/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေခဲမုန့်-အရည်ပျော်သွားလျှင်-ရေခဲသေတ္တာထဲမထည့်သင့်

ရေခဲမုန့် အရည်ပျော်သွားလျှင် ရေခဲသေတ္တာထဲမထည့်သင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ရေခဲမုန့်အရည်ပျော်သွားပါက ပြန်လည်ခဲစေရန် ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်ပါ။ အရည်ပျော်သွားတဲ့ ရေခဲမုန့်တစ်ခွက်ဟာ ပိုးတွေပေါက်ပွားနိုင်တဲ့နေရာကောင်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ရေခဲမုန့်မှာပါတဲ့ နို့နဲ့သကြားဟာ ပိုးတွေအလွန်နှစ်ခြိုက်တဲ့အစာဖြစ်တာကြောင့်ပါ။ ဒါကြောင့် အရည်ပျော်ပြီးသားရေခဲမုန့်ကိုအေးခဲစေရန် ရေခဲသေတ္တာထဲထည့်ထားပါက ပိုးပေါင်းများစွာ ၀င်ရောက်နေနိုင်ပြီး စားသုံးပါက အစာအဆိပ်သင့်စေနိုင်ပါတယ်။ ရေခဲမုန့်ကို ချက်ချင်းမစားဖြစ် ရင်တောင် ရေခဲမုန့်သား နူးညံ့နေသေးရင် ရေခဲသေတ္တာထဲသိမ်းဆည်းထားလို့ရပါတယ်။ ဒါပေမယ့် လုံး၀အရည်ပျော်သွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ပြန်လည်အေးခဲအောင်လုပ်ပြီးမှ စားသုံးမယ်ဆိုတာမျိုးမလုပ်သင့်ပါဘူး။

 

CMS

www.drmyanmar.com