/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာကြောင့်-သမ်းရတာလဲ

ဘာကြောင့် သမ်းရတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗိုက်ထဲမှာရှိတဲ့ မမွေးသေးတဲ့ကလေးလေးကစပြီး အဘိုးကြီးအဘွားကြီးတွေအဆုံး လူတိုင်းလူတိုင်းသမ်းကြပါတယ်။ ဘာကြောင့်သမ်းရတယ်ဆိုတဲ့အကြောင်းအရင်းကို သေချာမသိပေမယ့် ဒါနဲ့ပတ်သက်တဲ့အယူအဆတွေတော့ အများကြီးရှိပါတယ်။

          ပထမအချက်ကတော့ ကျွနု်ပ်တို့ပျင်းရိလာချိန် (သို့) ပင်ပန်းလာချိန်မှာ ခါတိုင်းပုံမှန်အသက်ရှူ  သလောက် ပြင်းပြင်းရှိုက်ပြီးမရှုတော့ပါဘူး။ ဒီအခါမှာ အသက်ရှူနှေးသွားတဲ့အတွက် အောက်ဆီဂျင် ဝင်တာနည်းသွားခြင်းကြောင့် သမ်းဝေလိုက်ခြင်းဖြင့် သွေးထဲကို အောက်ဆီဂျင်များများဝင်ရောက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို ပိုပြီးစွန့်ထုတ်လိုက်ပါတယ်။ ဒါကြောင့်သမ်းခြင်းဆိုတာ အသိစိတ်နဲ့မထိန်းချုပ်နိုင်ဘဲ ခန္ဓာကိုယ်အတွင်းအောက်ဆီဂျင်နဲ့ ကာဗိုဒိုင်အောက်ဆိုဒ်ပမာဏကို ထိန်းညှိဖို့အတွက် သူအလိုလိုတုန့်ပြန်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

          နောက်ထပ်အယူအဆတစ်ခုကတော့ သမ်းခြင်းက အဆုတ်နဲ့အဆုတ်တစ်သျှူးတွေကို ဆွဲဆန့်ပေးပါတယ်။ သမ်းဝေခြင်းကြောင့် ကြွက်သားနဲ့အဆစ်များလှုပ်ရှားခြင်း၊ နှလုံးခုန်မြန်စေခြင်းဖြစ်စေပြီး ပိုပြီးနိုးကြားတက်ကြွစေနိုင်ပါတယ်။

          အချို့ကတော့ သမ်းခြင်းက အဆုတ်ပိပြားမသွားစေရန်ထိန်းပေးတဲ့ ချောဆီတစ်မျိုးဖြစ်တဲ့ Surfactant ဆိုတဲ့ အဆုတ်တွင်းရှိအဆီတစ်မျိုးကို ပြန်ပြီးဖြန့်ဝေပေးတဲ့ ကောင်းတဲ့တုန့်ပြန်မှုတစ်ခုလို့ဆိုကြပါတယ်။

          နောက်ထပ်လူတိုင်းသိပြီးသားဖြစ်တဲ့ အယူအဆတစ်မျိုးကတော့ သမ်းခြင်းက ကူးစက်တတ်ပါတယ်။ စာသင်ခန်းထဲမှာ တစ်ယောက်ယောက်သမ်းလိုက်ရင် အခြားလူအတော်များများလည်းလိုက်ပြီး သမ်းတတ်ကြပါတယ်။ သမ်းတာကို တွေးလိုက်ရုံနဲ့ ကျွနု်ပ်တို့ကိုသမ်းစေပါတယ်။

          ဒီစာကိုဖတ်နေရင်း သင်ကောဘယ်နှစ်ခါသမ်းပြီးသွားပြီလဲ? အများကြီးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com