/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိုးတွင်းမှာ-ဒုက္ခပေးတဲ့-မှိုရောဂါအကြောင်း

မိုးတွင်းမှာ ဒုက္ခပေးတဲ့ မှိုရောဂါအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        မှိုဆိုတာ အိမ်တွင်းမှာကော အပြင်မှာပါ ရှိနေနိုင်ပြီး ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်။

●        ရေချိုးခန်းစင်တွေ၊ ဘေစင်တွေက မှိုပေါက်ဖွားမှု ဖြစ်နိုင်ဆုံးသော စိုစွတ်နေတဲ့နေရာတွေ ဖြစ်ပေမယ့်လည်း အိမ်ထဲမှာရှိတဲ့ စိုစွတ်တဲ့ ဘယ်နေရာမှာမဆို မှိုတွေ ရှိနေနိုင်ပါတယ်။

●        မှိုစွဲကပ်ခြင်းနဲ့ ပတ်သက်ပြီး အဖြစ်များဆုံး ကျန်းမာရေး အန္တရာယ်ကတော့ ဓာတ်မတည့်ခြင်းပဲ ဖြစ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့ -

          *        အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း

          *        အဖုအပိန့်များ ထွက်ခြင်း

          *        မျက်ရည်ကျခြင်း

          *        နှာရည်ယိုခြင်း

          *        မျက်လုံးယားခြင်း

          *        ချောင်းဆိုးခြင်း

          *        မျက်လုံးနီခြင်း

●        အိမ်တွင်းနေတဲ့ နေရာတွေမှာ မှိုတွေ မရှိစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ အစိုဓာတ်ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။

 

>>    အိမ်တွင်းက ဓာတ်မတည့်စေတဲ့အရာတွေကို ဓာတ်မတည့်ခြင်း ဖြစ်ပါက ဘယ်လိုကုသရမလဲ?

          ဓာတ်မတည့်တဲ့ လက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ်နဲ့မတည့်တဲ့အရာတွေကို ရှောင်တာက အကျိုးသက်ရောက်မှု အရှိဆုံးနည်းပါပဲ။ ဒီလိုရှောင်ရှားဖို့ မဖြစ်နိုင်ဘူး (သို့) လုံးဝရှောင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် Antihistamine က အသုံးများဆုံး ဆေးဝါးတစ်ခု ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)