/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်-d-ချို့တဲ့သော-လက္ခဏာ-၉-ချက်

ဗီတာမင် D ချို့တဲ့သော လက္ခဏာ ၉ ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. စိတ်ကျခြင်း (သို့) စိုးရိမ်ပူပန်စိတ်များခြင်း

          ဗီတာမင် D ချို့တဲ့ခြင်းက စိတ်ကျရောဂါ၊ စိိုးရိမ်စိတ်များခြင်းတို့နဲ့ ဆက်စပ်မှုရှိပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းက ဦးနှောက််နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရဲ့အခြားသောရှုထောင့်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ စိတ်ကျတာတွေ၊ ဆက်စပ်တွေးခေါ်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး ပြသနာတွေရင်ဆိုင်နေရတယ်ဆိုရင် ဗီတာမင် D ချို့တဲ့သော လက္ခဏာဖြစ်နိုင်ပါတယ်။

2. ချေွးထွက်လွန်ခြင်း

          ဗီတာမင် D ချို့တဲ့ခြင်းရဲ့ လူသိနည်းတဲ့လက္ခဏာတစ်ခုကတော့ ချေွးထွက််များခြင်းဖြစ်ပါတယ်။

          မွေးကင်းစကလေးတွေမှာ ချေွးအလွန်အကျွံထွက်ခြင်းက ဗီတာမင် D ချို့တဲ့ခြင်းရဲ့ အဖြစ်များတဲ့ အစောပိုင်း လက္ခဏာတစ်ရပ်ြဖ်စ်ပါတယ်။ မိမိမှာ ပုံမှန်ထက် ချေွးအလွန်အကျွံပိုထွက်နေတယ်ဆိုရင် စစ်ဆေးကြည့်ပါ။

3. အရိုးများ ကိုက်ခြင်း၊ အားနည်းခြင်း၊ ကျိုးလွယ်ခြင်း

          အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ် ၂ မျိုးကတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တို့ဖြစ်ကြပါတယ်။

          အမြဲလိုလို အရိုးတွေကိုက်နေတယ်၊ အရိုးကျိုးတယ်ဆိုရင် ဗီတာမင် D ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ ဂျာမန် သုတေသီတွေက ဗီတာမင် D ချို့တဲ့ခြင်းက အရိုးကျိုးခြင်းအစပြုမှုနဲ့ ပြန့်နှံ့မှုကို ၃၁% လောက်ထိမြင့်တက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

          ဗီတာမင် D ချို့တဲ့ခြင်းကို ပြုပြင်ခြင်းအားဖြင့် အရိုးကို နည်းလမ်း ၂ မျိုးနဲ့အထောက်အကူဖြစ်စေပါတယ်။ ပထမအချက်ကတော့ အရိုးတွေပိုပြီး သန်မာလာပါလိမ့်မယ်။ ဒုတိယအနေနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေကို ပိုကောင်းစေခြင်းအားဖြင့် ဟန်ချက်ညီစေပြီး ချော်လဲခြင်းမှ လျော့ကျစေကာ နောက်ထပ်အရိုးကျိုးခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနို်င်ပါတယ်။

4. အစာအိမ်မှအက်ဆစ်များပြန်ကန်တက်ခြင်း၊ ဗိုက်ကယ်ခြင်းနှင့် အခြားအူပြသနာများ

          အူထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားပိုးတွေနဲ့ ဗီတာမင် D ရဲ့ဆက်စပ်မှုကိုအတိအကျသက်သေမပြနိုင်ပေမယ့်လည်း ဗီတာမင် D က ကျန်းမာတဲ့အူကို ထိန်းသိမ်းရာမှာအရေးပါတယ်ဆိုတာကတော့ အသေအချာပါပဲ။

          ဗီတာမင် D က အစာအိမ်နဲ့အူလမ်းကြောင်းတစ်ခုလုံးနဲ့ဆိုင်ပါတယ်။ အူထဲကအကျိုးပြုဘက်တီးရီးယားပိုးတွေ ဆုံးရှုံးခြငး်ကြောင့် အက်ဆစ်များပြန်ကန်တက်ခြင်း၊ အစာချေမှုအားနည်းခြင်း၊ ဗီုက်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဒီပိုးတွေအသက်ရှင်ဖို့အတွက် ဗီတာမင် D လိုအပ်တာဖြစ်နို်င်ပါတယ်။

5. အိပ်ပျော်ဖို့ ခက်ခဲခြင်း

          အိပ်ပျော်စေဖို့အတွက် အိပ်ခန်းထဲမှာ အပင်များထားခြင်း၊ အိပ်စက်ခြင်းကိုအားပေးတဲ့သဘာဝနည်းလမ်းတွေသုံးသော်လည်း အိပ်မပျော်ဘူးဆိုရင် နေ့ဘက်မှာ နေရောင်ခြည်ကနေပြီး ဗီတာမင် D လုံလောက်စွာမရလို့ဖြစ်နိုင်ပါတယ်။

          ဗီတာမင် D ချို့တဲ့ခြင်းက အိပ်စက်မှုပုံစံတွေကို အနှောက်အယှက်ဖြစ်စေပြီး အိပ်မပျော်ခြင်း၊ အိပ်နေရာမှနို်းလာခြင်း၊ နှစ်ခြိုက်စွာအိပ်မပျော်ခြင်း၊ ရုတ်တရက်အကြောင်းမရှိနိုးလာခြင်းနဲ့ အိပ်နေစဉ်မှာ မသင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်ခြင်း စတဲ့အိပ်စက်ခြင်းဆိုင်ရာပြသနာတွေကိုဖြစ်စေပါတယ်။

4. လိင်တံမထောင်မတ်နိုင်ခြင်း

         လိင်တံမထောင်မတ်နိုင်ခြင်းက အမျိုးသားတွေမှာအဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြသနာတစ်ခုဖြစ်ပါတယ်။ ဒါက တခြားပြသနာတွေကြောင့်လည်းဖြစ်နိုင်ပေမယ့် ဗီတာမင် D ချို့တဲ့ခြင်းကိုလည်း မေ့ထားလို့မရပါဘူး။

5. သိုင်းရွိုက်ပြသနာများ

သိုင်းရွိုက်လုပ်ဆောင်ချက်နည်းရင်လည်း ဗီတာမင် D ချို့တဲ့စေနိုင်ပါတယ်။

6. ရောဂါပိုးမကြာခဏဝင်ခြင်း

         ဗီတာမင် D က ကိုယ်ခံအားစနစ်ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် မရှိမဖြစ်အရေးကြီးတဲ့အတွက် ရောဂါပိုးမကြာခဏဝင်ခြင်းက ကိုယ်ခံအားစနစ်အားနည်းခြင်းကြောင့်ဖြစ်ပြီး ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာဆိုတာ အံအားသင့်စရာမရှိပါဘူး။

         ဂျပန်က ကျောင်းနေအရွယ်ကလေးတွေကိုလေ့လာမှုတစ်ခုအရ ဗီတာမင် D ဆေးပြားနေ့စဉ်သောက်တဲ့သူတွေက ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်တယ်လို့တွေ့ရပါတယ်။

ဗီတာမင် D က ကိုယ်ခံအားကို ၅ ဆတက်စေပြီး ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်နိုင်စွမ်းကို မြင့်မားစေပါတယ်။

7. သွေးအားနည်းခြင်း

          လေ့လာမှုတွေအရ ဗီတာမင် D နည်းပါးခြင်းက သွေးအားနည်းရောဂါဖြစ်နိုင်ချေပိုများစေသလို သွေးအားနည်းရောဂါရှိသူတွေမှာ ဗီတာမင် D ပမာဏ နည်းပါးတာကိုတွေ့ရှိရပါတယ်။