/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်စီဓာတ်နှင့်-ပတ်သက်သမျှ-ကောင်းကျိုးအသွယ်သွယ်

ဗီတာမင်စီဓာတ်နှင့် ပတ်သက်သမျှ ကောင်းကျိုးအသွယ်သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သက်စောင့်ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီ က ဘာကြောင့်အရေးပါနေရလဲ ကြည့်ကြရအောင်။

1.တစ်သျှူးရောင်ရမ်းခြင်း ကျဆင်းစေတယ်။

2.သွေးတိုးနဲ့ လေဖြန်းတာတွေ ကာကွယ်တယ်။

3.သွေးခဲစေတဲ့ဓာတ် ထုတ်လုပ်ပေးတယ်။

4. ကင်ဆာ ကာကွယ်တယ်။

5. ကိုယ်ခံအား တက်စေတယ်။

6. နှလုံးသွေးကြောကျဉ်းတာ ကာကွယ်တယ်။

7. အသားအရေတွေကို တင်းရင်းလှပစေတဲ့ ကော်လဂျင် ထုတ်လုပ်ပေးပါတယ်။

ဆေးလိပ်သောက်သုံးသူတွေ၊ အရက်စွဲနေသူတွေ၊ အူလမ်းကြောင်းမှာ အနာဖြစ်နေသူတွေ၊ ခွဲစိတ်ကုသပြီးကာစ လူမမာတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့်တိုက်မိခင်တွေ အစာအိမ်ရောဂါ ရေရှည်ခံစားနေရသူတွေ၊ ကင်ဆာဝေဒနာရှင်တွေမှာ ဗီတာမင်စီ လိုအပ်ချက် မြင့်မားစွာ ရှိနေပါတယ်နော်။

          တစ်ဖက်က ကြည့််မယ်ဆိုရင်လည်း ဗီတာမင်စီဓာတ်တွေ သိပ်များများစားမိရင် ဝမ်းလျှောမယ်၊ လေပွမယ်၊ ဗိုက်ရစ်မယ်၊ ခေါင်းကိုက်မယ်၊ အစာမကြေဘူး၊ ကျောက်ကပ် ကျောက်တည်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက နေ့စဉ်ရက်ဆက် တစ်နေ့ကို ဗီတာမင်စီ 2,000 mg အထက် စားမိ၊ သောက်သုံးမိရင် ဖြစ်နိုင်ခြေရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။    ပုံမှန်ဆိုရင်တော့ ဗီတာမင်စီဟာ ရေမှာပျော်၀င်တာကြောင့် ကိုယ်ခန္ဓာမှာ ပိုလျှံပြီဆိုရင် ဆီးနဲ့အတူ ခန္ဓာကိုယ်က စွန့်ထုတ်လိုက်ပါတယ်။

          အစားအစာနဲ့ ဗီတာမင်စီ ဖြည့်မယ်ဆိုရင် ဒီအစားအသောက်လေးတွေကို စားသုံးပေးလို့ ရပါတယ်။

1. သဘာ၀လိမေ္မာ်ဖျော်ရည်

2. ကီဝီသီး

3. ဂရိတ်ဖရုဖျော်ရည်

4. ဆီးဖြူသီး

5. သံပရာသီး

6. ဘရိုကိုလီ

7. ငရုတ်သီးစိမ်း

ဒါတွေမှာ ဗီတာမင်စီဓာတ် ပေါကြွယ်စွာ ပါဝင်လျက် ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရင် ခန္ဓာကိုယ်က ဗီတာမင်စီကို သက်စောင့်ဓာတ်၊ အရွယ်နုပျိုစေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုအဖြစ် မဖြစ်မနေ လိုအပ်လျက် ရှိပါတယ်။ ဒီတော့ ဗီတာမင်ကို နေ့စဉ်အစားအစာမှ ရရှိသလို ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုအပ်သော အခြေအနေတိုင်းမှာ  ဖြည့်စွက်ဆေးဝါး သောက်သုံးခြင်းဖြင့် ဖြည့်တင်းကြပါလို့ အကြံပြုလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)