/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မှန်ကန်တဲ့-ကိ်ုယ်နေဟန်ထားအတွက်-အကောင်းဆုံး-အကြံပြုချက်များ

မှန်ကန်တဲ့ ကိ်ုယ်နေဟန်ထားအတွက် အကောင်းဆုံး အကြံပြုချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        လက်ပြင်ကုန်း နေတတ်ရင် မိမိရဲ့ကျောရိုးကို ထောက်ပံ့ထားတဲ့ အရိုးကြွက်သားနဲ့ အဆစ်တွေကို သူ့နေရာနဲ့သူရှိဖို့ အထောက်အကူမပေးနိုင်ပါ။ လက်ပြင်ကုန်းလွန်းရင် အဆုတ်နဲ့ရင်ခေါင်းကို အလုပ်ကောင်းကောင်း မလုပ်နိုင်စေတဲ့အပြင် လေရှူအား ကျစေပြီး အူလမ်းကြောင်း အလုပ်လုပ်ပုံ နှေးကွေးစေတတ်ပါတယ်။

●        မတ်မတ်ဆန့်ဆန့် နေကြည့်တာက အလွန်စတိုင်ကျတဲ့အပြင် ကျန်းမာရေးအတွက် အလွန်သင့်တော်ပါတယ်။ ခေါင်းကိုမော့ မေးစေ့ကိုမတ် ပခုံးကိုဆန့်ကာ ဒူးနှစ်ဖက်ကို မတ်ထား ဆန့်တန်းပြီးနေပါ။ ခေါင်းငုံ့လည်း မလျှောက်ပါနဲ့။ စတိုင်မကျပါဘူး။

●        စာကြည့်စားပွဲ၊ ကွန်ပျူတာစားပွဲမှာ ထိုင်တဲ့အခါ နောက်ကိုမှီချလိုက်ပြီး အပျင်းဆန့်မိတဲ့အချိန်တွေ ရှိမှာပါ။ ဒါပေမဲ့ အမြဲလိုလိုနောက်ကိုမှီပြီး ကွန်ပျုတာကြည့်လို့တော့ မဖြစ်ပါဘူး။ ခါးကိုမတ်ပြီး အလုပ်လုပ်တာက ကိုယ်နေဟန်ထားထိန်းဖို့လည်း အလုပ်ဖြစ်ပါတယ်။ ဒူးတွေကို ထောင့်မှန်ထားပြီး ခြေထောက်ဟာ အောက်ကြမ်းပြင်ပေါ်မှာ အပြည့်တင်ထားပါ။

●        တစ်နေကုန် ဖုန်းကြည့်ရင်တော့ လည်ပင်းရိုးနဲ့ ဂုတ်ကျောတွေကို ဒဏ်ပိစေပါတယ်။ ဖုန်းကို ရွှေ့ပြီး မျက်လုံးကို ရွေ့လျားပါ။ ခေါင်းကို တောက်လျှောက် ငုံ့မထားပါနဲ့။

●        ကားအကြာကြီး မောင်းတဲ့အခါ ထိုင်ခုံကို စတီယာရင်မှာ သက်သောင့်သက်သာ ကိုင်လို့ရတဲ့ အခြေအနေအထိ ရှေ့တိုးထားပါ။ ဒူးအနည်းငယ် ကွေးထားပါ။ နောက်ကျောမှာ မှီအုံးလေးနဲ့ ခံထားပါ။

●        ဒေါက်ဖိနပ် သိပ်မကြိုက်ပါနဲ့။ လိုအပ်တာထက်ပိုပြီး ဒေါက်ဖိနပ် မကြာခဏ စီးလွန်းတဲ့အခါ ကျောရိုးနဲ့ အာရုံကြောတွေကို ဝန်ပိစေပါတယ်။ ပါးပါးလှပ်လှပ် အမြဲစီးတာကလည်း လှပတဲ့ကိုယ်နေဟန်ထားကို ထောက်ပံ့ပေးပါတယ်။

●        မိမိအတွက် အရည်အသွေးမြင့်မားပြီး တောင့်တင်းတဲ့မွေ့ရာကို ရွေးချယ်ဝယ်ပါ။ မွေ့ရာတွေ သိပ်ပျော့လွန်းရင် အဆင်မပြေပါဘူး။

●        ထိုက်ချိလို လေ့ကျင့်ခန်းတွေဟာ ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေပါတယ်။

●        မိမိကိုယ်ကို လက်ပြင်ကိုင်းနေမယ် ထင်ခဲ့ရင် နံရံကိုမှီရပ်ကြည့်ပါ။ ပခုံးကနေစပြီးကျောပြင်ဟာ နံရံကို ကပ်နေရပါမယ်။ ခြေထောက်တွေကို အနည်းငယ် ကားရပ်ပါ။ မိမိကျောပြင်နဲ့ ပခုံးဟာ လုံလောက်စွာ ကပ်မနေဘူးဆိုရင် အနေအထားမမှန်တာကို ပြသပြီး ပြုပြင်ဖို့လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)