ဗီတာမင် C နဲ့ မျက်စိကျန်းမာရေး
ဗီတာမင် C က သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။
သိပ္ပံနည်းကျတွေ့ရှိချက်တွေအရ ဗီတာမင် C က မျက်စိတိမ်စွဲနိုင်ချေကိုလျော့ကျစေတယ်လို့အကြံပြုထားပါတယ်။ မျက်စိတိမ်စွဲတာကိုအဖြစ်များစေတဲ့အချက်တွေထဲမှာဆိုရင် ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ၊ စတီးရွိုက်ဆေးသုံးစွဲမှုစတဲ့ မျက်လုံးမှန်ဘီလူးမှာဗီတာမင် C ကုန်ဆုံးစေတဲ့ အချက်တွေပါပါတယ်။
ဗီတာမင် C ကို တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့ အတူတွဲသောက်မယ်ဆိုရင်လည်း အသက်အရွယ်အိုမင်းလာလို့ ကြွက်သားတွေပျက်စီးတာတွေနဲ့ အမြင်အာရုံဆုံးရှုံးမှုတွေကိုနှေးကွေးစေပါတယ်။
မျက်စိကျန်းမာရေးအတွက် ဗီတာမင် C ရဲ့ အကျိုးကျေးဇူးတွေ
ဗီတာမင် C က ဆံခြည်မျှင်သွေးကြောလေးတွေ၊ သွားဖုံး၊ သွား၊ အရိုးနုတွေကျန်းမာစေဖို့နဲ့ သံဓာတ်စုပ်ယူမှုကိုအားပေးပါတယ်။ မျက်လုံးသွေးကြောတွေကျန်းမာစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က လိုအပ်သလောက် ဗီတာမင် C တွေကိုမထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင် C ကိုအစားအစာတွေ၊ ဖြည့်စွက်စာတွေနဲ့ ဖျော်ရည်တွေကနေပြီးတော့ ရယူဖို့အရေးကြီးပါတယ်။
ဗီတာမင် C နဲ့ မျက်စိတိမ်စွဲခြင်း
လေ့လာမှုအတော်များများအရ ဗီတာမင် C စားသုံးမှုနဲ့ မျက်စိတိိမ်စွဲနည်းခြင်းအကြားဆက်စပ်မှုရှိတယ်လို့ တွေ့ရပါတယ်။ လေ့လာမှုတစ်ခုမှာ ဗီတာမင် C ကို ၁၀ နှစ်ကြာသောက်တဲ့အမျိုးသမီးတွေမှာ မျက်စိတိမ်စွဲခြင်း 64% လောက်လျော့ကျတာကိုတွေ့ရပါသတဲ့။
တခြားသုတေသနတစ်ခုမှာတော့ တစ်နေ့ကို ဗီတာမင် C 364mg ပါတဲ့ ဆေးပြားနေ့စဉ်သောက်တဲ့အမျိုးသမီးတွေမှာ အချို့သောတိ်မ်စွဲခြင်းတွေကို 57% လျော့ကျစေပါတယ်။
အနည်းဆုံး ဗီတာမင် C 300 mg ပါတဲ့ဆေးကို နေ့စဉ်သောက်သုံးခြင်းဖြင့် တိမ်စွဲခြင်းကိုကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
ဗီတာမင် C နဲ့ အသက်အရွယ်အိုမင်းလာခြင်းကြောင့်ကြွက်သားများပျက်စီးခြင်း
လေ့လာမှုတစ်ခုမှာ ရောဂါဖြစ်နိုင်ချေမြင့်တဲ့လူတွေမှာ တစ်နေ့ကို ဗီတာမင် C 500 mg ကို beta-carotene, ဗီတာမင် E နဲ့ ဇင့်ဆေးပြားတွေနဲ့အတူတွဲသောက်တာက အသက်အရွယ်ကြီးလာလို့ ကြွက်သားပျက်စီးခြင်းကို 25%, အမြင်အာရုံဆုံးရှုံးခြင်းကို 19% နှေးစေတယ်လို့ဆိုပါတယ်။
ဗီတာမင် C ပါဝင်တဲ့အစားအစာတွေ
♦ လိမေ္မာ်ဖျော်ရည် တစ်ခွက် - ဗီတာမင် C 124 mg
♦ ဂရိတ်ဖရုဖျော်ရည် တစ်ခွက် - ဗီတာမင် C 93.9 mg
♦ လိမေ္မာ်သီးအလတ်စားအရွယ်တစ်လုံး - ဗီတာမင် C 69.7 mg
♦ ဟင်းနုနွယ်(ချက်ပြီး)တစ်ခွက် - ဗီတာမင် C 17.6 mg
♦ ခရမ်းချဉ်သီးအစိမ်း အလတ်စားအရွယ်တစ်လုံး - ဗီတာမင် C 15.6 mg
♦ ငှက်ပျောသီးအလတ်စားအရွယ်တစ်လုံး - ဗီတာမင် C 10.3 mg
♦ ပန်းသီးအလတ်စားအရွယ်တစ်လုံး - ဗီတာမင် C 8.4 mg
♦ မက်မွန်သီးအလတ်စားအရွယ်တစ်လုံး - ဗီတာမင် C 9.9 mg
ဗီတာမင် C ကြွယ်ဝသောအစားအစာများ
ဗီတာမင် C က လိမေ္မာ်သီး၊ သံပုရာသီး၊ ဂရိတ်ဖရုနဲ့ သံပုရိုသီးတွေအပါအဝင် လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။
အစားအစာတစ်မျိုးတည်းကနေပြီးတော့ ဗီတာမင် C လုံလောက်စွာမရဘူးလို့ထင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဗီတာမင် C ဆေးပြားတွေသောက်လို့ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
♦ လိမ်မောျသီးအလတျစားအရှယျတဈလုံး - ဗီတာမငျ C 69.7 mg
Dr. Mya Myo Myo Swe (www.drmyanmar.com)















