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ပါ။

●        ချေွးမစုပ်နိုင်သော အဝတ်များ မဝတ်ပါနှင့်။

●        ရှူးဖိနပ်ကို နေ့စဉ်လဲပြီး ခြောက်သွေ့အောင် ထားပါ။

●        တဘက်၊ ရေချိုးခန်းပဝါ၊ အားကစားဝတ်စုံ၊ ခြေအိတ်နှင့် အတွင်းခံများကို အပူချိန် 60°C ထက် ပူသောရေပူနှင့် ပုံမှန်လျှော်ဖွပ်ပြီး ကောင်းကောင်း အခြောက်ခံပါ။

●        ဖိနပ်မပါဘဲလျှောက်သော ကြမ်းပြင်ကို ရေပူ၊ ဆပ်ပြာတို့ဖြင့် ပုံမှန်ဆေးကြောပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)