ရိုးရိုးလား၊ ဘိုထိုင်လား
ရိုးရိုးအိမ်သာနှင့် ဘိုထိုင်အိမ်သာ ဘယ်အိမ်သာအမျိုးအစားကလူတွေနဲ့ ပိုသင့်တော်ပြီး ကျန်းမာရေးနဲ့ပိုညီညွတ်တယ် ဆိုတာနဲ့အငြင်းပွားဖွယ်ဖြစ်နေတာကြာပါပြီ်။
ရိုးရိုးအိမ်သာကို ထောက်ခံသူတွေကတော့ ဆောင့်ကြောင့်ထိုင်ပြီးအလေးစွန့်ရတဲ့ ရိုးရိုးအိမ်သာက အညစ်အကြေးကို စွန့်ထုတ်ရာမှာ အလေးသွားရာလမ်းကြောင်းကို ပိုမိုရှင်းလင်းစေပြီး ဖြောင့်တန်းစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ဘိုထိုင်အိမ်သာကို ပိုနှစ်သက်တာကိုတွေ့ရပါတယ်။
ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် အိမ်သာအမျိုးအစားက ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပါသလဲ။
Western Sydney University မှ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပညာရှင် Vineent Ho က ရိုးရိုးအိမ်သာနှင့်ပတ်သက်၍ ကျန်းမာရေးကောင်းကျိုးတွေကို ရှင်းပြထားပါတယ်။
ရေဆွဲအိမ်သာကို 16 ရာစုနောက်ပိုင်းမှာ Sir John Harington က ပထမဦးဆုံးတီထွင်ခဲ့တာဖြစ်ပြီး 19 ရာစုနှောင်းပိုင်းကျမှ ဘိုထိုင်အိမ်သာတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာဖြစ်ပါတယ်။
အညစ်အကြေးစွန့်ခြင်းဖြစ်စဉ်ဟာ ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
အစာအိမ်ဟောင်းထဲတွင် မစင်များဖြင့်ပြည့်နှက်လာခြင်းက အစာအိမ်ဟောင်းတလျှောက်ရှိကြွက်သားတွေကို ပြေလျော့စေပါတယ်။ အစာအိမ်ဟောင်းပတ်ပတ်လည်တွင် သိုင်းထားသော puborectalis ကြွက်သားက အစာအိမ်ဟောင်းကို ရှေ့သို့တွန်းထုတ်လိုက်တာကြောင့် Anorectal Angle လို့ခေါ်တဲ့ ဒေါင့်ချိုးတခုပေါ်လာပါတယ်။ ရိုးရိုးအိမ်သာတွင် ဆောင့်ကြောင့်ထိုင်ပြီး အလေးသွားခြင်းက စွန့်ချိ်န်တွင် puborectalis ကြွက်သားဖြေလျော့စေပြီး Anorectal Angle ကို ကျယ်လာစေတာကြောင့် မစင်စွန်းရာလမ်းကြောင်းကို ပိုမိုရှင်းလင်းဖြောင့်တန်းစေတာကြောင့် မစင်စွန့်ရပိုမိုလွယ်ကူစေပါတယ်။
ရိုးရိုးအိမ်သာနှင့် ဘိုထိုင်အိမ်သာရဲ့ ကွာခြားချက်ကို သိရှိနိုင်စေရန် လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အစ္စရေးလူမျိုးသုတေသီတစ်ယောက်ဖြစ်တဲ့ Dov Sikiror က ကျန်းမာရေးကောင်းမွန်သူ 28 ယောက်ရဲ့ မစင်စွန့်ခြင်းနှင့်ပတ်သက်ပြီး မစင်စွန့်ရန်ကြာမြင့်ချိန်၊ စိုက်ထုတ်ရတဲ့ ခွန်အားပမာဏတို့ကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
လေ့လာမှုမှာပါဝင်ခဲ့သူတွေကို ရိုးရိုးအိမ်သာနှင့် 42 ဆင်တီမီတာ၊ 32 ဆင်တီမီတာအမြင့်ရှိ အိမ်သာတို့မှာ အလေးသွားစေပြီး ခြောက်ကြိမ်ဆက်တိုက်မှတ်တမ်းယူခဲ့ရာ ရိုးရိုးအိမ်သာတွင် မစင်စွန့်ရန်အတွက်ပျမ်းမျှကြာမြင့်ချိန်က 51 စက္ကန့်၊ 32 စင်တီမီတာမြင့်တဲ့ အိမ်သာတွင် အလေးစွန့်ချိန်က 114 စက္ကန့်၊ 42 စင်တီမှတာရှိသော အိမ်သာတွင် အလေးစွန့်ချိန်က 130 စက္ကန့် အသီးသီးကြာမြင့်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ရိုးရိုးအိမ်သာ၌ ဆောင့်ကြောင့်ထိုင်ရန် အလေးစွန့်ခြင်းက အလေးစွန့်ရန်ပိုမိုလွယ်ကူတာကိုတွေ့ရပါတယ်။
ဂျပန်သုတေသီပြုလုပ်တဲ့ လေ့လာမှုမှာလည်း ဆောင့်ကြောင့်ထိုင်၍ မစင်စွန့်ချိန်မှာ ညှစ်အားသိပ်မလိုတာကို တွေ့ရပါတယ်။ ညှစ်အားသိပ်မလိုတာကြောင့် စအိုကွဲနာဖြစ်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။
ရိုးရိုးအိမ်သာကိုအသုံးပြုခြင်းက နာတာရှည်ဝမ်းချုပ်ခြင်းအတွက် ကောင်းမွန်တယ်ဆိုပေမယ့် ဝမ်းမှန်မှန်သွားခြင်းက စားသုံးတဲ့အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှု၊ သောက်သုံးတဲ့ရေပမာဏ၊ ဆေးဝါး စတဲ့အချက်ပေါ်မှာမူတည်နေပါတယ်။
အချို့သောလူတွေမှာ အကြောင်းရင်းတစုံတရာမရှိဘဲ မစင်စွန့်ရာမှာ ကြာမြင့်လေ့ရှိပါတယ်။ အဲလိုလူမျိုးတွေအတွက် ရိုးရိုးအိမ်သာက မသင့်တော်ပါဘူး။
ဒါ့အပြင် ဆောင့်ကြောင့်ထိုင်၍ အလေးစွန့်ခြင်းက သွေးပေါင်ချိန်ကိုမြင့်တက်စေတယ်လို့သိရပါတယ်။ သို့ပေမယ့် ဆောင့်ကြောင့်ထိုင်၍ အလေးစွန့်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းနှင့် လေဖြတ်နှုန်းမြင့်မားလာနိုင်တယ်ဆိုတဲ့အချက်ကတော့ အငြင်းပွားစရာဖြစ်နေတုန်းပါပဲ။
Dr.Htet Htet Aung





























