/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်ခင်းမှာ-လန်းလန်းဆန်းဆန်း-နိုးထနိုင်ဖို့

မနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။       နာရီ နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်ခြင်းက ပိုပြီးအိပ်ချင်မူးတူး ဖြစ်စေကာ မလန်းမဆန်း ဖြစ်စေနိုင်ပါတယ်။

၂။ မနက်ခင်း နေရောင်ခြည်ဝင်စေရန် ခန်းဆီးလိုက်ကာတွေကို ဖွင့်လိုက်ခြင်းက ပိုပြီးနိုးနိုးကြွကြွ ဖြစ်စေနိုင်ပါတယ်။

၃။       ဒီနေ့ ဘာတွေပြီးအောင် လုပ်မယ်ဆိုတာ မိမိကိုယ်ကို ပြန်ပြောပါ။

၄။       မနက်စာ ကောင်းကောင်းစားခြင်းက စိတ်ခံစားမှု၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။

၅။       မနက်ခင်း စောစောစီးစီး လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် နှလုံးခုန် မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)