/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိသားစုတွင်း-အနိုင်ကျင့်ခံရခြင်းဆိုတာ-ဘာကိုပြောတာလဲ

မိသားစုတွင်း အနိုင်ကျင့်ခံရခြင်းဆိုတာ ဘာကိုပြောတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       စဉ်းတော့ စဉ်းစားစရာပါပဲ။ မိမိမွေးဖွားလာတဲ့ မိမိကိုပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ပတ်ဝန်းကျင်မှာ အနိုင်ကျင့်ခံရတာ အနိုင်ယူခံရတာတွေ ကြုံရတယ်ဆိုတာ ဘယ်လိုတွေကိုခေါ်တာလဲ။ ခင်ပွန်းနဲ့ ဇနီးကြား/သားသမီးနဲ့မိဘကြား/ညီအကိုမောင်နှမတွေအကြား ဘယ်လိုတွေ ဖြစ်ပေါ်ခံစားနေရတတ်သလဲ?

 

>>    စကားအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း

          အော်ဟစ်ပြောဆိုခြင်း တခြားလူတွေရှေ့ (သို့မဟုတ်) မိသားစုဝင်အချင်းချင်းကြား နှိမ်ချဆက်ဆံခြင်း

          မိသားစုဝင်ကို စိတ်မသက်မသာဖြစ်အောင် စိတ်အားငယ်အောင် ပြောဆိုဖိနှိပ်ခြင်း

 

>>    ကိုယ်အားဖြင့် ထိခိုက်နစ်နာစေခြင်း

1.       လက်သီးဖြင့် ထိုးခြင်း

2.       ရိုက်နှက်ခြင်း

3.       ကိုက်ခြင်း

4.       တွန်းထိုးခြင်း

 

>>    လိင်ပိုင်းဆိုင်ရာစော်ကားခြင်း

          ကိုယ်ကို မထိတထိ စော်ကားထိခိုက်ခြင်းတွေ ပါဝင်ပါတယ်။

 

        နောက်ပြီး မယုံသင်္ကာနဲ့ ထောက်လှမ်းခြင်း သူတို့ပေါင်းသင်းဆက်ဆံနေတဲ့ အသိုင်းအဝိုင်းကို သူငယ်ချင်းတွေကို လိုက်လံစုံစမ်းခြင်း၊ တယ်လီဖုန်း စစ်ဆေးခြင်း၊ တစ်ချိန်လုံး ဖုန်းဆက်ပြီး စစ်ဆေးမေးမြန်းတာတွေ သူတို့်နဲ့ ဆက်စပ်နေတဲ့သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ငွေ မကိုင်ခိုင်းတာ၊ ဖုန်းပြောတာ၊ စကားပြောတာ ပိတ်ပင်တာ၊ မိမိကိုးကွယ် ယုံကြည်တဲ့ဘာသာတရားကို မယုံကြည်ဖို့ တွန်းအားပေးတာ၊ အသုံးအဆောင်တွေကို ဖျက်ဆီးနှောင့်ယှက်တာ၊ တစ်စုံတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့မြတ်နိုးတဲ့ တိရစာၦန်တွေကို နှိပ်စက်တာ ဖြစ်နေတတ်ပါတယ်။

 

          မိသားစုတွင်း နှိပ်စက်ညှင်းပန်းမှု ခံစားရတဲ့ လက္ခဏာတွေကတော့ -

●        ခန္ဓာကိုယ်ပေါ်မှာ ကုတ်ရာခြစ်ရာတွေ

●        မိမိရဲ့ခင်ပွန်း၊ တခြားမိသားစုဝင်တစ်ယောက်ကို အကြောင်းမဲ့ ကြောက်နေတာ

●        ထိန်းချုပ်လွန်တဲ့အကြောင်း ပြောပြတာ

●        ယခင်လို လူထဲ သိပ်မထွက်တော့တာ

●        ပြောင်းလဲလာတာ

●        စိတ်မတည်မငြိမ်ဖြစ်တာ

●        မကြာခဏ စိတ်ဓာတ်ကျနေတာတွေ တွေ့ရှိရတာ။

 

          ဒီလိုလက္ခဏာတွေရှိနေတဲ့သူ တစ်ယောက်ကို ဆရာဝန်၊ ဆရာမတစ်ယောက်ဆီ အသိအကျွမ်း၊ လူကြီးသူမ တစ်ယောက်ယောက်ဆီ ခေါ်သွားပြီး ရင်ဖွင့်ပြောပြပါစေ။ မိသားစုတွင်းမှာ အမှန်တကယ် အဆင်မပြေမှုတွေ ရှိနေတဲ့ အမြဲစိတ်မချမ်းမသာ ဖြစ်နေရတဲ့ လူတစ်ယောက်ကို မိမိပတ်ဝန်းကျင်မှာ တွေ့ကြုံတဲ့အခါ ဘယ်လိုမျိုး သိရှိနိုင်တယ်၊ ကူညီဖေးမကြဖို့ သတိပေး အသိမျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)